လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Saturday, June 30, 2007

အောင်စာရင်းထွက်တဲ့နေ့ အမှတ်တရ

ဒီနေ့  ၁၀ တန်းတွေအောင်စာရင်းထွက်တယ်…….အစကတော့ နောက်လ ၁ရက်နေ့ မှလိုလို ဘာလိုလိုနဲ့ ထွက်မဲ့ထွက်တော့လဲ ဗြုန်းစားကြီးပဲ အောင်တဲ့လူတွေ ပျော်ကြသလို….ကျတဲ့လူတွေကလဲ ငိုနေကြလေရဲ့ တချို့ငိုတဲ့လူတွေကြတော့လဲ ဂုဏ်ထူး ၃ခုမှန်းတာ ၁ခုပဲပါလို့ တဲ့….. အမျိုးမျိုးပဲ

ဒီနှစ်တော့မဆိုးပါဖူး ဆိုင်ကယ် အိတ်ဇောဖောက်ပီး ကဲတဲ့လူမရှိဖူး .. ခါတိုင်းများဆို
အောင်စာရင်းထွက်တဲ့နေ့ ဆို တမြို့ လုံး ဆူညံနေတာပဲ ….. ဒီနှစ်တော့ ဂုဏ်ထူးတွေကို
တော်တော်စီစစ်တယ်လို့ ကြားတယ် အများဆုံး ၃ဘာသာထိပဲလို့ ကြားတာပဲ … ကျတဲ့လူ
လဲများတယ်လို့ ပြောတယ် ဟုတ်မဟုတ်တော့မသိသေးပါဖူး ….

ဖြည့်စွက်သတင်း ဒီနေ့ တော့ သတင်းစာတွေထဲမှာဂုဏ်ပြုတာတွေပါလာပီ အ.ထ.က(၁၆) က
၆ဘာသာဂုဏ်ထူး ၁၁ ဦးတဲ့ ကျန်တဲ့ဂုဏ်ထူးရတဲ့လူတွေလဲ များကြီးပဲတဲ့

သူများတွေတော့မသိဖူး… ပေါက်ပေါက်ဆုပ်တုန်းကဆိုရင် နက်ဖြန်အောင်စာရင်းထွက်
မယ်ဆိုရင် ဒီနေ့ လိုညဆိုရင် အိပ်လို့ ကို မပျော်ဖူး … ကြောက်နေတာ.. ငါအောင်မှအောင်ပါ့
မလားးး… တကယ်လို့ ငါစာမေးပွဲကျခဲ့ရင်…ဘာညာပေါ့တယောက်ထဲ လျှောက်တွေးပီးလန့် 
နေတာ …. အိပ်မရမယ့် အတူတူဆိုပီး သူငယ်ချင်းတွေဆီ ဖုန်းဆက်ကြည့်တော့ သူတို့  လဲတူတူပဲ …. အဲဒါနဲ့ တညလုံးသူတို့ နဲ့ ဖုန်းပြောပီး မနက် ၄နာရီလောက်ကြတော့ ဘုရားကြီး
သွားမယ်ဆိုပီး ထွက်ခဲ့ကြတယ် … ဘုရားရောက်တော့လဲ ဘုရားကန်တော့နေလိုက်ကြတာ
အကြာကြီးပဲ … ဟိဟိ .. ကြောက်တာ ကြောက်တာ …. ပေါက်ပေါက်ဆုပ်လဲ ဘုရားမှာဆုတွေ
တောင်းရတာ အမောပဲ ဂုဏ်ထူးမပါရင်နေပါစေ … စာမေးပွဲကြီးပဲအောင်ပါစေဆိုပီး ဆုတွေတောင်းရတာအမော …. ဘုရားကြီးကအပြန်စောသေးတယ်ဆိုပီး မုန့် ဝင်စားကြတယ်
သူငယ်ချင်းတစ်ယောက်က အ.ထ.က (၁၄) မှာ ဖြေရတာဆိုတော့ သူ့ ကျောင်းကို အရင်လမ်းကြုံတော့ သူ့ အောင်စာရင်းအရင်သွားကြည့်တယ် …. သူအောင်တယ်တဲ့
ဂုဏ်ထူးတစ်ခုတောင်ပါသေးတယ်တဲ့… သူကတော့ဝမ်းသာအားရပေါ့ … နောက် အ.ထ.က(၄) ကိုသွားတယ် ဒီတစ်ခါပေါက်ပေါက်ဆုပ်အလှည့်ပေါ့ ကြောက်လိုက်တာ
အောင်မှအောင်ပါ့မလားဆိုပီး … သွားလဲသွားကြည့်ရော အောင်ယုံတင်မကဖူး ဂုဏ်ထူး ၁ ခုကြီးများတောင်ပါတယ်တဲ့ (ကြုံတုန်းကြွားလိုက်တာ :P)ပျော်လိုက်တာကိုပြောမနေနဲ့ …. ပြီးတော့
အ.ထ.က (၁၂)
တစ်ကျောင်းပီးတစ်ကျောင်းသွားကြည့်ကြတာ ….. သူငယ်ချင်းတွေအားလုံးလဲ
အကုန်အောင်ကြတယ် တချို့ က ၃ ခု တချို့ က ၄ ခု အားကျစရာကြီးတွေ ……
အိမ်ကလူတွေလဲဒီအချိန်ဆိုမျှော်နေကြလောက်ပီ ဆိုပြီး အိမ်မြန်မြန်ပြန် ၀မ်းသာအားရပြေးပြောတယ်
အဲဒီနေ့ ကတော့လုံးဝအေးဆေးပဲ ဆူမယ့်လူမရှိဖူး လုပ်ချင်ရာလုပ်ပဲ ....နောက်သူငယ်ချင်းတွေနဲ့  မန္တလေးတောင်တတ်မယ်ဆိုပြီး ချိန်းထားတာ လူစုကွဲပြီး မန္တလေးတောင်ခြေမှာမုန့် စားပြီး ပြန်လာခဲ့တယ် …. ဘာရယ်တော့မဟုတ်ပါဖူး လူများတွေ ၁၀ တန်းအောင်စာရင်းထွက်လို့  ပေါက်ပေါက်ဆုပ် တုန်းက ခံစားခဲ့ရတဲ့ အတွေ့ အကြုံလေးကို ရေးလိုက်တာပါ

5 comments:

Layma said...

အောင်စာရင်းထွက်တယ်ကြားခတဲ က ဘယ်သူရေးမလဲလို့  လိုက်ကြည့်နေတာ…ခုမှဘဲ စိတ်ချမ်းသာတော့တယ်…ဂုဏ်ထူး နဲတယ်ဆိုလို့ ဟုတ်ဘူး…သတင်းသိရလို့ …ကျေးဇူးဘဲ…မလေး အောင်တုန်းကအကြောင်းလေးရေးဦးမယ်….ခု busy နေသေးလို့ ..နောက်မှ….

ပေါက်ပေါက်ဆုပ် said...

မလေး ဘီးဂျီးလို့ ပီးရင်ရေးနော်
လာဖတ်အုံးမယ် မလေးရေးတာတွေက
စိတ်ဝင်စားဖို့ ကောင်းလို့ 

စိုးဇေယျထွန်း said...

ပေါက်ပေါက် ဆုပ်က ဘယ်နှစ်ခု နှစ် အောင်တာလဲ
ကျွန်တော်က 2002

ပေါက်ပေါက်ဆုပ် said...

ပေါက်ပေါက်ဆုပ်က 2001 ပါ

Myo Kyaw Htun said...

ခေါင်းစဉ်ကို သေချာဖတ်ကြည့်မိမှ “ရေးမိရေးရား” ဖြစ်နေတယ်။ အမှန်က “ရေးမိရေးရာ” မဟုတ်လား ? မမေဓာဝီရဲ့ ဘလော့ဂ်မှာ “ရေးမိရေးရာ” လို့ရေးထားတာ တွေ့လို့ပါ။