လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Wednesday, June 20, 2007

မိုးတွေရွာရင်

မိုးအကြောင်းရေးလို့  သန့် ဇော်မင်းက တတ်လိုက်တော့လဲ
ရေးရတော့မပေါ့လေ……….ဘာတွေရေးရမလဲဆိုတာကို မသိတော့
ဟိုလူရေးထားတာကြည့်လိုက် ဒီလူရေးတာကြည့်လိုက်နဲ့ ကြည့်လိုက်တော့
ဘာမြင်တယ် မှတ်သလဲ မန်းလေးမြို့ ကြီးချိုင့်ပေါတာကိုမြင်လိုက်ရတယ် ဟိဟိ ……
ဟုတ်တော့လဲဟုတ်တယ် မန်းလေးမြို့ ရဲ့ချိုင့် ပေါချက်ကတော့ လကမ္ဘာပေါ်က
ို ရောက်သွားသလားထင်ရတယ် ….. ဒါပေမယ့် အဲဒါတွေကတော့
တခါတုန်းကပေါ့  ( ရသ နဲ့  ဂျင်နီ ဆိုတဲ့သီချင်းမဟုတ် )
ခုတော့အဲလိုဟုတ်တော့ဖူးလားမေးလာရင်တော့ ဟုတ်တော့ဟုတ်သေးတယ်
ဒါပေမယ့် အရင်ကလောက်တော့မဆိုးတော့ဖူးပေါ့ ။ အဲလိုဆိုတော့လဲ
အထင်ကြီးမသွားနဲ့ အုံး …. ကိုယ့်အားကိုယ်ကိုးလမ်းတွေပါ …….. ဟိဟိ
မိုးအတွေရွာရင်ဆိုတဲ့အကြောင်းကနေ ဘယ်တွေရောက်ကုန်ပါလိမ့် …….
မိုးတွေရွာရင် ငယ်ငယ်တုန်းကတော့ အရမ်းပျော်တာပေါ့ မိုးရွာရင်
ကျောင်းထဲမာထီးတချောင်းနဲ့ လျောက်သွားလို့ ရတယ် …. နောက်ပီးမိုးရွာတော့
အတန်းထဲမာလူမစုံလို့ ဆိုပီး စာမသင်ဖူးသင်တဲ့ဆရာမကတော့သင်တယ် မသင်တာကများတယ် ။။။။။။။။။
မှတ်မိသေးတယ် ၂၀၀၃ လောက်ကထင်တယ် အင်္ဂလိပ်စာဖြေတဲ့နေ့ ကြီး
မိုးတွေရွာတာ အဲဒီ မိုးကညကတည်းကရွာတာ ညတုန်းကမိုးရွာတာသိတယ်လေ
အိပ်ကောင်းကောင်းနဲ့ အိပ်တာအေးဆေးပေါ့ … မိုးလင်းတဲ့ထိမတိတ်သေးဖူး မိုးလင်းလို့ ပြတင်းပေါက်ဖွင့်လိုက်တော့မှအားပါးပါး အိမ်ရှေ့ မှာ ရေပြင်ကြီးဖြစ်နေတာ
ပလက်ဖောင်းတောင်မမြင်ရတော့ဖူး ……….ဒါနဲ့ ကျောင်းစောစောသွားမှဖြစ်မယ်ဆိုပီး
အစောဆုံးထွက်တာပဲ ဒါပေမယ့်ကျောင်းကို တစ်နာရီခွဲကျော်နောက်ကျပီးမှရောက်တယ် အတန်းထဲရောက်တော့ လူလဲမစုံသေးပါဖူး ။ကိုယ့်ထက်နောက်ကျတဲ့လူတွေတောင်ရှိသေး …
အဲဒါကားနဲ့ လာတဲ့လူတွေလေ လမ်းမှာကားတွေပိတ်နေလို့ လမ်းလျှောက်လာကြတဲ့လူတွေ ... ကိုယ်တို့ ကတော့ ဆိုင်ကယ်နဲ့ ဆိုတော့အေးဆေးပဲ ဟိုကြားက၀င်ဒီကြားက၀င်နဲ့ ရောက်သွားတာလေ... အဲဒီနေ့ ကတော့နော် အတန်းစောင့်တဲ့ ဆရာ ၊ ဆရာမတွေက ဘာမပြောဖူး လုံးဝလုံးဝ အေးဆေးပဲ ….. ဟိဟိ

မိုးသီချင်းလေးကိုတော့သတိရတယ် ငယ်ငယ်တုန်းကမိုးတွေရွာရင်ဆိုနေကြသီချင်းလေးပါ

~~~မိုးရွာရင်မိုးရေချိုးမယ် မေမေလာရင်နို့ စို့ မယ် ~~ ဖေဖေလာရင်အုန်းသီးခွဲစားမယ်

ခုတခေါက်မိုးကလဲ တော်တော်သည်းတယ် အိမ်ထဲထိတောင်ရေ၀င်တယ်
ဒါတွေကတော့မိုးနဲ့ ပတ်သတ်တဲ့ အမှတ်တရလေးတွေပါ ………

မိုးတွေရွာရင်တော့ အိမ်ရှေ့မှာထိုင်ပြီး ဖြတ်သွားနေတဲ့ ဆိုင်ကယ်တွေ ကားတွေကို
ထိုင်ကြည့်နေတတ်တယ် ။ တခါတလေ သီချင်းလေးနဲ့ ငြိမ့်နေတတ်တယ် ။ တခါတလေကြ
မိုးအေးအေးနဲ့ ကွေးနေတတ်တယ်..............
ကဲရေးလို့ တော့ပီးဝါးပီ ပြန်တတ်စရာ ၂ယောက်တော့ကျန်သေးတယ်
အဲဒီလူတွေကတော့………
အာလူးလေး
ယားယားလေး
တို့ ကိုတတ် ( tag )လိုက်ပီနော် ပြန်ရေးပေးကြအုံး တတ်တယ်ထင်ပီး ခြေမချိုးမနေနဲ့ အုံး

4 comments:

Unknown said...

ဝုပ်ပ အိမ်ရှေ့ကနေ သူများကိုထိုင်ကြည့်ရတာလဲ အရသာတစ်မျိုး ဒွတ်ဒယ်..:P
သီချင်းလေးက ကောင်းတယ်တွ :)

naing said...

မိုးချိန်းသံလေးနဲ့ အတူ ဖတ်သွားပါတယ် ။

Layma said...

သူများတွေ လကမ္ဘာပေါ် တက်နိုင်ဖို့  မနည်းကြိုးစားနေရတာ….ပေါက်ပေါက်က အခု လကမ္ဘာမှာ ဆိုတော့ good တာပေါ့…….။ connection ကတော့ ထိုင်းမှာလည်း ဒီလိုဘဲ ဆိုဘဲ……။

ပေါက်ပေါက်ဆုပ် said...

ဟုတ်ပါ့မလေးရာ connection ကတော့ တနေ့ တခြား
ပိုပိုဆိုးလာတယ်