လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Wednesday, September 12, 2007

ဆောင်းတွင်းအေးအေး

သန့်ဇော်မင်းကြီး တတ်ထားတာလဲကြာပြီ ရေးမယ်ရေးမယ်နဲ့ ဟန်ပြင်နေတာ ရေးမပြီးတေးလို့ ရေးတာကရေးမပြီးတေးဖူး တတ်ဖို့ကြိုတင်ဘိုကင်လုပ်ထားတယ်
အပ်မိန်ဆီမာ ဟိဟိ … ဒီနေ့တော့ မရေးမပြီး မပြီးမတတ်ရဆိုသလို အပြီးရေးပြီး
တတ်လိုက်ပါအုံးမယ် … ပထမဆုံး သန့်ဇော်မင်းကြီးကို ကျေးဇူး ….
ပေါက်ပေါက်ဆုပ်ကို သတိတရလေး တတ်ပေးလို့ ပေါက်ပေါက်ဆုပ်ဘလော့ခ်လေးလဲ သန့်ဇော်မင်းကြီးတတ်တာရေးပေးရင်း အသက်ဆက်နေရတယ် ဟိဟိ ….. မန်းလေးဆောင်းတွင်းနဲ့ပတ်သက်တာလေးရေးရမယ်ဆိုတော့ ပထမဆုံး ငယ်ငယ်တုန်းက
သင်ခဲ့ရတဲ့ အချုပ်တန်းဆရာဖေ ရေးခဲ့တဲ့ “ ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင်
လမ်းဆုံးကအော်လိုက်ချင် ” ဆိုတဲ့ ကဗျာလေးကိုသတိရမိတယ် ….. တခါတလေ ပေါက်ပေါက်ဆုပ်လဲ အဲလို လမ်းဆုံထွက်အော်လိုက်ချင်တယ် ဒါပေမယ့် ကားတိုက်ခံရမှာ ဆိုးလို့ ဟိဟိ

မန်းလေးဆောင်း ကတော့ ဟုတ်ပါတယ် မနက်စောစောနဲ့ ညပိုင်းတွေဆိုရင်အရမ်းချမ်းတာ … ချမ်းချမ်းနဲ့ ဂွမ်းစောင်ထူထူနဲ့ကွေးလို့ကောင်းမှကောင်း အဲဒီလိုဆောင်းတွင်းဆိုရင် မနက်စောစောထပြီး မန်းလေးတောင်ခြေကျင်တတ်ရတာ ပျော်ဖို့အရမ်းကောင်းတာပဲ တောင်ပေါ်တတ်တုန်းကတော့ ကိုယ့်ဇောနဲ့ကိုမို့ ဗိုက်ဆာမှန်းမသိရဖူး … အဲတော့တောင်ခြေလဲရောက်ရော် ဗိုက်ကဖြည့်ရသေးတယ် …. တခါတလေ ဒေါ်ရွှေကြက်ပေါင်းခေါက်ဆွဲ … တခါတလေကြရင် မြေအိုးမြီးရှည် … ၀ါးဝါး .. ချမ်းချမ်းစီးစီးနဲ့ စားလို့ကောင်းမှကောင်း အင်း ပြန်ရောက်လို့ရှိရင်တော့ ပင်ပန်းပြီးပြန်အိပ်ပြီပဲ … ဒါတွေကတော့ ဆောင်းတွင်းမနက်တိုင်း လုပ်နေကျဟုတ်ပါဖူး ဆောင်းတွင်း သုံးလလောက်မှာ ၃ ခါလောက်ပဲ လုပ်နေကျလေးတွေပါ ဆောင်းတွင်းဆိုရင် ဒုက္ခရောက်တာ တခုရှိတယ် အဲဒါကတော့ ရေချိုးရတဲ့ ဒုက္ခပဲ … ဟိဟိ ဆောင်းတွင်းမှာဆိုရင် သီတင်းကျွတ်မီးထွန်းပွဲတော် ရှိတယ် … သီတင်းကျွတ်လပြည့်ညဆိုရင် ကျုံးဖက်မှာ ဆိုင်ကယ်တွေနဲ့ မီးရှူးပန်းလှည့်ဖောက်နေကြတယ် … နောက်ပြီး ကျောက်တော်ကြီးဘုရားပွဲလဲရှိတော့ ကျုံးအရှေ့ဖက် ကျောက်တော်ကြီးဘုရားနားမှာ ကြိတ်ကြိတ်တိုးနေတာပဲ ….တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် ပျော်ပွဲစားချင်လို့ပါဆိုပြီး မုန့်ဖိုးတွေလိုက်တောင်းကြတယ် … မုန့်လုံးရေပေါ်လည်စားကြတယ် အဲဒီညမှာဆိုရင် မယ်ဇလီဖူးသုပ်စားရင် ဆေးဖက်ဝင်တယ် ရောဂါကင်းတယ်ဆိုလို့ ည သန်းခေါင် ၁၂ နာရီလောက်လဲထစားတာပဲ အင်း … ဒီဇင်ဘာလမှာဆိုရင် ခရစ်စမတ် ပွဲရှိတယ် … နယူးရီးယားညလေးလဲရှိတယ် …. ထမင်းနဲ ပွဲလဲရှိတယ် …. စာရေးတံမဲပွဲလဲရှိတယ် … နောက်ပြီးကျန်သေးတယ် …. ပေါက်ပေါက်ဆုပ် မွေးနေ့လဲရှိတယ် …. နောက်ပြီးတော့တွေအများကြီး အများကြီးကျန်သေးတယ် … ဆက်မရေးတတ်တော့ဖူး … ဂလောက်ဆိုရင်ရပြီထင်တယ်

သန့်ဇော်မင်းကြီး ဆောင်းတွင်းအကြောင်းကို ချမ်းချမ်းအေးအေးလေးရေးရအောင်ဆိုပြီး
တတ်လိုက်ပေမယ့် ဒီမှာ ယပ်ခက်ပြီးတော့ရေးနေရတယ် ပူလွန်းလို့ ဟိဟိ …. ရေးလို့တော့ပြီးတွားပြီ တတ်စရာရှိတာတတ်လိုက်အုံးမယ်

အပ်မိန်
ပီရို
ဂျူဂျူး
မလေး
အာလူးပုတ်
ဇော်သက်ကြီး
စတီဗင်ကြီး
နေရာသစ်ကြီး
တေးမွန်ကြီး
ဘလင့်ကြီး
ယားယားလေး

ဂလောက်ဆိုရလောက်ပါပြီ

4 comments:

Layma said...

၃ လမှာရေဘယ်နှစ်ရက်ချိုးလဲ မှန်မှန်ကြော....

ပေါက်ပေါက်ဆုပ် said...

အမ် ... ကျောကျဖူး :P

Unknown said...

အော် ဂယ်ရေးပီး တွားပီပဲ... :P
အုတ်ပါ့... မန္တလေးဆောင်းတွင်းက သိပ်ပျော်ဖို့ အရမ်း ကောင်းတာပဲ....
အပ်မိန်လဲ ပြန်ရေးပေးမယ်... ဟနလေးစောင့်.. :P

သန့်ဇော်မင်း said...

ပေါက်ပေါက်ရှုပ်လေး...
ဆောင်းအကြောင်းကို ယပ်ခပ်ပြီးရေးလိုက်ရတာ.. တော်တော်ကို ချွေးပြန်သွားမှာပဲ..
နာ့တနယ်ဂျင်းလေး တနားပါတယ်.. ရှောတီးရှောတီး.
မမလေးရေ.. ပေါက်ပေါက်ရှုပ်လေးက မန်းလေးတောင် သွားတက်တဲ့ နေ့လေးတော့ ရေချိုးမယ်ထင်ပါတယ်.. (ဟုတ် တယ်ဟုတ်..)
လမ်းဆုံမှာထွက်အော်ရင် ကားတိုက်မှာစိုးရင် ညသန်းခေါက်လောက်မှာအော်လေ။
ပေါက်ပေါက်ဆုပ် မွေးနေ့ကြရင်တော့ မုန့်လာစားဦးမှပဲ