လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Showing posts with label ဒီလို...ဒီလို tag ခံရတယ်. Show all posts
Showing posts with label ဒီလို...ဒီလို tag ခံရတယ်. Show all posts

Wednesday, June 20, 2007

မိုးတွေရွာရင်

မိုးအကြောင်းရေးလို့  သန့် ဇော်မင်းက တတ်လိုက်တော့လဲ
ရေးရတော့မပေါ့လေ……….ဘာတွေရေးရမလဲဆိုတာကို မသိတော့
ဟိုလူရေးထားတာကြည့်လိုက် ဒီလူရေးတာကြည့်လိုက်နဲ့ ကြည့်လိုက်တော့
ဘာမြင်တယ် မှတ်သလဲ မန်းလေးမြို့ ကြီးချိုင့်ပေါတာကိုမြင်လိုက်ရတယ် ဟိဟိ ……
ဟုတ်တော့လဲဟုတ်တယ် မန်းလေးမြို့ ရဲ့ချိုင့် ပေါချက်ကတော့ လကမ္ဘာပေါ်က
ို ရောက်သွားသလားထင်ရတယ် ….. ဒါပေမယ့် အဲဒါတွေကတော့
တခါတုန်းကပေါ့  ( ရသ နဲ့  ဂျင်နီ ဆိုတဲ့သီချင်းမဟုတ် )
ခုတော့အဲလိုဟုတ်တော့ဖူးလားမေးလာရင်တော့ ဟုတ်တော့ဟုတ်သေးတယ်
ဒါပေမယ့် အရင်ကလောက်တော့မဆိုးတော့ဖူးပေါ့ ။ အဲလိုဆိုတော့လဲ
အထင်ကြီးမသွားနဲ့ အုံး …. ကိုယ့်အားကိုယ်ကိုးလမ်းတွေပါ …….. ဟိဟိ
မိုးအတွေရွာရင်ဆိုတဲ့အကြောင်းကနေ ဘယ်တွေရောက်ကုန်ပါလိမ့် …….
မိုးတွေရွာရင် ငယ်ငယ်တုန်းကတော့ အရမ်းပျော်တာပေါ့ မိုးရွာရင်
ကျောင်းထဲမာထီးတချောင်းနဲ့ လျောက်သွားလို့ ရတယ် …. နောက်ပီးမိုးရွာတော့
အတန်းထဲမာလူမစုံလို့ ဆိုပီး စာမသင်ဖူးသင်တဲ့ဆရာမကတော့သင်တယ် မသင်တာကများတယ် ။။။။။။။။။
မှတ်မိသေးတယ် ၂၀၀၃ လောက်ကထင်တယ် အင်္ဂလိပ်စာဖြေတဲ့နေ့ ကြီး
မိုးတွေရွာတာ အဲဒီ မိုးကညကတည်းကရွာတာ ညတုန်းကမိုးရွာတာသိတယ်လေ
အိပ်ကောင်းကောင်းနဲ့ အိပ်တာအေးဆေးပေါ့ … မိုးလင်းတဲ့ထိမတိတ်သေးဖူး မိုးလင်းလို့ ပြတင်းပေါက်ဖွင့်လိုက်တော့မှအားပါးပါး အိမ်ရှေ့ မှာ ရေပြင်ကြီးဖြစ်နေတာ
ပလက်ဖောင်းတောင်မမြင်ရတော့ဖူး ……….ဒါနဲ့ ကျောင်းစောစောသွားမှဖြစ်မယ်ဆိုပီး
အစောဆုံးထွက်တာပဲ ဒါပေမယ့်ကျောင်းကို တစ်နာရီခွဲကျော်နောက်ကျပီးမှရောက်တယ် အတန်းထဲရောက်တော့ လူလဲမစုံသေးပါဖူး ။ကိုယ့်ထက်နောက်ကျတဲ့လူတွေတောင်ရှိသေး …
အဲဒါကားနဲ့ လာတဲ့လူတွေလေ လမ်းမှာကားတွေပိတ်နေလို့ လမ်းလျှောက်လာကြတဲ့လူတွေ ... ကိုယ်တို့ ကတော့ ဆိုင်ကယ်နဲ့ ဆိုတော့အေးဆေးပဲ ဟိုကြားက၀င်ဒီကြားက၀င်နဲ့ ရောက်သွားတာလေ... အဲဒီနေ့ ကတော့နော် အတန်းစောင့်တဲ့ ဆရာ ၊ ဆရာမတွေက ဘာမပြောဖူး လုံးဝလုံးဝ အေးဆေးပဲ ….. ဟိဟိ

မိုးသီချင်းလေးကိုတော့သတိရတယ် ငယ်ငယ်တုန်းကမိုးတွေရွာရင်ဆိုနေကြသီချင်းလေးပါ

~~~မိုးရွာရင်မိုးရေချိုးမယ် မေမေလာရင်နို့ စို့ မယ် ~~ ဖေဖေလာရင်အုန်းသီးခွဲစားမယ်

ခုတခေါက်မိုးကလဲ တော်တော်သည်းတယ် အိမ်ထဲထိတောင်ရေ၀င်တယ်
ဒါတွေကတော့မိုးနဲ့ ပတ်သတ်တဲ့ အမှတ်တရလေးတွေပါ ………

မိုးတွေရွာရင်တော့ အိမ်ရှေ့မှာထိုင်ပြီး ဖြတ်သွားနေတဲ့ ဆိုင်ကယ်တွေ ကားတွေကို
ထိုင်ကြည့်နေတတ်တယ် ။ တခါတလေ သီချင်းလေးနဲ့ ငြိမ့်နေတတ်တယ် ။ တခါတလေကြ
မိုးအေးအေးနဲ့ ကွေးနေတတ်တယ်..............
ကဲရေးလို့ တော့ပီးဝါးပီ ပြန်တတ်စရာ ၂ယောက်တော့ကျန်သေးတယ်
အဲဒီလူတွေကတော့………
အာလူးလေး
ယားယားလေး
တို့ ကိုတတ် ( tag )လိုက်ပီနော် ပြန်ရေးပေးကြအုံး တတ်တယ်ထင်ပီး ခြေမချိုးမနေနဲ့ အုံး

အစအဆုံးဆိုရင်

Thursday, April 26, 2007

ပေါက်ပေါက်ဆုပ်ရဲ့ထူးခြားတဲ့အကျင့်( ၁၀ ) မျိုး

ahmei ကပြောထားတယ် ထူးခြားတဲ့အကျင့်လေးတွေရေးပေးပါတဲ့
မရေးရင် အိမ်မက်ထဲမှာသရဲရုပ်ဆိုးဆိုးကြီးလိုက်လိမ့်မယ်တဲ့။ အဲဒါကြောင့်
ahmei ပြောစကားလဲနားထောင်ရင်း သရဲကြီးကိုလဲကြောက်ရင်းနဲ့ 
ပေါက်ပေါက်ဆုပ်ရဲ့
ထူးခြားတဲ့အကျင့်ဆိုးကြီးတွေကို ဖောက်သည်ချလိုက်ရပါတယ်.. ဒန်တန့် တန်

နံပါတ်မှာ တစ် ။ မနက်စောစောအိပ်ရာမထချင်ဖူး။
ကျူရှင်တက်မယ်ဆိုလဲ မနက်အစောကြီးထရတဲ့ ကျူရှင်ကိုမယူဖူးလေ။ မနက် ၈ နာရီဆိုရင်တော့ အိပ်ရာထရပြီ။ မထလို့ ကလဲမရဖူးလေ မထသေးမချင်း
နှိုးနေလို့ 


နံပါတ်မှာ နှစ် ။
သွားတိုက်တာ ၁ နာရီလောက်ကြာတယ်တဲ့ ( အိမ်ကလူတွေ
ပြောကြတာပဲ ... ကိုယ်ဟာကိုတော့ အဲ့လောက်ကြာတယ် မထင်ပေါင် )

နံပါတ်မှာ သုံး ။
စိတ်ညစ်စရာရှိရင် သူငယ်ချင်းတစ်ယောက်ယောက်ဆီသွားပြီး င်္ငြီးတတ်တယ် ။
(စိတ်ညစ်တာမပျောက်သေးမချင်းပေါ့ ) သူငယ်ချင်းက ဒီသီချင်းလေးဆိုပြတတ်တယ် ~~ဒုက္ခခံရအုန်းမယ်~~ဒုက္ခခံရအုန်းမယ်

နံပါတ်မှာ လေး ။
ဥာဏ်လည်းကောင်းဖူး ... လူများတွေ ၁ ခေါက်လောက်နဲ့ ရတာဆို
ပေါက်ပေါက်ဆုပ်က ၃ ခေါက်လောက်မှ ရတက်တယ် :(

နံပါတ်မှာ ငါး ။
သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖိုချိန်းရင် ထိပ်ဆုံးကနေ တက်တက်ကြွကြွ
ပါဝင်တက်တယ်။ ဒါပေမယ့်ပေါ့လေ တကယ်တမ်းသွားကြတဲ့ အခါကြတော့ ထိပ်ဆုံးကနေ ကျန်နေရစ်တာ စိတ်မကောင်းစရာပဲပေါ့ ( အကြောင်းကြောင်းကြောင့်ပေါ့ )

နံပါတ်မှာ ခြောက် ။
ဘ၀မှာတခါလောက်တော့ ထီဆုကြီးကြီးပေါက်ကြည့်ချင်တယ်။ အဲ့ခါကြရင် ထက်ထက်မိုးဦးလိုပဲ ကာတီးယားစိန်တိုက်က စိန်တွေဝယ်ပြီးတော့ တစ်ကိုလုံးကို စိန်စီပြစ်လိုက်မှာ ဘာမှတ်လဲ ဟိဟိ ..

နံပါတ်မှာ ခွန်နှစ် ။
window shooping ( ကိုင်ကြည့်ပြန် ) ထွက်တာလဲဝါသနာပါတယ် ။ window shopping တွေများနေလို့ တချို့ ဆိုင်တွေဆိုရင် ပေါက်ပေါက်ဆုပ်တို့ ကိုမျက်မှန်းတန်းမိနေလောက်ပြီ ( မဖြစ်ဖူးနောက်တခါကြရင် ရုပ်ဖျက်သွားမှပဲ )

နံပါတ်မှာ ရှစ် ။ ဘောလ်ပင်လှလှလေးတွေစုတာလဲ ကြိုက်တာပဲ ။ အဲဒါကြောင့်ပေါ့ ဘောလ်ပင်လှလှလေးတွေဆို ပေါက်ပေါက်ဆုပ်စီမှာ သိပ်မရှိတော့ဖူး ။ သူငယ်ချင်းတွေပေါ့ ကြိုက်လို့ ဆိုပြီးယူယူသွားကြတာ ကိုယ်ကလဲမနေနိုင် မထိုင်နိုင်သွား ကြွားမိတာကိုး :( နောက်တော့သူတို့ မမြင်အောင် သိမ်းထားတာပေါ့ ဘယ်ရမလဲ

နံပါတ်မှာ ကိုး ။ ဆံပင်ဆိုရင်လဲ အရောင်အမျိုးမျိုးဆိုးတက်တယ် ( ဆံပင်လဲအငြိမ်မနေရပါဖူး ) ခုတော့ဆံပင်တွေ အရမ်းပျက်စီးနေလို့ ခဏငြိမ်နေတယ် ( နဲတောင်နဲသေးတယ် )

နံပါတ်မှာ တစ်ဆယ် ။ တယောက်ထဲပဲ အမြဲတမ်းရှုပ်ရှက်ခက်နေလို့  သူငယ်ချင်းတွေကြားမှာ နာမည်ပြောင်တစ်ခုရထားတယ် သိလား .... အဲဒါကတော့ပြောပြတော့ဖူးနော့။

ဒီလောက်ဆိုရင်တော့ရလောက်ပြီထင်တယ် ... ပေါက်ပေါက်ဆုပ်ရဲ့ အကျင့်ဆိုးကြီးတွေအကုန်သိကုန်ကြတော့မယ် .. :P

ဒီလိုရေးပြီးသွားတော့ ရုပ်ဆိုးဆိုးသရဲကြီးလဲ မလာတော့မှာဖြစ်ပြီး အိမ်မက်လှလှလေးတွေပဲ မက်တော့မှာဖြစ်ပါတယ်.. ဒန်တန့် တန်

အစအဆုံးဆိုရင်