လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Saturday, June 30, 2007

အောင်စာရင်းထွက်တဲ့နေ့ အမှတ်တရ

ဒီနေ့  ၁၀ တန်းတွေအောင်စာရင်းထွက်တယ်…….အစကတော့ နောက်လ ၁ရက်နေ့ မှလိုလို ဘာလိုလိုနဲ့ ထွက်မဲ့ထွက်တော့လဲ ဗြုန်းစားကြီးပဲ အောင်တဲ့လူတွေ ပျော်ကြသလို….ကျတဲ့လူတွေကလဲ ငိုနေကြလေရဲ့ တချို့ငိုတဲ့လူတွေကြတော့လဲ ဂုဏ်ထူး ၃ခုမှန်းတာ ၁ခုပဲပါလို့ တဲ့….. အမျိုးမျိုးပဲ

ဒီနှစ်တော့မဆိုးပါဖူး ဆိုင်ကယ် အိတ်ဇောဖောက်ပီး ကဲတဲ့လူမရှိဖူး .. ခါတိုင်းများဆို
အောင်စာရင်းထွက်တဲ့နေ့ ဆို တမြို့ လုံး ဆူညံနေတာပဲ ….. ဒီနှစ်တော့ ဂုဏ်ထူးတွေကို
တော်တော်စီစစ်တယ်လို့ ကြားတယ် အများဆုံး ၃ဘာသာထိပဲလို့ ကြားတာပဲ … ကျတဲ့လူ
လဲများတယ်လို့ ပြောတယ် ဟုတ်မဟုတ်တော့မသိသေးပါဖူး ….

ဖြည့်စွက်သတင်း ဒီနေ့ တော့ သတင်းစာတွေထဲမှာဂုဏ်ပြုတာတွေပါလာပီ အ.ထ.က(၁၆) က
၆ဘာသာဂုဏ်ထူး ၁၁ ဦးတဲ့ ကျန်တဲ့ဂုဏ်ထူးရတဲ့လူတွေလဲ များကြီးပဲတဲ့

သူများတွေတော့မသိဖူး… ပေါက်ပေါက်ဆုပ်တုန်းကဆိုရင် နက်ဖြန်အောင်စာရင်းထွက်
မယ်ဆိုရင် ဒီနေ့ လိုညဆိုရင် အိပ်လို့ ကို မပျော်ဖူး … ကြောက်နေတာ.. ငါအောင်မှအောင်ပါ့
မလားးး… တကယ်လို့ ငါစာမေးပွဲကျခဲ့ရင်…ဘာညာပေါ့တယောက်ထဲ လျှောက်တွေးပီးလန့် 
နေတာ …. အိပ်မရမယ့် အတူတူဆိုပီး သူငယ်ချင်းတွေဆီ ဖုန်းဆက်ကြည့်တော့ သူတို့  လဲတူတူပဲ …. အဲဒါနဲ့ တညလုံးသူတို့ နဲ့ ဖုန်းပြောပီး မနက် ၄နာရီလောက်ကြတော့ ဘုရားကြီး
သွားမယ်ဆိုပီး ထွက်ခဲ့ကြတယ် … ဘုရားရောက်တော့လဲ ဘုရားကန်တော့နေလိုက်ကြတာ
အကြာကြီးပဲ … ဟိဟိ .. ကြောက်တာ ကြောက်တာ …. ပေါက်ပေါက်ဆုပ်လဲ ဘုရားမှာဆုတွေ
တောင်းရတာ အမောပဲ ဂုဏ်ထူးမပါရင်နေပါစေ … စာမေးပွဲကြီးပဲအောင်ပါစေဆိုပီး ဆုတွေတောင်းရတာအမော …. ဘုရားကြီးကအပြန်စောသေးတယ်ဆိုပီး မုန့် ဝင်စားကြတယ်
သူငယ်ချင်းတစ်ယောက်က အ.ထ.က (၁၄) မှာ ဖြေရတာဆိုတော့ သူ့ ကျောင်းကို အရင်လမ်းကြုံတော့ သူ့ အောင်စာရင်းအရင်သွားကြည့်တယ် …. သူအောင်တယ်တဲ့
ဂုဏ်ထူးတစ်ခုတောင်ပါသေးတယ်တဲ့… သူကတော့ဝမ်းသာအားရပေါ့ … နောက် အ.ထ.က(၄) ကိုသွားတယ် ဒီတစ်ခါပေါက်ပေါက်ဆုပ်အလှည့်ပေါ့ ကြောက်လိုက်တာ
အောင်မှအောင်ပါ့မလားဆိုပီး … သွားလဲသွားကြည့်ရော အောင်ယုံတင်မကဖူး ဂုဏ်ထူး ၁ ခုကြီးများတောင်ပါတယ်တဲ့ (ကြုံတုန်းကြွားလိုက်တာ :P)ပျော်လိုက်တာကိုပြောမနေနဲ့ …. ပြီးတော့
အ.ထ.က (၁၂)
တစ်ကျောင်းပီးတစ်ကျောင်းသွားကြည့်ကြတာ ….. သူငယ်ချင်းတွေအားလုံးလဲ
အကုန်အောင်ကြတယ် တချို့ က ၃ ခု တချို့ က ၄ ခု အားကျစရာကြီးတွေ ……
အိမ်ကလူတွေလဲဒီအချိန်ဆိုမျှော်နေကြလောက်ပီ ဆိုပြီး အိမ်မြန်မြန်ပြန် ၀မ်းသာအားရပြေးပြောတယ်
အဲဒီနေ့ ကတော့လုံးဝအေးဆေးပဲ ဆူမယ့်လူမရှိဖူး လုပ်ချင်ရာလုပ်ပဲ ....နောက်သူငယ်ချင်းတွေနဲ့  မန္တလေးတောင်တတ်မယ်ဆိုပြီး ချိန်းထားတာ လူစုကွဲပြီး မန္တလေးတောင်ခြေမှာမုန့် စားပြီး ပြန်လာခဲ့တယ် …. ဘာရယ်တော့မဟုတ်ပါဖူး လူများတွေ ၁၀ တန်းအောင်စာရင်းထွက်လို့  ပေါက်ပေါက်ဆုပ် တုန်းက ခံစားခဲ့ရတဲ့ အတွေ့ အကြုံလေးကို ရေးလိုက်တာပါ

အစအဆုံးဆိုရင်

Friday, June 29, 2007

ဘလော့ခ်လက်မှတ်

ညလေးကျေးဂျုးကြောင့်ရ၀ါးပီ
ဒီမှာညလေးကအပြည့်အစုံ
ရေးပေးထားတယ်.... ပေါက်ပေါက်ဆုပ်လိုပဲ စမ်းကြည့်ပေါ့


အစအဆုံးဆိုရင်

Thursday, June 28, 2007

ကန်ဝန်၏ အသက်ကိုကယ်လိုက်ပုံ

ဘိုးတော်မင်းတရားကြီးသည်ရတနာသိင်္ခရွှေဘိုမြို့တော်သို့ကြွမြန်း၍နန္ဒာကန်တော်ကြီး
ကျိုးပေါက်ပျက်စီးသည်တို့ကို ဆည်ဖို့ ပြင်ဆင်တော်မူပြီး အမိန့်ချမှတ်

သည်မှာ ………….

“ ဤနန္ဒာကန်တော်ကြီးကို တည်ဆောက်စဉ်အခါက ၊ လူအား , နွားအား အများအပြားသုံးပြီး
တပင်တပန်းတည်ဆောက်ခဲ့တဲ့အတွက် အလွန်ကြီးကျယ် ခိုင်ခံ့ပါလျက် ကြည့်ရှုစောင့်ရှောက်
တဲ့ကန်ဝန်အဆင့်အဆင့် ၀တ္တရားလစ်ဟင်း ပျက်ကွက်လို့ ကျိုးပေါက်ပျက်စီးရတယ်လို့  ငါကိုယ်တော်မြတ်ယူဆတယ် ။ အခုတဖန်ပြန်လည် ဆည်ဖို့ မွမ်းမံရတဲ့အရေးမှာလဲ အလွန်ဝန်လေးပင်ပန်းကြရတယ် ။ နောက်ထပ်တဖန် ပြုပြင်ရပြန်လျှင်လဲ ပင်ပန်းကြီးစွာ လုပ်ဆောင်ရမှာမို့ ယခုလက်ရှိကန်ဝန်က အထူးဂရုပြုပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ် ။ ၀တ္တရားလစ်ဟင်းလို့ ယွင်းပျက်ကျိုးပေါက်တယ်လို့ ကြားရလျှင် ကန်ဝန်အားအသက်ဆုံး
အောင်စီရင်ရမည် ” ဟု အမိန့် တော်ချမှတ်ပြီးကန်ဝန်ကိုတာဝန်ချထားခဲ့တယ်တဲ့.. ။

နှစ်များစွာမကြာမီပင် ရတနာသိင်္ခကုန်းဘောင်မြို့တွင် လေရောမိုးပါ ပြင်းထန်စွာတိုက်ခတ်ရွာ
သွန်းပြီး မြစ်ချောင်းအင်းအိုင်တို့ ပါ ရေလျှံပြီး နန္ဒာကန်ကြီးလည်းကျိုးပေါက်ပျက်စီး
သွားတယ်….ကန်ဝန်က ဘိုးတော်မင်းတရားက ပြင်းထန်စွာချမှတ်ထားသော အမိန့်တော်ကြောင့် သေဘေးကို ရင်ဆိုင်နေရပြီဆိုပြီး အလျင်အမြန်ပဲအမရပူရရွှေမြို့တော်ကို အပြေးအလွှား လာရောက်ပြီးဦးပေါ်ဦးထံ အသနားခံတယ် …. အမတ်ကြီးဦးပေါ်ဦးသည် နောက်တနေ့ ညီလာခံသို့ ကန်ဝန်ကိုပါ ခေါ်ဆောင်သွားပြီး
အနီး၌နေစေသည် ။ ထို့ နောက်ဘိုးတော်မင်းတရားကြီးအား လျှောက်ထားသည်မှာ …….

“ ဘုရားကျွန် ၀န်ငပေါ်ဦး ရိုသေစွာလျှောက်ထားဝံ့ပါသည် ။ ဤလောကဓာတ်ကြီးတွင် ရေ ၊
လေ ၊ မြေ ၊ မီး ၊ ဓာတ်ကြီးလေးပါးတို့  လွှမ်းမိုးအုပ်ချုပ်သည်ကို ကျမ်းဂန်အဖြာဖြာ၌ လည်းရှိပါ
သည်ဘုရား ….. လေဖျက်၍ ရေတတ်ရသည် ….. ရေတတ်၍ မြေပျက်ရသည်မှာ လောကတံထွာ ဓမ္မတာပင်ဖြစ်ပါသည်ဘုရား ……..ယခုရက်ပိုင်းအတွင်းမှာ ရတနာသိင်္ခရွှေမြို့ 
တော်၌ မိုးကောင်းလေထန် အဆမတန် ရွာသွန်းမှုကြောင့် မြစ်ချောင်း ၊ အင်းအိုင်တို့  ရေလျှံပြီး နန္ဒာကန်ဘောင်ကို ရေတိုက်စား၍ နန္ဒာကန်ကြီး ကျိုးပေါက်ပျက်စီးသွားပါသည် ဘုရား …… ဤအရေးမှာ ကန်ဝန်၏ တာဝန်ဝတ္တရား ချွတ်ယွင်းမှုတစုံတရာ မရှိပါ ။ တစုံတယောက်သောသူက လာရောက်ဖျက်စီးလျှင် အသက်ကိုပင်စွန့် ၍ အရှင့် အမှုတော်ကိုထမ်းရွက်မယ့်သူပင်ဖြစ်ပါသည် ။ ယခုတမူကမ္ဘာလောကဓာတ်ကြီးကိုပင် ဖျက်ဆီးနိုင်သည့် ရေအားက ကန်ဘောင်မြေကိုတိုက်စားသဖြင့် နန္ဒာကန်ကြီး ကျိုးပေါက်ပျက်စီးရသည့် အရေးကြောင့် ကန်ဝန်ကို သေဘေးမှ ချမ်းသာခွင့်ပေးတော်မူပါဘုရား ” ဟုလျှောက်ထားတော့
မင်းတရားကြီးကပြုံးတော်မူပြီး …..

“ ကန်ဝန်က ဦးပေါ်ဦးကို ရှေ့နေခေါ်လာသကိုးကွဲ့ ” ဟု မိန့် တော်မူပြီးအသက်ဘေးကနေ

ချမ်းသာခွင့်ပေးလိုက်တယ်တဲ့ ……….
စကားအရာမှာတော်တော်တတ်တဲ့ ဦးပေါ်ဦးပဲနော်…. ဘုရင်ကြီးလဲ ငြင်းမရအောင်
ကန်ဝန်မှာလည်းအပြစ်မရှိတာပေါ်လွင်အောင် ပြောသွားနိုင်တယ် …… အဲလိုတော်ပေမယ့်
ဦးပေါ်ဦးတောင်မှ စကားအရာမှာ အရှုံးပေးလိုက်ရတဲ့ လူတစ်ယောက်ရှိတယ် သိကြလား???
သိတယ်ဆိုရင်လဲပြောပြကြအုံးနော် ပေါက်ပေါက်ဆုပ်ပြောမယ့်လူနဲ့ မတူဖူးဆိုရင် …
နောက်တစ်ယောက်များလားလို့ အဲခါကြရင်လဲ အဲဒီလူအကြောင်းလေးကို သိသမျှလေး
ရေးပေးကြပါနော်
အဲဒီအကြောင်းနောက်မှထက်ရေးပေးတော့မယ် ….
ခုတော့ဂလောက်ပဲပေါ့….. သင့်အတွက်မနက်ဖြန် … မကြာမီလာမည် မျှော်……… ဟိဟိ



အစအဆုံးဆိုရင်

Friday, June 22, 2007

အဖေ

ဖေမြင့်ရဲ့ နှလုံးသားအာဟာရ ရသစာပေများထဲကနေဖတ်ပြီး သဘောကျလို့ တင်လိုက်တာပါ

ကျွန်တော်

၎နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ် ။

၅နှစ် ……………. ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဖူး ။

၆နှစ် ……………. ငါ့အဖေက မင်းအဖေထက်တတ်တယ်ကွ ။

၈နှစ် ……………. တို့အဖေက အကုန်လုံးတော့လည်း အတိအကျမသိဖူး ။

၁၀နှစ် ………… အဖေတို့ငယ်ငယ်တုန်းကနဲ့ခုနဲ့က တခြားစီပဲ ။

၁၂နှစ် …………. အင်းအဲဒါတော့ အဖေလဲ ဘယ်သိပါ့မလဲ ၊
သူကအသက်သိပ်ကြီးပြီဆိုတော့
ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဖူး ။

၁၄နှစ် ………… အဖေကတော့ထည့်ပြောမနေနဲ့ ၊ သူကရှေးရိုးသမားကြီး ။

၂၁နှစ် ………… အဘိုးကြီးလား ….. ထားပါ ၊ အောက်နေပြီ …. လုံးဝအောက်နေပြီ ။

၂၅နှစ် ………… အဖေလည်း နဲနဲပါးပါးတော့သိတယ် ၊ မသိလို့ လည်းမဖြစ်ဖူးလေ
လူကြီးပဲဟာ ။

၃၀နှစ် ………… အဖေကိုနဲနဲပါးပါးမေးမြန်းကြည့်ရင်ကောင်းမယ် ထင်တယ်
ဘာပဲပြောပြောသူက အတွေ့ အကြုံအများကြီးရှိတယ် ။

၃၅နှစ် ………... အဖေနဲ့ တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါတခုခုလုပ်နိုင်မယ် ။

၄၀နှစ် ………… အဖေသာဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲမသိဖူး …..

အဖေက အတွေ့အကြုံစုံတယ် ၊ အမြော်အမြင်လဲရှိတယ် ။

၅၀နှစ် ………… ဒီကိစ္စ အခုနေသာ အဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပဲ
ပေးရပေးရ ငါပေးပါတယ် ။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက
ကောင်းကောင်းသတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်….
တကယ်ဆို ငါအဖေ့ဆီက အများကြီးရလိုက်ဖို့ကောင်းတယ် ။

သယ်ဂျင်းတို့ လဲ ဒီလို မဖြစ်စေနဲ့ နော် .............

အစအဆုံးဆိုရင်

Wednesday, June 20, 2007

မိုးတွေရွာရင်

မိုးအကြောင်းရေးလို့  သန့် ဇော်မင်းက တတ်လိုက်တော့လဲ
ရေးရတော့မပေါ့လေ……….ဘာတွေရေးရမလဲဆိုတာကို မသိတော့
ဟိုလူရေးထားတာကြည့်လိုက် ဒီလူရေးတာကြည့်လိုက်နဲ့ ကြည့်လိုက်တော့
ဘာမြင်တယ် မှတ်သလဲ မန်းလေးမြို့ ကြီးချိုင့်ပေါတာကိုမြင်လိုက်ရတယ် ဟိဟိ ……
ဟုတ်တော့လဲဟုတ်တယ် မန်းလေးမြို့ ရဲ့ချိုင့် ပေါချက်ကတော့ လကမ္ဘာပေါ်က
ို ရောက်သွားသလားထင်ရတယ် ….. ဒါပေမယ့် အဲဒါတွေကတော့
တခါတုန်းကပေါ့  ( ရသ နဲ့  ဂျင်နီ ဆိုတဲ့သီချင်းမဟုတ် )
ခုတော့အဲလိုဟုတ်တော့ဖူးလားမေးလာရင်တော့ ဟုတ်တော့ဟုတ်သေးတယ်
ဒါပေမယ့် အရင်ကလောက်တော့မဆိုးတော့ဖူးပေါ့ ။ အဲလိုဆိုတော့လဲ
အထင်ကြီးမသွားနဲ့ အုံး …. ကိုယ့်အားကိုယ်ကိုးလမ်းတွေပါ …….. ဟိဟိ
မိုးအတွေရွာရင်ဆိုတဲ့အကြောင်းကနေ ဘယ်တွေရောက်ကုန်ပါလိမ့် …….
မိုးတွေရွာရင် ငယ်ငယ်တုန်းကတော့ အရမ်းပျော်တာပေါ့ မိုးရွာရင်
ကျောင်းထဲမာထီးတချောင်းနဲ့ လျောက်သွားလို့ ရတယ် …. နောက်ပီးမိုးရွာတော့
အတန်းထဲမာလူမစုံလို့ ဆိုပီး စာမသင်ဖူးသင်တဲ့ဆရာမကတော့သင်တယ် မသင်တာကများတယ် ။။။။။။။။။
မှတ်မိသေးတယ် ၂၀၀၃ လောက်ကထင်တယ် အင်္ဂလိပ်စာဖြေတဲ့နေ့ ကြီး
မိုးတွေရွာတာ အဲဒီ မိုးကညကတည်းကရွာတာ ညတုန်းကမိုးရွာတာသိတယ်လေ
အိပ်ကောင်းကောင်းနဲ့ အိပ်တာအေးဆေးပေါ့ … မိုးလင်းတဲ့ထိမတိတ်သေးဖူး မိုးလင်းလို့ ပြတင်းပေါက်ဖွင့်လိုက်တော့မှအားပါးပါး အိမ်ရှေ့ မှာ ရေပြင်ကြီးဖြစ်နေတာ
ပလက်ဖောင်းတောင်မမြင်ရတော့ဖူး ……….ဒါနဲ့ ကျောင်းစောစောသွားမှဖြစ်မယ်ဆိုပီး
အစောဆုံးထွက်တာပဲ ဒါပေမယ့်ကျောင်းကို တစ်နာရီခွဲကျော်နောက်ကျပီးမှရောက်တယ် အတန်းထဲရောက်တော့ လူလဲမစုံသေးပါဖူး ။ကိုယ့်ထက်နောက်ကျတဲ့လူတွေတောင်ရှိသေး …
အဲဒါကားနဲ့ လာတဲ့လူတွေလေ လမ်းမှာကားတွေပိတ်နေလို့ လမ်းလျှောက်လာကြတဲ့လူတွေ ... ကိုယ်တို့ ကတော့ ဆိုင်ကယ်နဲ့ ဆိုတော့အေးဆေးပဲ ဟိုကြားက၀င်ဒီကြားက၀င်နဲ့ ရောက်သွားတာလေ... အဲဒီနေ့ ကတော့နော် အတန်းစောင့်တဲ့ ဆရာ ၊ ဆရာမတွေက ဘာမပြောဖူး လုံးဝလုံးဝ အေးဆေးပဲ ….. ဟိဟိ

မိုးသီချင်းလေးကိုတော့သတိရတယ် ငယ်ငယ်တုန်းကမိုးတွေရွာရင်ဆိုနေကြသီချင်းလေးပါ

~~~မိုးရွာရင်မိုးရေချိုးမယ် မေမေလာရင်နို့ စို့ မယ် ~~ ဖေဖေလာရင်အုန်းသီးခွဲစားမယ်

ခုတခေါက်မိုးကလဲ တော်တော်သည်းတယ် အိမ်ထဲထိတောင်ရေ၀င်တယ်
ဒါတွေကတော့မိုးနဲ့ ပတ်သတ်တဲ့ အမှတ်တရလေးတွေပါ ………

မိုးတွေရွာရင်တော့ အိမ်ရှေ့မှာထိုင်ပြီး ဖြတ်သွားနေတဲ့ ဆိုင်ကယ်တွေ ကားတွေကို
ထိုင်ကြည့်နေတတ်တယ် ။ တခါတလေ သီချင်းလေးနဲ့ ငြိမ့်နေတတ်တယ် ။ တခါတလေကြ
မိုးအေးအေးနဲ့ ကွေးနေတတ်တယ်..............
ကဲရေးလို့ တော့ပီးဝါးပီ ပြန်တတ်စရာ ၂ယောက်တော့ကျန်သေးတယ်
အဲဒီလူတွေကတော့………
အာလူးလေး
ယားယားလေး
တို့ ကိုတတ် ( tag )လိုက်ပီနော် ပြန်ရေးပေးကြအုံး တတ်တယ်ထင်ပီး ခြေမချိုးမနေနဲ့ အုံး

အစအဆုံးဆိုရင်

Sunday, June 17, 2007

စုဆောင်းထားသော ဒဿနလေးများ

+ အချိန်ရယ်၊ပတ်ဝန်းကျင်ရယ်၊လောကကြီးရယ်
အဲဒီသုံးခုက မင်းကိုအမြဲတမ်းသွန်သင်ဆုံးမနေတယ်…
ခံယူတတ်အောင်ကြိုးစားပါ။
လူတယောက်ကိုအကြံပေးဖို့ တအားခက်မယ်…
ဝေဖန်ဖို့ကျတော့ တအားလွယ်နေလိမ့်မယ်…။

+ စက်ကူပေါ်မှာ လှပတဲ့အိမ်လေးတလုံးဖြစ်အောင်ရေးခြစ်ဖို့လွယ်ပေမယ့်
မြေပြင်မှာ ခိုင်ခန့်တဲ့အိမ်လေးတလုံးဆောက်ဖို့ အတော်ခက်ခဲပါတယ်..
လောကမှာ ခိုင်မာတဲ့ဘ၀တခုတည်ဆောက်ဖို့ကတော့ ပိုပြီးတော့ခက်ခဲပါတယ်။

+ ဖြစ်ပြီးခဲ့တဲ့ပြသနာတွေအတွက်…
WHY? လို့မေးနေမယ့်အစား
HOW? လို့မေးပြီးဖြေရှင်းလိုက်ပါ။

+ ကိုယ့်ယုံကြည်ချက်ကိုယ်တည်ဆောက်…
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်…ကိုယ့်လမ်းကိုယ်လျောက်။
ပတ်ဝန်းကျင် ရဲ့ချီးကျူးမှုကိုအလွန်အမင်းသာယာစရာမလိုဘူး…
အဲဒီလိုပဲ ..ကဲ့ရဲ့မှုကိုလည်းတုန်လှုပ်စရာမလိုပါဘူး….။

+ ရာနှုန်းပြည့်ရိုးသားမှုနဲ့ ကိုယ့်ဘ၀ကို အဆင်ပြေအောင်နေလို့ရတယ်ဆိုတာကို

ယုံကြည်သူနဲတယ်….
မုသားမပါလင်္ကာမချောဆိုတာကို လက်ခံကျင့်သုံးတဲ့သူ
များနေတယ်…….ဘာကြောင့်လဲ….
ကြောက်လို့..။ ဘာကိုကြောက်တာလဲ..။မရမှာကို။
ဘာကိုမရမှာလဲ..။ခင်မင်မင်မှုမရမှာ။ငွေမရမှာ။
လူတွေရဲ့ထိုက်ထိုက်တန်တန်ယုံကြည့်မှုမရမှာကိုတော့မကြောက်ကြဘူးလား..။
မရိုးသားတဲ့လူ၊မယုံကြည်ထိုက်တဲ့လူလို့အထင်ခံရမှာ မကြောက်ကြဘူးလား…။
(ဆရာတော်ဦးဇောတိက)

+ လှေလှော်ရင်းမုန်တိုင်းမိခဲ့ရင်..
ဒီမုန်တိုင်းပျောက်ကွယ်သွားပါစေလို့ဆုတောင်းနေမယ့်အစား..
အဲဒီ မုန်တိုင်းကိုမင်းရဲ့လှေနဲ့ဘယ်လိုဖြတ်ကျော်မလဲဆိုတာ……………..။

+ မနေ့ကဘာဖြစ်ခဲ့တယ်ဆိုတာတွေးပြီး စိတ်ဓါတ်မကျနဲ့….
ဒီနေ့ဘာဖြစ်ပြန်ပြီဆိုပြီးတော့လည်း Attention မထားနဲ့….
မနက်ဖြန်ဘာဖြစ်လာဦးမယ်ဆိုပြီးတော့လည်း တွေးပူမနေနဲ့..
မနေ့က ဖြစ်ခဲ့တာတွေထဲကသင်ခန်းစာယူ
ဒီနေ့ဖြစ်တဲ့ဟာကို အကောင်းဆုံးပြုပြင်..
မနက်ဖြန်……မနေ့ကနဲ့ဒီနေ့လိုမဖြစ်အောင် ဘယ်လိုလုပ်မယ်ဆိုတာစဉ်းစား…။



အစအဆုံးဆိုရင်

Saturday, June 16, 2007

နဂါးမင်း ဘုရားပင့်ပုံပြင်

တရံရောအခါ ဘ၀ရှင်မင်းတရားကြီးက စစ်ကိုင်းဖက်မှာကိန်းဝတ်တော်မူသော ရုပ်ပွားဆင်းတုတော်တစ်ဆူကို အမရပူရရွှေမြို့ တော်ကို ပင့်ဆောင်ကိုးကွယ်တော်မူလိုသောဆန္ဒကြောင့် ၀န်ကြီး ၊ မှူးကြီး ၊ အတွင်းဝန် တို့  ကြီးကြပ်၍ လှေတော် လှေကား တံခွန် ကုက္ကား အမွန်မွန် အမြတ်မြတ် အိုးစည် ဗုံမောင်း ငြိမ့်ညောင်းသာယာစွာဖြင့် ပင့်ဆောင်တော်မူခဲ့ရန် အမိန့် တော်ချမှတ်သည့်အလျောက် ၀န်ကြီး ၊ အတွင်းဝန်တို့  ကြီးကြပ်ကာ ရုပ်ပွားတော်မြတ်ကို စစ်ကိုင်းဖက်ကမ်းမှ ပင့်ဆောင်တော်မူလာရာ ဧရာဝတီမြစ် အလယ်တွင် လေပြင်းမုန်တိုင်းကျပြီး လှေဖောင်တော်ပျက်စီး လူပေါင်းတစ်ရာကျော်ပါ ရေနစ်သေဆုံးကျပြီး ရုပ်ပွားတော်လဲ မြစ်အတွင်းသို့  သက်ဆင်းနစ်မြုပ်သွားလေသည် ။
ပင့်ဆောင်တော်မူစေသော ရုပ်ပွားတော် ရေတွင်နစ်မြုပ်သည့်အကြောင်း ဘိုးတော်ဘုရားသိတော်မူပါက တာဝန်ရှိကြသော ၀န်ကြီး ၊ အတွင်းဝန်နှင့်တကွ များစွာသော အမှုထမ်း ၊ အရာထမ်းတို့ မှာ ရာဇ၀တ်ပြစ်ဒဏ်ခံရတော့မည့် သေဘေးကိုကြောက်ရွံ့ ကြ၍ အမတ်ကြီးဦးပေါ်ဦးအား အပြစ်ဘေးမှချမ်းသာရအောင် ဘုရင်မင်းမြတ်ထံ လျှောက်ထားပေးရန် လာရောက်တောင်းပန်ကြလေသည် ။
ဦးပေါ်ဦးသည် ဘိုးတော်ဦးဝိုင်းရှိရာ စံနန်းတော်သို့ ဝင်ရောက်ခစားပြီး လျှောက်ထားသည်မှာ ......


" မှန်လှပါ ၊ ရွှေဘုန်းတော်ကျွန် ၀န်ငပေါ်ဦး အထူးသံတော်ဦး တင်လိုပါ၍ ရွှေနားဆင်တော်မူပါဘုရား ၊ အစိန္တေရ သုံးလောကထွတ်ထား သဗ္ဗညု မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူသည့်ကာလ၌ ဝေသာလီပြည်၌ ကပ်သုံးပါးဆိုက်ရောက်၍ မြတ်စွာဘုရားထံ ကယ်မတော်မူပါရန် ပင့်လျှောက်ကြသဖြင့် ဝေသာလီပြည်သို့ ကြွရောက်သောအခါ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြောင့် တစ္ဆေ မြေဘုတ်ဘီလူးတို့ ကို နှင်ထုတ်ငြိမ်းအေး ဝေသာလီပြည်ကြီးကို ဘေးရန်ကင်းစေပြီးနောက် ၊ ရာဇဂြိုလ်ပြည်သို့  ပြန်လည်ကြွချီလာရာ ၊ မြစ်ဆိပ်သို့  အရောက်တွင် ဂင်္ဂါမြစ်ကို စောင့်ရှောက်ရသော နဂါးမင်းသည် လူနတ်တို့ မှ မြတ်စွာဘုရား၏တရားတော်ကိုနာကြားရကုန်သည် ၊ ငါတို့ 

ရေနတ်နဂါးများကား မြတ်စွာဘုရား၏တရားတော်ကို နားကြားခွင့်မရ ၊ မြတ်စွာဘုရားကို နဂါးပြည်သို့ ပင့်ဆောင်ပြီး ခမ်းနားစွာပင့်ဆောင်ပြီး တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူရန်မြတ်စွာဘုရားထံ လျှောက်ထားတော်မှသင့်မည်ဟု ကြံစည်ပြီးလျှင် မြတ်စွာဘုရားကြွချီတော်မူရာ ဂင်္ဂါမြစ်အရောက်တွင် လျောက်ပတ်ပင့်ဆောင်လေသဖြင့် မြတ်စွာဘုရားသည်သတ္တ၀ါအများကို ကယ်မတော်မူလိုသော မေတ္တာတော်အဟုန်ကြောင့် နဂါးမင်း လျှောက်ထားချက်ကိုသည်းခံတော်မူပြီး ၊ နောက်ပါ သံဃာတော်ငါးရာနှင့်တကွ နဂါးပြည်၌ ညသုံးပတ်လုံးတရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၍ နံနက်ဆွမ်းစားပြီးမှ လူ့ ပြည်လူ့ ရွာသို့ ပြန်လည်ကြွလာတော်မူသည်ကို ကျမ်းဂန်၌ အထင်အရှားရှိတော်မူပါသည် "

" ယခုလဲမင်းကြီးက ၀န်ကြီး ၊ အတွင်းဝန်များအား ဘုရားပင့်စေလွှတ်တော်မူသည့်အတိုင်း စစ်ကိုင်းမြို့က ပင့်ဆောင်၍အလာတွင် ရေလယ်အရောက်မှာ ဘောဂ၀တီ နဂါးပြည်က မြတ်စွာဘုရားကိုယ်ပွား ဆင်းတုတော်ကို ပူဇော်လိုသည့်ဆန္ဒအားကြောင့် နောက်ပါတပည့်သားလူတစ်ရာနှင့်တကွ အတင်းအဓ္ဓမ ပင့်ဆောင်၍သွားပါကြောင်း ရှိခိုးသံတော်ဦးတင်အပ်ပါကြောင်း " ဟုလျှောက်ထားလေလျှင် ဘိုးတော်ဘုရားသည်

" ယခုငါ့အား တင်လျှောက်သည်မှာ လူတရာနှင့်တကွ ရေထဲသို့  ဆင်းတုတော်ကျသွားဟန်ရှိပြီ " ဟုသိမြင်တော်မူပြီး သက်ပြင်းချကာ " ရေထဲတွင်နစ်ရသည့် လူတစ်ရာနှင့်ကျန်ရစ်သူများသို့  ဆုတော်များချီးမြင့်၍ ကောင်းမှုကုသိုလ်များပြုပါဘိ " ဟု အမိန့် တော်ရှိလိုက်သဖြင့် တာဝန်ရှိသော ၀န်ကြီး ၊
အတွင်းဝန်တို့ မှာ ရာဇ၀တ်ဘေးမှ ကင်းဝေးကြရသဖြင့် အမတ်ကြီးဦးပေါ်ဦးကို ကြည်ညိုမဆုံး ၊ ၀မ်းမြောက်မဆုံး ရှိကြရလေသတည်း ။

အစအဆုံးဆိုရင်

Friday, June 15, 2007

ဟော့ပေါ့အကြောင်း

မနေ့ ကမိုးတွေအရမ်းရွာတယ် ။ ရွာလိုက်တာမှ မနက်တည်းကရွာတာ ညနေစောင်းမှပဲတိတ်တော့တယ် ။ တလမ်းလုံးလဲ ရေတွေကိုပြည့်လျှံနေတာပဲ ။ မိုးကလဲမရွာတုန်းကလဲမရွာလို့  ရွာတော့လဲ တမြို့ လုံးရေတွေကို လွှမ်းသွားတာပဲ ။ သိတယ်မလား မန်းလေးမိုးလေ ။

မိုးတွေရွာနေတုန်းအပြေးအလွှားလေးရိုက်ထားတာ

အဲဒီ မိုးအေးအေးနေ့ မှာပဲ ဟော့ပေါ့လုပ်စားဖြစ်တယ် ။
စားချင်တော့လဲ မိုးထဲလေထဲပြေးဈေးဝယ်ရတာပေါ့……….ဟိဟိ ဟော့ပေါ့ဆိုတာမျိုးက ဆောင်းတွင်းပိုင်းမှာလုပ်စားတာပိုကောင်းတယ်..ဘာလို့ လဲဆိုတော့ ဆောင်းတွင်းမှာက ဟင်းရွက်ပိုစုံတယ်လေ….နောက်ပြီးဈေးလဲသက်သာတယ် …. ပေါပေါများများလဲရတယ် ။ ခုတော့ဟင်းရွက်ကဈေးလဲနဲနဲကြီးတယ် ပေါပေါများများလဲမရခဲ့ပါဘူး ။ ခုလုပ်စားတဲ့ဟောပေါ့လုပ်နည်းကလွယ်လွယ်လေးရယ် ။ အလုပ်တော့ နည်းနည်းရှုပ်တာပေါ့ အရမ်းကြီးလဲရှုပ်ပါဖူး ။ ဟော့ပေါ့ထဲပါတဲ့ ပစ္စည်းတွေကတော့ ၀က်ရိုး ၊ ကြက်ရိုး ၊ ငါးရိုး( နှစ်သက်ရာ ) ထည့်လို့ ရပါတယ် ။ ၀က်ရိုးဆိုရင်တော့ အကောင်းဆုံးပေါ့ ။ နောက်ပြီး ကြက်ဥ ၊ ပိန်းဥ ၊ ငါးဖယ်လုံး ၊ ငုံးဥ ၊ မျှစ်ခြောက် ၊ ၀က်ခေါက် ၊ ဂဏန်းအသား ၊ ပြည်ကြီးငါး ၊ ပုဇွန် ၊ မုန်ညှင်းစိမ်း ၊ တောင်အော်ရွက် ၊ ပေါချိုင်ရွက် ၊ ပဲရွက် ….. ကြိုက်နှစ်သက်ရာထည့်နိုင်တယ် ။ ပထမဆုံး ၀က်ရိုးကို အရင်ပြုတ်ထားရမယ် ။ ပြီးရင် ၀က်သားကိုတောက်တောက်စင်းပြီး ဆား ၊ ဟင်းချိုမှုန့်  ၊ သာကူမှုန့်  ၊ ကြက်ဥ တို့ နဲ့ ရောနယ် …. အဲဒီနယ်ထားပြီးသား ၀က်သားတစ်ဝက်ကျော်ကျော်လောက်ကို အလုံးလေးတွေလုံးပြီး ကျော် ။
ဒါက၀က်သားလုံးကြော်ထားတာ

နောက်ပြီး ကြက်ဥကိုကျတော့ ခလောက်ပြီးပါးပါးလေးတွေကြော်မှာ ကြက်ဥထဲကို ဆား
ဟင်းချိုမှုန့် မထည့်ရဖူး ။ အဲဒီကြော်ပြီးသား ကြက်ဥထဲကို စောစောကချန်ထားတဲ့ ၀က်သားကို ပြားပြားလေးတွေထည့်ပြီး လိပ်ရမယ် ။ အဲဒီကြက်ဥနဲ့ ဝက်သားလိပ်ထားတာကို ခနုံထုပ်လို့ လည်းခေါ်တယ် ။
ဒါကခနုံထုပ်

မျှစ်ခြောက်ကိုလည်း ရေနွေးနဲ့ ပြုတ်ပြီး ပါးပါးလေးတွေလှီးထားရမယ် ။

ဒါကမျှစ်ခြောက် မလှီးရသေးဖူး

ပြီးရင် ပိန်းဥကို အတုံးလေးတွေတုံးပြီး ကြော်ရမယ် ။ မကြော်ပဲထည့်မယ်ဆိုရင် ဟင်းရည်က အရမ်းကိုပြစ်သွားမှာ စိုးလို့ လေ ။ ပြည်ကြီးငါးကိုလဲ အတုံးသေးသေးလေးတွေတုံးရမယ် ။
အားလုံးပြီးသွားပြီဆိုရင် ဟော့ပေါ့အိုးထဲကို မုန့် ညင်းစိမ်းရွက်ကို အရင်ထည့်ခင်းရမယ် ။
ပြီးရင် ပိန်းဥ ၊ ၀က်သားလုံးကြော် ၊ မျှစ်ခြောက် ၊ ဂဏန်းသား ၊ ပြည်ကြီးငါး ၊ ပုဇွန် ၊ ၀က်ခေါက် ၊ ငါးဖယ်လုံး ၊ ငုံးဥ ၊ ကြက်ဥခနုံထုပ် အားလုံးပေါ်ကို ပြုတ်ထားတဲ့ ဟင်းရည် ကိုထည့် ။
အမွှေးနံ့ ကြိုက်ရင်တော့ တရုတ်မဆလာကို အပေါ်ဆုံးက ဖြူး ။
မီးထည့်ပြီး မိနစ် ၃၀ လောက်ဆိုရင်တော့ စားလို့ ရပြီ ။

ဟော့ဒါကတော့ဟော့ပေါ့အိုးကြီး


ဒီဟော့ပေါ့ကတော့ ကိုယ်တိုင်လုပ်တာမဟုတ်ပါဖူး မမရဲ့ လက်ရာ၊မမလုပ်တာကို ဘေးနားကနေ တောက်တိုမယ်ရ ယောင်ခြောက်ဆယ် အတောင်ပေါက်တယ် ပြောင်မြောက်တယ်ပေါ့….ဟိဟိ
အဲ့ဒီ့နေ့ က ပေါက်ပေါက်ဆုပ် အမျာကြီးပင်ပန်းသွားတယ်
လက်တွေဆို ညောင်းလို ၊့သွားတွေဆိုနာလို ၊့ဗိုက်တွေဆို တင်းလို ၊့
မိုးကလဲအေးအေးနဲ့ ဆိုတော့ အရမ်းအရမ်းစားလို့ ကောင်းတာပဲ ။
လူနဲ့ လည်းတည့်တယ်လေ.. မယုံရင်ခုပဲလုပ်စားကြည့်ပါလား...

အစအဆုံးဆိုရင်

Tuesday, June 12, 2007

တိုးတိုးတိတ်တိတ်

ဆရာမလေးသည် ပန်းချီဆရာမတစ်ဦးဖြစ်သကဲ့သို့  သူမ၏ သုံးတန်းကျောင်းသားလေးများကို ပန်းချီအနုပညာ
နှင့်မိတ်ဆက်ပေးရန် လက်မနှေးတတ်ခဲ့ချေ ။
သူမသည် မိုနာလီဇာ ပန်းချီကားချပ်ပုံတူကိုပြပြီး
"ကလေးတို့  ဒီပန်းချီကားကိုကြည့်စမ်း ။ သေချာကြည့်ကြ ဒါကမ္ဘာအကျော်ဆုံး ပန်းချီကားတစ်ချပ်ပဲ ။ တကယ်တမ်းပြောရရင် ဒီပန်းချီကားဟာ ဒေါ်လာသန်းချီပြီးတန်တယ် ။ လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကြာက
ကိုရီးပြတိုက်ကနေ အခိုးခံခဲ့ရတယ် "
ကျောင်းသားတစ်ဦးက ပန်းချီကားကိုကြည့်ပြီး အတော်စိတ်လှုပ်ရှားနေတဲ့ပုံပေါက်လို့ ဆရာမက ကျေနပ်အားရ
စွာ လှမ်းကြည့်ပြီးမေးလိုက်တယ် ။
" ၀ီလီယမ် ........ မင်းဘာပြောချင်လို့ လဲ "
" ဆရာမ " ၀ီလီယမ်က အနားကပ်ပြီး နှစ်ကိုယ်ကြားလေသံနဲ့ ပြောလိုက်တယ် ။ " ဆရာမ ပြန်ပေးဖို့ မရည်
ရွယ်ဖူးလား "


အစအဆုံးဆိုရင်

ဒါလဲဟုတ်သလိုလိုပဲ

ဆိုင်ရှင် ။ ။ ဟေ့.... ဆိုင်ထဲမှာ စီးကရက်မသောက်ရဖူးလေ။
ဈေးဝယ် ။ ။ ဘာလဲဗျ ။ ဒီ စီးကရက်ကို ကျုပ်ဒီက၀ယ်တာပဲ ။
ဆိုင်ရှင် ။ ။ အဲဒါဘာဖြစ်လဲ ။ ခင်ဗျားကို ကျုပ်ဝမ်းနုတ်ဆေးရောင်းတာနဲ့  ဒီဆိုင်မှာပဲဝမ်းနုတ်ဆေး
အစွမ်းကို
ပြလို့ ရမလား ။

အစအဆုံးဆိုရင်

Thursday, June 7, 2007

မြေခွန်လေခွန်ကောက်သော ဦးပေါ်ဦး

အခါတစ်ပါးတွင် ဘိုးတော်ဦးဝိုင်းက ဦးပေါ်ဦးကို ကျီစယ်လိုသော သဘောဖြင့်…
“ ပေါ်ဦးဟာ ငါ့ရဲ့အိမ်တော်ထိန်းလဲဖြစ် ၊ ငါ၏အကျိုးကို အလွန်ပဲသယ်ပိုးတဲ့အတွက်
မြေ၀န်ခန့် ထားတော်မူမယ် ။ နန်းတော်ကြီးအတက်အဆင်း လှေကားကစပြီး အလျား
ခုနှစ်တောင် ၊ အနံခုနှစ်တောင်မြေကို ကုန်အောင်စားရမည် ။ ” ဟု အမိန့် တော်ရှိလေသည်။


“ မောင်မင်းကို လှေကားခြေရင်းက မြေကိုစားစေသည် ဟုလည်း အမိန့် တော်ချမှတ်ခဲ့သည် ။ ယခုတမူ မောင်မင်းသည်မြေကြီးကိုမစားပဲ မြေခွန်ကို
ကောက်ခံစားနေသည်မှာ ငါ၏အမိန့် ကိုဖီဆန်ရာကြနေပြီ ၊ ဘာများလျှောက်ထားလိုသလဲ
ပေါ်ဦး ”

“ မှန်လှပါ ၊ အရှင်မင်း၏အမိန့် တော်မြတ်မှာ ( မြေ၀န် ) ခန့် တော်မူမည်ဟု နန်းတော်လှေကားခြေရင်မှ အနံ ၇ တောင်မျှရှိသော မြေကို အပိုင်စားစေခဲ့ပါသည် ။ မြေ၀န်
တို့ မည်သည်မှာ မိမိကို အပိုင်စားပေးထားသည့် မြေပေါ်သို့ ကျုးကျော်ဖြတ်သန်းသမျှ မြေခွန်ကောက်ရသည်မှာ အစဉ်အလာရှိပါသဖြင့် ဘုရင့်အမိန့် တော် အရသာ ကောက်ခံရခြင်းမှာ ပေါ်ဦးတွင် အပြစ်မရှိပါ ဘုရား ”

ဘိုးတော်ဦးဝိုင်းက …….

“ ပေါ်ဦးကစကားကို အလွန်တတ်သည် ။ မြေ၀န်နှင့်မတော် ၊ ယနေ့ မှစပြီး လေ၀န်အဖြစ်ခန့် 
တော်မူလိုက်သည် ”

ဟုပြောင်းလဲ သတ်မှတ်လိုက်သည် ။
ဦးပေါ်ဦးသည်လည်း ဘုရင်မင်းမြတ်က ငါ့အစွမ်းကို စမ်းလေသည် ။ ဘာမျှအရာမထင်သော
လေကိုစားစေသည်မှာ ငါ့အား ကျီစယ်ပျက်ရယ်ပြုဟန်တူသည် ဟု စဉ်းစားပြီး ကမ်းနားဆိပ်တွင်လာသမျှ ရွက်လှေများအား ကမ်းသို့ ကပ်စေပြီး ( လေခွန်တော် ) ကောက်ခံ
လေသည်ကို လှေသကြီးများက ဆိပ်ကမ်းခွန် အကောက်ခွန်ပေးဆောင်ပြီးပါလျက် ၊ ယခုတဖန် ( လေခွန်တော် ) တိုးသည်ကို မကျေမနပ်နှင့် စောဒက တက်ကြရာ ၊ ဘုရင့်ရွှေနားတော်သို့  ပေါက်ကြားလေသဖြင့် ပေါ်ဦးကို ခေါ်တော်မူပြီး …….

“ ပေါ်ဦးမောင်မင်းဟာ ဘယ်သူအမိန့် နဲ့  အခွန်တော် တမျိုးထပ်တိုးလို့ ကောက်ရပြန်တာလဲ ”

“ မှန်လှပါ …. လေ၀န်အရာခန့် တော်မူခြင်း ခံရပါသဖြင့် ရွက်လှေတို့ သည် ဘုရာ့ကျွန် ငပေါ်ဦး ပိုင်ဆိုင်သည့်လေကို ရွက်တိုက်အသုံးပြုကြပါသဖြင့် ( လေ၀န် ) ၏တာဝန်အရ
လေကို အသုံးပြုသူတို့ ထံမှ အခွန်တော်ကောက်ခံရခြင်းဖြစ်ကြောင်း ၊ ယခုပင်လျှင် အရှင်မင်းမြတ်၏ စားဖိုဆောင်တွင် စားဖိုမှူးကို ချောင်းမြောင်းကြည့်ရှူနေဆဲ…. အရှင်မင်းမြတ်
အမိန့် တော်ကြောင့် တဖူနာသွားရကြောင်းပါဘုရား ”

“ ငါ့စားဖိုမှူးကိုဘာကြောင့်မောင်မင်းက ချောင်းမြောင်းကြည့်နေရတာလဲ ”

“ မုန်လှပါ …. စားဖိုမှူးသည် ထင်းရေစိုကို သုံးမိသောအခါ မီးတောက်စေရန် ( မီးပြောင်း ) ကို မှုတ်ရပါလိမ့်မည် ၊ မီးပြောင်းသာမှုတ်ခဲ့ပါလျှင် ကျွန်တော်မျိုးအပိုင်စားပေးထားသည့် ( လေ ) ကို အသုံးပြုသည့်အတွက် လေခွန်တော်ကောက်ရန် ချောင်းမြောင်းနေခြင်းဖြစ်ပါကြောင်း ဘုရား ”

“ ကဲကဲ ငါကျီစားတော်မူတာပါ ၊ ( လေ၀န် ) အရာကလဲနုတ်သိမ်းလိုက်ပရစေတော့ ၊ လေခွန်တွေလဲမကောက်ပါနဲ့ တော့ ၊ တော်တော်ကြာ အန္တရာယ် မလွယ်နိုင်လို့  လေလည်တာတောင် အခွန်ကောက်ဦးမယ့် ပေါ်ဦးပဲ ” ဟု ရယ်မောရင်း လေ၀န်အရာနုတ်သိမ်းလိုက်ပြန်လေသတည်း ။




အစအဆုံးဆိုရင်

Saturday, June 2, 2007

စုဆောင်းထားသော ဒဿနလေးများ

+ လူတွေဟာ အများအားဖြင့်…..
အဖြူပေါ်ကအမဲစက်ကိုပဲမြင်တတ်ကြသလို
အမဲပေါ်ကအဖြူစက်ကိုပဲမြင်တတ်ကြပါတယ်။

+ လူတယောက်ရဲ့ပျက်ဆီးမှုဟာ
တချို့ကဗီဇကြောင့်လို့စွတ်စွဲတယ်
တချို့ပတ်ဝန်းကျင်ကြောင့်လို့သုံးသပ်တယ်…
ဥပမာ----
လူငယ်လေးတယောက် ငယ်ငယ်တုန်းကတအားလိမ်မာတယ်
အရွယ်ရောက်လာလို့ပတ်ဝန်းကျင်ထဲဝင်ဆန့်တဲ့အခါမှာ
မကောင်းမှုတွေလုပ်တတ်လာတယ်....
ဒါကြောင့် ပျက်ဆီးမှုဟာ ပတ်ဝန်းကျင်ကြောင့်ဖြစ်တယ်လို့စွတ်စွဲကြတယ်..
ဒါပေမယ့်………
ပတ်ဝန်းကျင်ကိုခင်မင်တတ်တဲ့
မကောင်းမှုကိုမွေ့လျော်တတ်တဲ့ ဗီဇဟာ
အဲဒီလူငယ်လေးရဲ့ ကိုယ်တွင်းမှာ ရှိနေတယ်လေ….။

+ လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးတာပါ….
ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုပါဘူး….
ဒါပေမယ်………………..
ကိုယ်ရေးတဲ့သမိုင်းလူအဖတ်ခံရဲဖို့လိုတယ်…။

+ မိဘတွေဟာ သူတို့ရဲ့အိပ်မက်တွေကို
သားသမီးတွေထဲဆက်သွင်းပြီး အကောင်အထည်ဖေါ်စေချင်ကြတယ်..
မိဘရဲ့ အိပ်မက်တွေကိုဆက်မက်တဲ့သားသမီးက သားသမီးအလိမ္မာပေါ့..
ကိုယ့်အိပ်မက်ကိုယ်မက်ချင်တဲ့ သားသမီးကတော့…………….
==အဲဒါဆိုရင်….
လူတယောက်ရဲ့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်၊
ကိုယ်ပိုင်စွမ်းရည်ကို ထိန်းချုပ်ထားသလိုဖြစ်မနေဘူးလား..။
တခုတော့ရှိတယ်…
ဘယ်မိဘမှ ကိုယ့်သားသမီးကိုအိပ်မက်ဆိုးမမက်စေပါဘူး……။

+ ဘ၀ဆိုတာ ဒုက္ခတွေရှိနေမှ လှမှာပါ..
ဘ၀လမ်းကဖြောင့်ဖြူးလွန်းရင် အကွေ့တခုခုမှာ အထိနာမှာပေါ့
အမှန်တော့ ဒုက္ခဆိုတာ စွမ်းရည်သွေးတဲ့ ကျောက်စက်လေး တခုပေါ့…..။

+ ကောင်းကင်ကိုမော့ကြည့်လိုက်ပါ..
ဒါပေမယ့် ခြေထောက်နဲ့မြေကြီးမလွတ်စေနဲ့ပေါ့……….။

+ ကိုယ့်အမှားကို မှားပါတယ်လို့လက်ခံပြီး
ပင်ရဲတဲ့ သတ္တိ ဟာတော်တော်ကိုကြီးမားပါတယ်………။

+ အခက်အခဲနဲ့တွေ့တဲ့အခါ
ကံဆိုးလေခြင်းလို့မတွေးပါနဲ့
ဘာသင်ခန်းစာယူရမလဲလို့တွေးကြည့်ပါ………။

+ လက်ရှိ အတွးအခေါ်နဲ့ လုပ်ကိုင်ပုံကိုမပြင်ပဲ
ဒီအလုပ်ကိုပဲဆက်လုပ်နေမယ်ဆိုရင်တော့………
နောက်တခါလည်း ဒီအမှားပဲထပ်တွေ့မှာပေါ့…..။

+ လမ်းမှားနေတဲ့သူဟာ
မြန်မြန်သွားလေပန်းတိုင်နဲ့ဝေးလေပါပဲ..။

+ လောကကြီးက
အောင်မြင်မှုကို အခက်အခဲတွေကြားမှာ ၀ှက်ထားပြီး
ဒုက္ခတွေကို အစောင့်ထားတယ်…..။

+ အခုတိုက်နေတဲ့လေကြောင်းကို
မင်း ဘယ်လိုမှမပြောင်းနိုင်ဘူး…..ဒါပေမယ့်
မင်းရဲ့ ရွက်အနေအထားကိုတော့ ပြောင်းလို့ရပါတယ်..။

+ မဖြစ်နိုင်ဘူးဆိုပြီး မလုပ်ပဲနေရင်
မဖြစ်ဖို့သေချာပါတယ်………။

+ အမှားတခုလုပ်မိလို့
အဲဒီအမှားထဲက သင်ခန်းစာမယူမိရင်
နောက်ထပ်အမှားတခုကို ထပ်ကျူးလွန်တာနဲ့တူတူပါပဲ….။

+ အမှားနှစ်ခုပေါင်း ရင်အမှန်တခုဖြစ်မလာနိုင်ဘူး..
သူမှားလို့ပါဆိုပြီး ကိုယ်လဲလိုက်မှားပိုင်ခွင့်ရှိတယ်လို့သဘောထားလို့မရဘူး……..။

+ အခက်အခဲတခု…………
စတွေ့တဲ့အခါမှာ စိတ်ညစ်မယ်.
ဖြတ်သန်းတဲ့အချိန်မှာ ရင်ခုန်မယ်၊မောပန်းမယ်…
အောင်မြင်တဲ့အချိန်မှာ ကျေနပ်မယ်၊ဂုဏ်ယူမယ်..
နောင်တချိန် အဲဒီအခက်အခဲကို အားပါးတရပြန်ပြောလိမ့်မယ်……….။

+ မမှားသောရှေ့နေ၊မသေသောဆေးသမားမရှိတဲ့
ဒါပေမယ့် အဲဒါဟာဖြေသိမ့်စရာဖြစ်တယ်…
လက်ကိုင်ထားစရာမဟုတ်ဘူး……………..။



အစအဆုံးဆိုရင်