သည်းခံကြပါ သည်းခံကြပါ .... ပေါက်ပေါက်ဆုပ် blog လေး နေမကောင်းဖြစ်နေလို့ပါ
အသေးစိတ်ပေါ့ ဆိုတာလေးက မရတော့ဖူး ရအောင်တော့ ကြိုးစားနေတာပဲ ဒါပေမယ့် ကြိုးတွေတာ
ကုန်သွားတယ် မရသေးပါဖူး .... သိတဲ့လူလေးများရှိရင် ပေါက်ပေါက်ဆုပ်ကိုပြောပြပေးပါအုန်း
ပေါက်ပေါက်ဆုပ်လဲ မလုပ်တတ်လုပ်တတ်နဲ့ လျှောက်လုပ်နေတာ ပိုဆိုးနေပြီ ကဂျိုးကဂျောင် ဖြစ်ကုန်ပြီ ကျေးဇူးတင်လျက်ပါ သူငယ်ဂျင်းများ
တွေ့လားတွေ့လား အောက်ဆုံးမှာ အသေးစိတလေးပေါ့တဲ့ အဒါပေါက်ပေါက်ဆုပ်လုပ်တာဟုတ်ဖူး
သူ့သူပေါ်လာတာ အဒါကို ဖျက်ချင်တာ ဘယ်လိုလုပ်ရပါမလဲ
ကူညီကြပါအုံး 
Thursday, July 19, 2007
ကူညီပါအုံး
Posted by ပေါက်ပေါက်ဆုပ် at 12:40 AM 2 comments
Labels: ပြောပြချင်တာ
Wednesday, July 18, 2007
တခါတုန်းက...ကံဆိုးခဲ့တဲ့နေ့လေး
မနေ့ကညကြီး ဘူတာကြီး အ၀ိုင်းပတ်နားမှာ ဆိုင်ကယ်ဦးထုပ်မစောင်းတဲ့လူတေကို အင်းး… တာဝန်သိပြည်သူတွေကတော့ သတိပေးပါတယ် မယုံတော့လဲမတတ်နိုင်ဖူးပေါ့ ဟုတ်ဖူးလား တော်ပြီဆက်ပြောတော့ဖူး ဆိုင်ကယ်တွေပြန်ဖမ်းနေပြီဆိုလို့ အရင်တုန်းက ကံဆိုးခဲ့တာလေး ဘလော့ပေါ်က မန်းလေးမှာနေတဲ့သူငယ်ဂျင်းတွေလဲ သတိထားကြအုန်းနော် … ညဆို ဆိုင်ကယ်ဦးထုပ်မဆောင်းရင်ပြန်ဖမ်းနေပြီသိလား သတိထားကြအုန်းနော်
ရှာကြံခြစ်ချုပ်ပြီး ပေးရတာပေါ့ ….
ခုဆိုရင် ညဖက် လိုင်စင်စစ်တွေရှိတာကို တွေ့ခဲ့တဲ့ဆိုင်ကယ်တွေက ဦးထုပ်မဆောင်းတဲ့လူတွေကိုလိုက်ပြောပေးတယ် တချို့ယုံတဲ့လူကတော့ပြန်ကွေ့သွားတယ်
Posted by ပေါက်ပေါက်ဆုပ် at 1:20 AM 2 comments
Labels: ပြောပြချင်တာ
Wednesday, July 4, 2007
လေဆင်နှာမောင်း
28-6-2007 တုန်းက ရန်ကုန်မြို့  တောင်ဒဂုံ နဲ့  ဗိုလ်တထောင် တ၀ိုက်မှာတိုက်သွားတဲ့ လေဆင်နှာမောင်းကြီးပါ သူငယ်ချင်း တယောက်ကပြောပြလို့ သိရတာပါ လူ၁၀၀ လောက်ဒဏ်ရာရပြီး
သေတဲ့လူလဲသေတယ်တဲ့ သစ်ပင်တွေလဲကျွတ်ထွက်ကုန်တယ်တဲ့ ကြားရတာစိတ်မကောင်းစရာပါ ဒီပုံတွေကတော့ဒီက နေရတာပါ
ဖြည့်စွက် ..... အိမ်၁၀၀ကျော်ပျက်စီးပီး လူအသေအပျောက်လဲရှိတယ်တဲ့



Posted by ပေါက်ပေါက်ဆုပ် at 11:15 PM 0 comments
Labels: ပြောပြချင်တာ
Saturday, June 30, 2007
အောင်စာရင်းထွက်တဲ့နေ့ အမှတ်တရ
ဒီနေ့  ၁၀ တန်းတွေအောင်စာရင်းထွက်တယ်…….
ဒီနှစ်တော့မဆိုးပါဖူး ဆိုင်ကယ် အိတ်ဇောဖောက်ပီး ကဲတဲ့လူမရှိဖူး .. ခါတိုင်းများဆို
အောင်စာရင်းထွက်တဲ့နေ့ ဆို တမြို့ လုံး ဆူညံနေတာပဲ ….. ဒီနှစ်တော့ ဂုဏ်ထူးတွေကို
တော်တော်စီစစ်တယ်လို့ ကြားတယ် အများဆုံး ၃ဘာသာထိပဲလို့ ကြားတာပဲ … ကျတဲ့လူ
လဲများတယ်လို့ ပြောတယ် ဟုတ်မဟုတ်တော့မသိသေးပါဖူး ….
ဖြည့်စွက်သတင်း ဒီနေ့ တော့ သတင်းစာတွေထဲမှာဂုဏ်ပြုတာတွေပါလာပီ အ.ထ.က(၁၆) က
၆ဘာသာဂုဏ်ထူး ၁၁ ဦးတဲ့ ကျန်တဲ့ဂုဏ်ထူးရတဲ့လူတွေလဲ များကြီးပဲတဲ့
သူများတွေတော့မသိဖူး… ပေါက်ပေါက်ဆုပ်တုန်းကဆိုရင် နက်ဖြန်အောင်စာရင်းထွက်
မယ်ဆိုရင် ဒီနေ့ လိုညဆိုရင် အိပ်လို့ ကို မပျော်ဖူး … ကြောက်နေတာ.. ငါအောင်မှအောင်ပါ့
မလားးး… တကယ်လို့ ငါစာမေးပွဲကျခဲ့ရင်…ဘာညာပေါ့တယောက်ထဲ လျှောက်တွေးပီးလန့် 
နေတာ …. အိပ်မရမယ့် အတူတူဆိုပီး သူငယ်ချင်းတွေဆီ ဖုန်းဆက်ကြည့်တော့ သူတို့  လဲတူတူပဲ …. အဲဒါနဲ့ တညလုံးသူတို့ နဲ့ ဖုန်းပြောပီး မနက် ၄နာရီလောက်ကြတော့ ဘုရားကြီး
သွားမယ်ဆိုပီး ထွက်ခဲ့ကြတယ် … ဘုရားရောက်တော့လဲ ဘုရားကန်တော့နေလိုက်ကြတာ
အကြာကြီးပဲ … ဟိဟိ .. ကြောက်တာ ကြောက်တာ …. ပေါက်ပေါက်ဆုပ်လဲ ဘုရားမှာဆုတွေ
တောင်းရတာ အမောပဲ ဂုဏ်ထူးမပါရင်နေပါစေ … စာမေးပွဲကြီးပဲအောင်ပါစေဆိုပီး ဆုတွေတောင်းရတာအမော …. ဘုရားကြီးကအပြန်စောသေးတယ်ဆိုပီး မုန့် ဝင်စားကြတယ်
သူငယ်ချင်းတစ်ယောက်က အ.ထ.က (၁၄) မှာ ဖြေရတာဆိုတော့ သူ့ ကျောင်းကို အရင်လမ်းကြုံတော့ သူ့ အောင်စာရင်းအရင်သွားကြည့်တယ် …. သူအောင်တယ်တဲ့
ဂုဏ်ထူးတစ်ခုတောင်ပါသေးတယ်တဲ့… သူကတော့ဝမ်းသာအားရပေါ့ … နောက် အ.ထ.က(၄) ကိုသွားတယ် ဒီတစ်ခါပေါက်ပေါက်ဆုပ်အလှည့်ပေါ့ ကြောက်လိုက်တာ
အောင်မှအောင်ပါ့မလားဆိုပီး … သွားလဲသွားကြည့်ရော အောင်ယုံတင်မကဖူး ဂုဏ်ထူး ၁ ခုကြီးများတောင်ပါတယ်တဲ့ (ကြုံတုန်းကြွားလိုက်တာ :P)ပျော်လိုက်တာကိုပြောမနေနဲ့ …. ပြီးတော့
အ.ထ.က (၁၂)
အကုန်အောင်ကြတယ် တချို့ က ၃ ခု တချို့ က ၄ ခု အားကျစရာကြီးတွေ ……
အိမ်ကလူတွေလဲဒီအချိန်ဆိုမျှော်နေကြလောက်ပီ ဆိုပြီး အိမ်မြန်မြန်ပြန် ၀မ်းသာအားရပြေးပြောတယ်
အဲဒီနေ့ ကတော့လုံးဝအေးဆေးပဲ ဆူမယ့်လူမရှိဖူး လုပ်ချင်ရာလုပ်ပဲ ....နောက်သူငယ်ချင်းတွေနဲ့  မန္တလေးတောင်တတ်မယ်ဆိုပြီး ချိန်းထားတာ လူစုကွဲပြီး မန္တလေးတောင်ခြေမှာမုန့် စားပြီး ပြန်လာခဲ့တယ် ….

Posted by ပေါက်ပေါက်ဆုပ် at 12:12 PM 5 comments
Labels: ပြောပြချင်တာ
Friday, June 29, 2007
ဘလော့ခ်လက်မှတ်
Posted by ပေါက်ပေါက်ဆုပ် at 10:18 AM 2 comments
Labels: ပြောပြချင်တာ
Sunday, May 6, 2007
သတင်း
ခုတလော မန္တလေးမှာ သတင်းတခုထွက်နေတယ် အဲဒါကတော့ မနေ့ က ၅ ရက်နေ့ ပေါ့
အဲဒီ ၅ရက်နေ့  ကနေစရင် ၃၆နာရီအတွင်း မန္တလေး မြို့ သစ်ဖက်တွေမှာ လေမုန်တိုင်းကျ
မယ်ဆို ပြီး ရက်ကွက်တွေထဲမှာ ကားတွေနဲ့  လှည့်ပြီးအော်နေတယ်ဆိုပဲ ၃၆နာရီဆိုတော့
၁ရက်ခွဲကျော်ကျော်ပေါ့ အဲဒီ ၁ရက်ခွဲမပြည့်သေးမချင်း လူတွေတော့ လန့် နေကြရအုံးမှာပဲ။
Posted by ပေါက်ပေါက်ဆုပ် at 11:18 AM 1 comments
Labels: ပြောပြချင်တာ

