လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Showing posts with label ဒီလို...ဒီလို tag ခံရတယ်. Show all posts
Showing posts with label ဒီလို...ဒီလို tag ခံရတယ်. Show all posts

Wednesday, September 12, 2007

ဆောင်းတွင်းအေးအေး

သန့်ဇော်မင်းကြီး တတ်ထားတာလဲကြာပြီ ရေးမယ်ရေးမယ်နဲ့ ဟန်ပြင်နေတာ ရေးမပြီးတေးလို့ ရေးတာကရေးမပြီးတေးဖူး တတ်ဖို့ကြိုတင်ဘိုကင်လုပ်ထားတယ်
အပ်မိန်ဆီမာ ဟိဟိ … ဒီနေ့တော့ မရေးမပြီး မပြီးမတတ်ရဆိုသလို အပြီးရေးပြီး
တတ်လိုက်ပါအုံးမယ် … ပထမဆုံး သန့်ဇော်မင်းကြီးကို ကျေးဇူး ….
ပေါက်ပေါက်ဆုပ်ကို သတိတရလေး တတ်ပေးလို့ ပေါက်ပေါက်ဆုပ်ဘလော့ခ်လေးလဲ သန့်ဇော်မင်းကြီးတတ်တာရေးပေးရင်း အသက်ဆက်နေရတယ် ဟိဟိ ….. မန်းလေးဆောင်းတွင်းနဲ့ပတ်သက်တာလေးရေးရမယ်ဆိုတော့ ပထမဆုံး ငယ်ငယ်တုန်းက
သင်ခဲ့ရတဲ့ အချုပ်တန်းဆရာဖေ ရေးခဲ့တဲ့ “ ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင်
လမ်းဆုံးကအော်လိုက်ချင် ” ဆိုတဲ့ ကဗျာလေးကိုသတိရမိတယ် ….. တခါတလေ ပေါက်ပေါက်ဆုပ်လဲ အဲလို လမ်းဆုံထွက်အော်လိုက်ချင်တယ် ဒါပေမယ့် ကားတိုက်ခံရမှာ ဆိုးလို့ ဟိဟိ

မန်းလေးဆောင်း ကတော့ ဟုတ်ပါတယ် မနက်စောစောနဲ့ ညပိုင်းတွေဆိုရင်အရမ်းချမ်းတာ … ချမ်းချမ်းနဲ့ ဂွမ်းစောင်ထူထူနဲ့ကွေးလို့ကောင်းမှကောင်း အဲဒီလိုဆောင်းတွင်းဆိုရင် မနက်စောစောထပြီး မန်းလေးတောင်ခြေကျင်တတ်ရတာ ပျော်ဖို့အရမ်းကောင်းတာပဲ တောင်ပေါ်တတ်တုန်းကတော့ ကိုယ့်ဇောနဲ့ကိုမို့ ဗိုက်ဆာမှန်းမသိရဖူး … အဲတော့တောင်ခြေလဲရောက်ရော် ဗိုက်ကဖြည့်ရသေးတယ် …. တခါတလေ ဒေါ်ရွှေကြက်ပေါင်းခေါက်ဆွဲ … တခါတလေကြရင် မြေအိုးမြီးရှည် … ၀ါးဝါး .. ချမ်းချမ်းစီးစီးနဲ့ စားလို့ကောင်းမှကောင်း အင်း ပြန်ရောက်လို့ရှိရင်တော့ ပင်ပန်းပြီးပြန်အိပ်ပြီပဲ … ဒါတွေကတော့ ဆောင်းတွင်းမနက်တိုင်း လုပ်နေကျဟုတ်ပါဖူး ဆောင်းတွင်း သုံးလလောက်မှာ ၃ ခါလောက်ပဲ လုပ်နေကျလေးတွေပါ ဆောင်းတွင်းဆိုရင် ဒုက္ခရောက်တာ တခုရှိတယ် အဲဒါကတော့ ရေချိုးရတဲ့ ဒုက္ခပဲ … ဟိဟိ ဆောင်းတွင်းမှာဆိုရင် သီတင်းကျွတ်မီးထွန်းပွဲတော် ရှိတယ် … သီတင်းကျွတ်လပြည့်ညဆိုရင် ကျုံးဖက်မှာ ဆိုင်ကယ်တွေနဲ့ မီးရှူးပန်းလှည့်ဖောက်နေကြတယ် … နောက်ပြီး ကျောက်တော်ကြီးဘုရားပွဲလဲရှိတော့ ကျုံးအရှေ့ဖက် ကျောက်တော်ကြီးဘုရားနားမှာ ကြိတ်ကြိတ်တိုးနေတာပဲ ….တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် ပျော်ပွဲစားချင်လို့ပါဆိုပြီး မုန့်ဖိုးတွေလိုက်တောင်းကြတယ် … မုန့်လုံးရေပေါ်လည်စားကြတယ် အဲဒီညမှာဆိုရင် မယ်ဇလီဖူးသုပ်စားရင် ဆေးဖက်ဝင်တယ် ရောဂါကင်းတယ်ဆိုလို့ ည သန်းခေါင် ၁၂ နာရီလောက်လဲထစားတာပဲ အင်း … ဒီဇင်ဘာလမှာဆိုရင် ခရစ်စမတ် ပွဲရှိတယ် … နယူးရီးယားညလေးလဲရှိတယ် …. ထမင်းနဲ ပွဲလဲရှိတယ် …. စာရေးတံမဲပွဲလဲရှိတယ် … နောက်ပြီးကျန်သေးတယ် …. ပေါက်ပေါက်ဆုပ် မွေးနေ့လဲရှိတယ် …. နောက်ပြီးတော့တွေအများကြီး အများကြီးကျန်သေးတယ် … ဆက်မရေးတတ်တော့ဖူး … ဂလောက်ဆိုရင်ရပြီထင်တယ်

သန့်ဇော်မင်းကြီး ဆောင်းတွင်းအကြောင်းကို ချမ်းချမ်းအေးအေးလေးရေးရအောင်ဆိုပြီး
တတ်လိုက်ပေမယ့် ဒီမှာ ယပ်ခက်ပြီးတော့ရေးနေရတယ် ပူလွန်းလို့ ဟိဟိ …. ရေးလို့တော့ပြီးတွားပြီ တတ်စရာရှိတာတတ်လိုက်အုံးမယ်

အပ်မိန်
ပီရို
ဂျူဂျူး
မလေး
အာလူးပုတ်
ဇော်သက်ကြီး
စတီဗင်ကြီး
နေရာသစ်ကြီး
တေးမွန်ကြီး
ဘလင့်ကြီး
ယားယားလေး

ဂလောက်ဆိုရလောက်ပါပြီ

အစအဆုံးဆိုရင်

Thursday, August 23, 2007

မရှိမဲ့ ရှိမဲ့ ပိုစ့်လေး ၅ ခု

ဒီနေ့တော့ cbox လေးထဲမှာ သူငယ်ဂျင်း အဟောင်းလေးတွေ အသစ်လေးတွေရဲ့ အော်သံတွေကို ဖတ်နေတာ သန့်ဇော်မင်းကြီးနဲ့ မလေးတို့က တတ်ထားတယ်ဆိုပြီး အော်ထားတာတွေ့လို့ အပြေးလေးသွားကြည့်ရတယ်ဘာတွေများ တတ်ထားပါလိမ့်ဆိုပြီးတော့ပေါ့ ..... ခက်ခက်ခဲခဲတွေဆိုရင်တော့ သေပြီ .... ပေါက်ပေါက်ဆုပ်ကအရေးအသားက ခက်ကောင်းကောင်းဆိုတော့ .......... တော်ပါသေးရဲ့ ကိုယ်ရေးထားတဲ့ ပိုစ့်တွေထဲက အကြိုက်ဆုံး ၅ ခုကိုရွေးပေးပါတဲ့ ၅ ခုဆိုတော့ နဲများနဲနေမလားလို့ နဲပါဖူး ၅ခုကြီးများတောင် အများဂျီးပဲဟာ ရှာလိုက်ဖွေလိုက်တယ် ပေါက်ပေါက်ဆုပ် အကြိုက်ဆုံးပိုစ့်လေးတွေကို ......

၁ ။ ဦးပေါ်ဦး နဲ့ ဆရာတော်ဦးဗုဓ အဲပို့စ်လေးကိုကြိုက်တယ် ဘာလို့လဲဆိုတော့ ဆရာတော်ပြောလိုက်တဲ့စကားတွေက အဓိပ္ပာယ်လဲရှိတယ် ရီလဲရီရတယ် ဦးပေါ်ဦးကတောင် စကားနိုင်လုမပြောနိုင်လို့လေ

၂ ။ အဖေ ဆိုတဲ့ပိုစ့်လေး ကိုလဲကြိုက်တာပဲ

၃ ။ ဟော့ပေါ့အကြောင်း လေးလဲကြိုက်တာပဲ ... ဘာလို့လဲဆိုတော့ ဟော့ပေါ့ကိုကြိုက်လွန်းလို့

၎ ။ မြေခွန်လေခွန်ကောက်သောဦးပေါ်ဦး ပိုစ့်လေးကိုလဲကြိုက်တယ် ဦးပေါ်ဦးက ရှေ့ဖြစ်မှာကိုကြိုသိတယ်နဲ့

တူတယ်

၅ ။ ပေါက်ပေါက်ဆုပ်ရဲ့အကျင့်(၁၀)မျိုး အဲဒါကျတော့ ပေါက်ပေါက်ဆုပ်ရဲ့ ကောင်းတဲ့အကျင့်ရော အကောင်းတဲ့အကျင့်ရော ရေးထားရလို့ သဘောကျလိုက်တာပဲ

ပိုစ့်၅ခုတော့ ပြည့်သွားပြီ ..... မလေး နဲ့ သန့်ဇော်မင်းကြီး ရေ ပေါက်ပေါက်ဆုပ်ရေးပြီးသွားပြီနော် ... ရေးထားတာကတော့ကြာပြီ ကွန်နက်ရှင်မကောင်းလို့ ခုမှပဲတင်လိုက်ရတယ် ....

ဘယ်ဒူကိုထပ်တက်ရမလဲ လိုက်ချောင်းတာ သူငယ်ဂျင်းတွေအကုန်ပြီလုံးရေးပြီးသွားကျပြီ ... ကျန်တဲ့သူငယ်ဂျင်း လေးတွေကျတော့လဲ ပိုစ့် ၅ ခုတောင်မကျော်သေးဖူး ရေးထားတာ .... အဲတော့ တတ်လို့ရတော့ဖူး ..... နောက်မှ စောစောရေးပြီး လူများတွေထပ် ဦးအောင်တတ်ရမယ် ဟဲဟဲ .....

ခုတော့ တတ်ရမယ်လူတွေ့သွားပြီ စတီဗင်ကြီးပဲဖြစ်ပါတယ် ..... Steven Alexand ကြီးကိုတော့ ဂျောက်ချလိုက်ပြီ ...... ရေးပေးပါ ... ရေးပေးပါ ... ရေးပြီးရင်လဲ လက်တို့လိုက်အုံးနော်


အစအဆုံးဆိုရင်