လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Monday, April 30, 2007

ကဆုန်လပြည့်နေ့ 

ဒီနေ့ က ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ ကဆုန်လပြည့်နေ့ မှာဗောဓိညောင်ပင်ကို ရေလောင်းကြပါတယ်။အဲဒါပဲသိတယ် ဒါပေမယ့်ဘာလို့ ရေလောင်းကြရတယ်ဆိုတာကိုတော့
ပြည့်ပြည့်စုံစုံမသိပါဖူး ။ ဒါပေမယ့် ဒီနေ့ ထုတ် မြန်မာအလင်းသတင်းစာမှာဖတ်လိုက်ရလို့  သိသွားပါပြီ ပေါက်ပေါက်ဆုပ်လိုပဲမသိသေးတဲ့လူများရှိရင် သိသွားစေချင်တဲ့ စေတနာနဲ့ 
ပြန်ပြီးဖောက်သည်ချလိုက်ပါတယ် ။ အဲဒီဆောင်းပါးကိုရေးတဲ့ မိုးထက်မြင့် (မြစ်ဝကျွန်းပေါ်)ိုကိုလဲကျေးဇူးတင်ရှိပါတယ်။ စာကရေးရင်တော်တော်ရှည်မှာမို့ ညောင်ရေသွန်းရခြင်းရဲ့
အဓိကအကြောင်းကိုပဲရေးပေးလိုက်ပါတယ်။

ညောင်ရေသွန်းလောင်းသည့် ညောင်ပင်များသည် မြတ်စွာဘုရားပွင့်တော်မူရာ မဟာဗောဓိပင်မှ
ကိုင်းပွားများဖြစ်သည်။မြတ်စွာဘုရားပွင့်တော်မူရာ
မဟာဗောဓိပင်များဖြစ်ပွားလာပုံမှာ
အောက်ပါအတိုင်းဖြစ်သည်။
မြက်စွာဘုရားသည် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တစ်နေ့ သောအခါ ၌
သာဝတ္တိပြည်သူပြည်သားများသည် ပန်းရနံ့ သာစွဲလျက် မြတ်စွာဘုရားအား ပူဇော်ရန်ရောက်လာကြသည်။
ထိုအချိန်တွင် မြတ်စွာဘုရားမှာ ဒေသစာရီကြွ ချီတော်မူခိုက်ဖြစ်၍ ဒါယကာ၊ဒါယကာမများမှာ စိတ်လက်မကြည်မသာဖြင့် ပြန်သွားကြရလေသည်။

ထိုအကြောင်းကို အရှင်အာနန္ဒာသိသောအခါ "အရှင်ဘုရား ဒေသစာရီကြွချီတောမူချိန်တွင် ဇေတ၀န်ကျောင်းတော်ကြီးမှာ ကိုးကွယ်ရာ ကင်းနေပါသောကြောင့် လူအများပူဇော်မှုပြုနိုင်စေရန် ဇေတ၀န်
ကျောင်းတော်မုဝ်၀၌ မဟာဗောဓိညောင်ပင်မှ အစေ့ကိုစိုက်လိုပါသည် ဘုရား" ဟုလျှောက်ထားခွန့် ပန်လေသည်။
သုံးလူသနင်း တရားမင်းသည် " ၄င်းကို စိုက်ပျိုးထားလျှင် ငါအမြဲနေဘိသကဲ့သို့  ကောင်းလှပေသည်" ဟုခွင့်ပြုတော်မူသည်။
ထို့ ကြောင့် အရှင်အာနန္ဒာသည် ဇေတ၀န်ကျောင်းတံခါးဝ၌ ဗောဓိပင်စိုက်ပျိုးရန်အတွက် ကောသလမင်း ၊ အနာထပိဏ်သူဌေးနှင့် ၀ိသာခါ ဒါယိကာမကြီးတို့ အား တာဝန်ပေးအပ်သည်။ အရှင်မဟာမောဂ္ဂလန်မထေရ်
သည် မူလမဟာဗောဓိပင်ကြီးမှ ကြွေကျလာသော ဗောဓိသီးမှည့်ကို မြေမရောက်မှီ ခံယူခဲ့ပြီး ယူဆောင်၍ စိုက်ပျိုးကြလေသည်။
ထိုဗောဓိပင်ကို
အရှင်အာနန္ဒာကြီးမှူးသောကြောင့် "အာနန္ဒာဗောဓိ" ဟုခေါ်ကြသည်။ထိုဗောဓိပင်ကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် လူအများကိုးကွယ်ပူဇော်ကြသည်ဟု "ကာလိဂ်ဗောဓိဇာတ်" ၌ပါရှိပေသည်။
အစေ့မှစိုက်ပျိုးသော အာနန္ဒာဗောဓိသည် ထင်ရှားသည်။ ၎င်းနည်းတူ ထင်ရှားသော ဗောဓိပင်မှာ မဟာဗောဓိပင်ကြီး၏ တောင်ဘက်ကိုင်းမှပြန့် ပွားသွားသော ဒက္ခိဏသာခါ မဟာဗောဓိဖြစ်သည်။
အမရပူရမြို့ တည်နန်းတည် အောင်မြင်လောကစေတီတော်ဒါယကာ ဗဒုံမင်းတရားကြီး (ဘိုးတော်ဘုရား)သည်
သက္ကရာဇ် ၁၁၆၈ ခုနှစ်တွင် ပိဋကတ်တော်နှင့်လောကီကျမ်းများကို ကူးယူရန်နှင့်မဟာဗောဓိပင်ကို
ဖူးမြော်ကြည်ညိုရန် ရွှေတောင်သာဂသူ ၊ ရွှေတောင်သီရိစည်သူ စသည့် အမတ်ကြီးများကို အိန္ဒိယပြည်သို့ 
စေလွှတ်ခဲ့ဖူးလေသည်။ ထိုအမတ်များသည် အမရပူရနေပြည်တော်မှ ၉၇ ယူဇနာကွာဝေးသော ဘုရားရှင်ပွင့်တော်မူရာ မဇ္စျိမဒေသ မဟာဗောဓိသို့  အရောက်သွားကြကာ မဟာဗောဓိပင်ကို စေ့စေ့စပ်စပ် ဖူးမြော်လေ့လာပြီး ဆေးကျမ်း ၊ ဗေဒင်ကျမ်းစသည့် လောကီကျမ်းများကို ယူဆောင်၍ ပြန်လာခဲ့ကြသည်။ မဟာဗောဓိပင်နှင့် ပတ်သက်၍ ယင်းတို့ ၏လေ့လာတွေ့ ရှိချက်များကို မှန်နန်းရာဇ၀င်တော်ကြီး၌ ရေးသားဖော်ပြထားခဲ့ပြီးဖြစ်သည်။
ဗောဓိပင်ဆိုသည်မှာ ဘုရားရှင်တို့  သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူရာ သစ်ပင်ထူး၊ သစ်ပင်မြတ် ပင်ဖြစ်သည်။
ဗောဓိဟူသောပါဠိသည် သိမြင်တော်မူခြင်း၊ သိမြင်တော်မူရာဟု အဓိပ္ပာယ်ရသည်။ ယင်း
အဓိပ္ပာယ်အရ ပါဠိစာပေ၌ ဗောဓိသည် အရိယာမဂ်၊ သဗ္ဗညုတဥာဏ်နှင့် ဗောဓိပင်ဟူသော အနကအဓိပ္ပာယ်သုံးမျိုးတို့ ကို
ဟောသည်။
အရိယာမဂ်သည် သစ္စာလေးတန် တရားမှန်ကို သိမြင်တတ်သောကြောင့် ဗောဓိမည်၏။ သိသင့်
သမျှ တရားတို့ ကို သိမြင်နိုင်သောကြောင့်
သဗ္ဗညုတရွှေဥာဏ်တော်သည် ဗောဓိမည်၏။ ဘုရားရှင်တို့ ပွင့်တော်မူရာ သစ်ပင်ကိုကား သစ္စာလေးပါးတရားတို့ ကို ပိုင်းပိုင်းခြားခြား သိမြင်တော်မူရာ ဖြစ်သောကြောင့်
ဗောဓိဟုခေါ်ပေသည်။
ဝေ
ဿဘူ ၊ ကကုသန် ၊ ကောဏာဂုံ ၊ ကဿပဘုရားရှင်တို့ ပွင့်တော်မူရာ သစ်ပင်များကား အင်ကြင်းပင် ၊ ကုက္ကိုပင် ၊ ရေသဖန်းပင် ၊ ညောင်ပင်တို့  ဖြစ်ကြသည်။ ယင်းအင်ကြင်းပင် စသည်တို့ သည် ဝေဿဘူ စသော
ဘုရားရှင်တို့ ၏ သာသနာတော်၌ ဗောဓိပင်တို့ မည်ကုန်သည်။ ထို့ ကြောင့်မည်သည့်သစ်ပင်မဆို
ဘုရားရှင်တို့  သစ္စာလေးပါးတရားကို သိမြင်တော်မူရာ သစ်ပင်ဖြစ်လျှင် ဗောဓိဟူသော အမည်ထူးကို ရပေသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခါနီးတွင် ရှင်အာနန္ဒာက "ယခုအခါအဝေးမှလာကြသော ရဟန်းတို့ သည် မြတ်စွာဘုရားရှင်ကို ဖူးမြင်ကြရ၏။ နောင်အခါတွင် မြတ်စွာဘုရားရှင်ကို ဖူးမြင်ကြရတော့မည် မဟုတ်ပါ" ဟု လျှောက်ထားကြသည်။
ထိုအခါ မြတ်စွာဘုရားက သဒ္ဓါတရားရှိသူများ ဖူးမြင်ကြပြီး သံဝေဂဖြစ်ကြစေနိုင်သော လေးဌာနကို ဟောကြားတော်မူသည်။
"မြတ်စွာဘုရား ဖွားမြင်သော လုမ္ဗိနီဥယျာဉ်သည်၎င်း ၊ ဘုရားအဖြစ်သို့ ရောက်သော မဟာဗောဓိသည်၎င်း ၊
ဓမ္မစကြာတရားဦးဟောရာ မိဂဒါဝုန်သည်၎င်း ၊ ပရိနီဗ္ဗာန်ပြုရာ ကုသိနာရုံသည်၎င်း ဤလေးဌာနသည်
သဒ္ဓါရှိသူများ ဖူးမြော်ထိုက်၏။ သံဝေဂရစေသော ဌာနဖြစ်၏" ဟုဟောကြားတော်မူသည်။
ထို့ ကြောင့်ကဆုန်လပြည့်နေ့ တွင်
လုမ္ဗိနီဥယျာဉ် ၊ မဟာဗောဓပင် ၊ မိဂဒါဝုန် နှင့် ကုသိနာရုံတို့ သည် အမှတ်ထင်ထင် သတိရစရာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ သည် သံဝေဇနိယ လေးဌာနသို့  သွားရောက်ရန်
မလွယ်ကူကြသဖြင့် မဟာဗောဓိပင်ကို ရည်မှန်းကာ မိမိတို့ ရပ်ရွာဒေသရှိ ဗောဓိညောင်ပင်ကို ရေလှူဒါန်း
သွန်းလောင်းကြသည် ။

ဗောဓိညောင်ပင်ရေသွန်းလောင်းကြရခြင်းကတော့အဲဒါပဲဖြစ်ပါတယ်။ မသိသေးတဲ့လူများလဲ သိသွားအောင် ၊
သိပြီးသားလူများလဲ ထပ်ပြီးသိစေလိုသော စေတနာဖြင့်ရေးသားပေးခြင်းဖြစ်ပါတယ် ။
ဒီပိုစ့်လေးရေးတာ ခုဆို မနက် ၃နာရီရှိသွားပြီ .... မြန်မာလက်ကွက်သိပ်မရလို့  အဲလောက်ကြာသွားတာပါ
အိပ်တော့မယ်... အားလုံးပဲ.....တာ့တာာာာာာာာာာာာာာာာာာာာာာာာ

1 comments:

Unknown said...

pauk pauk sote lay, you are so sweet.
I know it would take quite a long time for you. That's why I read thoroughly about your post.
Thank you very much for your kindness.