လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Wednesday, July 18, 2007

တခါတုန်းက...ကံဆိုးခဲ့တဲ့နေ့လေး

မနေ့ကညကြီး ဘူတာကြီး အ၀ိုင်းပတ်နားမှာ ဆိုင်ကယ်ဦးထုပ်မစောင်းတဲ့လူတေကို ဖမ်းနေတာတဲ့ …. ညကြီးဆိုတော့ တော်ရုံဆိုင်ကယ်ဦးထုပ် မစောင်းကြဖူးလေ …. စောင်းတဲ့လူလဲရှိတာပေါ့ …. ဒါပေမယ့်တော်တော်ရှားတယ် …နေ့ခင်းတုန်းကတော်တော်ပူတော့ ညမှာလေညင်းခံချင်တော့ ဆိုင်ကယ်ဦးထုပ်မစောင်းကြဖူး တချို့ကြတော့လဲ ဆံပင်ပုံပျက်မှာဆိုးလို့ .. တချို့ကြ ……… အကြောင်းအမျိုးပေါ့ …သူများသာပြောနေတယ် ပေါက်ပေါက်ဆုပ်ကလဲ ဆိုင်ကယ်ဦးထုပ်မစောင်းချင်ဖူး.. ဒါပေမယ့်လဲ ဖမ်းခံရမှာဆိုးလို့ စောင်းရတယ် တခါဖမ်းခံရရင် ဒဏ်ငွေကိုက ၁သောင်းကျော်တယ် နှမြောတာပေါ့ မစားရက်မသောက်ရက် စုထားတဲ့မုန့်ဖိုးလေး အလကားပေးလိုက်ရတယ်ဆိုတော့ …. အိမ်ကလဲပြန်မတောင်းရဲဖူး ကိုယ့်ကြောင့်ဖြစ်တာဆိုတော့လဲ … ရှိသမျှလေးတွေ
ရှာကြံခြစ်ချုပ်ပြီး ပေးရတာပေါ့ ….
( အရင်တုန်းကဆိုရင် ၂ထောင်ကျော်လောက်ဆိုရင်ရပြီ ခုကမူပြောင်းသွားပြန်ပြီလေ…သောင်းချီစောင်ရတာ )

တခါကလဲ ဒီနာလေးပဲဆိုပြီးလိုင်စင်ယူမသွားမိဖူး … လမ်းကြတော့ လိုင်စင်စစ်တာနဲ့တွေ့ရော ပြန်ပြေးလို့ကလဲမရ လေးဖတ်လေးလံပိတ်ပြီးတော့ဖမ်းတာဆိုတော့ … ပြေးလို့လွတ်မှာလဲဟုတ်ဖူး … မလွတ်မဲ့အတူတူအဖမ်းခံလိုက်တယ် (တော်ကြာ ထွက်ပြေးလို့ဆိုပြီး နောက်ထပ် ၁မှုတိုးနေအုံးမယ် )…. အဲတုန်းကတော်တော်ဆိုးတယ် အဒီမှာတင် တခါတဲစောင်မယ်ဆိုတာကိုမရဖူး လူပါတခါတဲခေါ်သွားတယ် ရုံးထဲကို ပိုက်ပိုက်ကလဲမပါတော့ အိမ်ခဏပြန်ယူအုံးမယ်ဆိုပြီး … ဒစ်ဝိုင်းထားခဲ့ရတယ် အိမ်ပြန်ပိုက်ဆံယူပြီး ဖမ်းခံရတဲ့နေရာပြန်သွားရတယ် .. ပြီးတော့မှ သူတို့ခေါ်တဲ့ တိုင်းရုံးထဲလိုက်သွားရတယ် .. ရောက်တာနဲ့ဆိုင်ကယ်ကို တခါတဲ ခြံထဲထည့်ပြီးသော့ခတ်လိုက်တာ … အော် ဆိုင်ကယ်ထောင်ကြတယ်ဆိုတာ ဒါပါလားလို့.............

အဲတုန်းကဆို ဆိုင်ကယ်တွေမိတာများ အများဆို အများကြီးပဲ ….. ရုံးမှာ စောင်ရတာက ၁သောင်း … ဆိုင်ကယ်ပြန်ရွေးဖို့က ၂ထောင် အားလုံး ၁သောင်း၂ထောင်တောင် ကုန်တယ်
၁စီး ၂ထောင်ဆိုတော့ ၁၀စီးကို ၂သောင်း …. အစီး ၁၀၀ ဆိုရင် ၂သိန်း အမလေးးးး
သူတို့များတော့ ပိုက်ပိုက်ရှာရလွယ်လိုက်တာနော် ……


ခုဆိုရင် ညဖက် လိုင်စင်စစ်တွေရှိတာကို တွေ့ခဲ့တဲ့ဆိုင်ကယ်တွေက ဦးထုပ်မဆောင်းတဲ့လူတွေကိုလိုက်ပြောပေးတယ် တချို့ယုံတဲ့လူကတော့ပြန်ကွေ့သွားတယ်
မယုံတဲ့လူကတော့ လာနောက်နေတယ် ဒီအချိန်ကြီး ဘယ်ကမော်တော်ပီကယ်လာဖမ်းမှာလဲ ဆိုပြီးရှေ့ဆက်သွားတယ် … သွားတော့တဲ့တဲ့ကြီးကိုတွေ့ရော

အင်းး… တာဝန်သိပြည်သူတွေကတော့ သတိပေးပါတယ် မယုံတော့လဲမတတ်နိုင်ဖူးပေါ့ ဟုတ်ဖူးလား

တော်ပြီဆက်ပြောတော့ဖူး ဆိုင်ကယ်တွေပြန်ဖမ်းနေပြီဆိုလို့ အရင်တုန်းက ကံဆိုးခဲ့တာလေး
သတိပြန်ရသွားလို့ရေးလိုက်တာ

ဘလော့ပေါ်က မန်းလေးမှာနေတဲ့သူငယ်ဂျင်းတွေလဲ သတိထားကြအုန်းနော် … ညဆို ဆိုင်ကယ်ဦးထုပ်မဆောင်းရင်ပြန်ဖမ်းနေပြီသိလား သတိထားကြအုန်းနော်



2 comments:

Layma said...

ပေါက်ပေါက်ရေ….မလေး မန်းလေးမှာ ကျောင်းတက်တုန်းကတော့ ဦးထုပ်မစောင်းချင်လို့  ဘဲဥတွေ မရှိတဲ့ လမ်းကြိုလမ်းကြားတွေကနေသွားတာ…..ဒါပေမယ့် မလွတ်ပါဘူး….တခါတလေ ၀မ်းရေးပေါ့ဗျာလို့ ပြောတဲ့ ဘဲဥနဲ့ တွေ့ ရင် အိုကေတယ်….

Myo Kyaw Htun said...

ကျွန်တော်လဲ အရင်တုန်းက ဆောင်းလေ့ဆောင်းထ မရှိဘူး။ ခဏခဏ ဒဏ်ငွေဆောင်ရတယ်ရယ်၊ နောက်ပိုင်း ဒဏ်ကြေးကြီးလာတာကြောင့် နီးနီးဝေးဝေး ဆောင်းဖြစ်သွားတယ်။ ဆောင်းလိုက်တာ ကောင်းပါတယ်။ အန္တရာယ်လဲ ကင်း... ;)

နောက်ပိုင်း check နဲ့တွေ့ရင်လဲ အေးဆေး အစစ်အဆေး ခံ ပြီးတော့ အဲ့ဒိ့လူတွေလဲ အာလာပသာလာပ လုပ်ရင်းနဲ့ သူတို့ထဲက လူတွေနဲ့လဲ မျက်မှန်းတမ်းမိ ခင်မင်မိတာတွေလဲ ရှိပါတယ်။ တစ်ချို့ အသေးအမွှား ကိစ္စတွေဆိုလဲ အေးဆေးပေါ့။

ဘာပဲ ဖြစ်ဖြစ် ဦးထုပ်ဆောင်းတာ ကောင်းပါတယ်ဗျာ။