လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

Tuesday, May 22, 2007

ကဗျာပုံပြင်

ကဗျာဆိုလို့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို သွားပြီးသတိရမိတယ် ။ အဲပုံပြင်ထဲက ကဗျာလေးကို အရင်ရေးပြမယ် ။ ကဗျာလေးဘယ်လိုဖြစ်လာတယ်ဆိုတာစိတ်ဝင်စားရင်တော့ ဆက်ပြီးဖတ်ကြည့်ပေါ့နော်။
ကဗျာလေးကတော့

ရိုးမြင့်ရွက်ရှည်
တိုးဆင့်ခက်ဝေ
မိုးမြင့်ထက်မလေ
ဂိုးဂွင့်ဂွက်ဂွေ

အိုးဖြင့်ဖက်မလေ
အိုး.. သခင်ထွက်မလေ

အဲဒီပုံပြင်လေးကတော့ ………
တခါတုန်းက ရွာတစ်ရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကဗျာစပ်တာ
အရမ်းဝါသနာပါတဲ့ ဦးပဉ္ဖင်းတစ်ပါးရှိတယ် ။ နောက်ပြီး အဲဒီကျောင်းမှာ
ကိုရင်ကြီးတစ်ပါးလဲရှိတယ်။ တစ်နေ့ ညနေခင်းမှာ ဦးပဉ္ဖင်းက
ပြတင်းပေါက်ကနေလှမ်းကြည့်ပြီး ဟိုးအဝေးမှာရှိတဲ့ ထန်းပင်တစ်ပင်ကိုတွေ့ လို့ 
ကဗျာစပ်မယ်ဆိုပြီးတော့ စဉ်းစားတယ် ။ ထန်းပင်ရဲ့ ပုံစံက အရိုးကမြင့်မြင့်
အရွက်ကရှည်ရှည် မို့ လို့  ရိုးမြင့်ရွက်ရှည်ဆိုပြီးနောက်တကြောင်းစဉ်းစား
လို့ မရဖူးဖြစ်နေရော ။ စဉ်းစားမရတာနဲ့  ကိုရင်ကြီးကိုစပ်ခိုင်းတယ် ။
ကိုရင်ကြီးက ထန်းပင်ကိုကြည့်ပြီး တိုးဆင့်ခက်ဝေပါဘုရားလို့ လျှောက်တယ်။
ဘာအဓိပ္ပာယ်လဲလို့ မေးတော့ အရွက်တွေအခက်တွေက အဆင့်ဆင့်နဲ့ 
ဝေေ၀ဆာဆာဖြစ်နေလို့ ပါ ဘုရားလို့ လျှောက်တယ်။အဲတော့ ဦးပဉ္ဖင်းက
သဘောကျပြီးထပ်စပ်ခိုင်းတယ် ။ အဲတော့ ကိုရင်ကြီးက မိုးမြင့်ထက်မလေ
အရွက်တွေက မိုးထိအောင်မြင့်တော့မယ့်ပုံစံမို့ ပါဘုရားလို့ လျှောက်ပြန်တယ် ။
ဦးပဉ္ဖင်းကထပ်ပြီးစပ်ခိုင်းရော အဲမှာ ကိုရင်ကြီးကထပ်ပြီးမစပ်တတ်တော့ဖူး ။
အဲဒါနဲ ဂိုးဂွင့်ဂွက်ဂွေလို့ စပ်လိုက်တယ် ။ဦးပဉ္ဖင်းကမေးတော့ ကဗျာထပ်မစပ်တော့လို့  ကာရန်လိုက်အောင်ရွတ်လိုက်တာပါ ဘုရားလို့ လျှောက်တယ် ။ လျှောက်ပြီးပြီးချင်း
ကပ္ပိယကြီးက ကျောင်းပေါ်ကဆင်းပြေးမယ် ကြံကာရှိသေးတယ် ဦးပဉ္ဖင်းက
စိတ်ဆိုးပြီးတော့ ကျောင်းပေါ်ကကန်ချလိုက်တတဲ့။ အဲလိုကန်ချလိုက်တော့
ကပ္ပိယကြီးက အရှိန်နဲ့ အောက်ကိုပြုတ်ကျပြီး အောက်မှာရှိနေတဲ့
စဥ့်အိုးကြီးကိုဖတ်မိရက်သားဖြစ်သွားတယ် ။ အဲဒီမှာ ကပ္ပိယကြီးက
ကဗျာကိုဖြင့်ပြီးအောင်စပ်မယ်ဆိုပြီး အိုးဖြင့်ဖက်မလေ ” “ အိုး .. သခင်ထွက်မလေ
လို့ စိတ်နာနာနဲ့ ဆိုပြီး ထွက်ပြေးသွားတယ် ။ အဲနောက်ပိုင်းမှာ ကိုရင်ကြီးလဲ ဦးပဉ္ဖင်းစီကိုပြန်မသွားတော့ပဲလူထွက်လိုက်တယ်တဲ့။ ပုံပြင်လေးကတော့ဒါပါပဲကွယ်။




အစအဆုံးဆိုရင်