မနေ့ တုန်းကမီးမလာလို့  ဒီနေ့ မှပဲ ပို့ စ် တင်ရတော့တယ်။ မနေ့ ကတနင်္ဂနွေနေ့ 
ဆိုတော့ သူငယ်ချင်းတွေနဲ့ ချိန်းပြီး လျှောက်သွားလည်ပြီး မုန့် တွေသွားစားခဲ့ကြတယ်။
ပထမဆုံးဘယ်သွားလဲဆိုတော့ ဘယ်သွားရမလဲမသိတာနဲ့  ဆိုင်ကယ်ဦးတည်ရာ မန္တလေးတောင်ကို
သွားခဲ့ကြတယ်။ တောင်ပေါ်မှာခဏနေပြီးတော့ ပြန်ဆင်းလာခဲ့တယ် ။ အဆင်းလမ်းတနေရာမှာပဲ လွမ်းစေတီဆိုတဲ့ စေတီလေးကိုတွေ့ လို့ ဝင်ဖူးခဲ့ကြသေးတယ်။ ဒါကလွမ်းစေတီကနေလှမ်းရိုက်ထားတဲ့ရှုခင်းပေါ့
စေတီပေါ်မှာ တံမြက်စည်းအဆင်သင့်တွေ့  လို့  တံမြက်စည်းလှည်းပြီး ကုသိုလ်ယူခဲ့ကြသေးတယ်။ အဲဒီစေတီနားလေးမှာ သရဲခြောက်တယ်လို့ လဲပြောကြတယ်။
အဲတော့ညနေလဲစောင်းနေပြီဆိုတော့ မြန်မြန်တံမြက်စည်းလှည်းပြီးတော့ တောင်ခြေကို မြန်မြန်ဆင်းခဲ့ကြတယ်။
ဗိုက်ကလဲဆာလာပြီဆိုတော့ တောင်ခြေရောက်တာနဲ့ ဝမ်းဖြည့်ဖို့  စဉ်းစားရတာပေါ့ ။ ဘယ်မှာစားမယ်ဆိုတာ တယောက်တပေါက် ငြင်းကြခုန်ကြရင်းနဲ့  နောက်ဆုံးမှာတော့ 34 လမ်း 73 ၊ 74 ကြားက ၀င်းဝင်းအသားကင်ဆိုင်ပဲရောက်သွားကြတယ်။ စားပြီးသောက်ပြီးလို့  အချိန်နာရီလဲကြည့်လိုက်တော့
ည ၈ နာရီထိုးကာနီးပြီဖြစ်လို့ လမ်းခွဲပြီး အိမ်ပြန်ကြတော့တယ်။
Tuesday, May 1, 2007
တနင်္ဂနွေ
Posted by ပေါက်ပေါက်ဆုပ် at 3:21 AM
Labels: လည်လည်သွား
Subscribe to:
Post Comments (Atom)
3 comments:
သာဓု သာဓု သာဓု။
မန္တလေး တောင် ဆိုတာနဲ့ မနက်စောစော တောင်တက်တာ ကိုပဲ သတိရတယ်..ဘယ်သူလဲသိဝူး သူ့ဆိုအမြဲနိုး ရတယ်...:P ရှုး..တိုးတိုး..သူကြားသွားမယ်..
အယ်...... အဒါဒူလုံး....ဆိုးပါ့
မန်းလေးကို ပြန်ချင်လာပြီ :(
Post a Comment