ကဗျာဆိုလို့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို သွားပြီးသတိရမိတယ် ။
ကဗျာလေးကတော့
ရိုးမြင့်ရွက်ရှည်
တိုးဆင့်ခက်ဝေ
မိုးမြင့်ထက်မလေ
ဂိုးဂွင့်ဂွက်ဂွေ
အိုးဖြင့်ဖက်မလေ
အိုး.. သခင်ထွက်မလေ
အဲဒီပုံပြင်လေးကတော့ ………
တခါတုန်းက ရွာတစ်ရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကဗျာစပ်တာ
အရမ်းဝါသနာပါတဲ့ ဦးပဉ္ဖင်းတစ်ပါးရှိတယ် ။ နောက်ပြီး အဲဒီကျောင်းမှာ
ကိုရင်ကြီးတစ်ပါးလဲရှိတယ်။
ပြတင်းပေါက်ကနေလှမ်းကြည့်ပြီး ဟိုးအဝေးမှာရှိတဲ့ ထန်းပင်တစ်ပင်ကိုတွေ့ လို့ 
ကဗျာစပ်မယ်ဆိုပြီးတော့ စဉ်းစားတယ် ။ ထန်းပင်ရဲ့ ပုံစံက အရိုးကမြင့်မြင့်
အရွက်ကရှည်ရှည် မို့ လို့ “ ရိုးမြင့်ရွက်ရှည် ” ဆိုပြီးနောက်တကြောင်းစဉ်းစား
လို့ မရဖူးဖြစ်နေရော ။ စဉ်းစားမရတာနဲ့  ကိုရင်ကြီးကိုစပ်ခိုင်းတယ် ။
ကိုရင်ကြီးက ထန်းပင်ကိုကြည့်ပြီး “တိုးဆင့်ခက်ဝေ “ ပါဘုရားလို့ လျှောက်တယ်။
ဘာအဓိပ္ပာယ်လဲ
ဝေေ၀ဆာဆာဖြစ်နေလို့ ပါ ဘုရား
သဘောကျပြီးထပ်စပ်ခိုင်းတယ် ။ အဲတော့ ကိုရင်ကြီးက “ မိုးမြင့်ထက်မလေ ”
အရွက်တွေက မိုးထိအောင်မြင့်တော့မယ့်ပုံစံ
ဦးပဉ္ဖင်းကထပ်ပြီးစပ်ခိုင်းရော အဲမှာ ကိုရင်ကြီးကထပ်ပြီးမစပ်တတ်တော့ဖူး ။
အဲဒါနဲ့  “ ဂိုးဂွင့်ဂွက်ဂွေ ” လို့ စပ်လိုက်တယ် ။
ကပ္ပိယကြီးက ကျောင်းပေါ်ကဆင်းပြေးမယ် ကြံကာရှိသေးတယ် ဦးပဉ္ဖင်းက
စိတ်ဆိုးပြီးတော့ ကျောင်းပေါ်ကကန်ချလိုက်တတဲ့။ အဲလိုကန်ချလိုက်တော့
ကပ္ပိယကြီးက အရှိန်နဲ့ အောက်ကိုပြုတ်ကျပြီး အောက်မှာရှိနေတဲ့
စဥ့်အိုးကြီးကိုဖတ်မိရက်သားဖြစ်သွားတယ် ။ အဲဒီမှာ ကပ္ပိယကြီးက
ကဗျာကိုဖြင့်ပြီးအောင်စပ်မယ်ဆိုပြီး “ အိုးဖြင့်ဖက်မလေ ” “ အိုး .. သခင်ထွက်မလေ ”
လို့ 
2 comments:
အော်.. ဦးပဉ္ဇင်းကလဲ စိတ်ကြီးလိုက်တာနော်..ကိုရင်လေးမှာ ကဗျာက စပ်ပေးရသေး..အကန်ကလဲခံရ...
ဒီဦးပဉ္ဇင်း ကဗျာဝါသနာကြီးပုံကလဲ အဆန်းပဲ.
တော်သေးတယ်.. အဲ့ဒီကျောင်းမှာ..မနေမိလိုက်လို့... :P
Post a Comment