လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Tuesday, July 31, 2007

ဝါဆိုလပြည့်နေ့တုန်းက ....

ဝါဆိုလပြည့်နေ့က ဘယ်မှသွားစရာ မရှိတာနဲ့ မရိုးနိုင်တဲ့ Skywalk နဲ့ 78 Shopping Mall ကိုသွားကြတာ။ 78 ကိုရောက်တော့ သဇင် ရဲ့ Free Show ရှိတယ်ဆိုတာ သတိရလိုက်တာ။ ကားရပ်စရာနေရာဆိုလဲ မရှိ … ဆိုင်ကယ်ရပ်စရာနေရာဆိုတာလဲမတွေ့ တမြို့လုံးက လူတွေ 78 ကိုရောက်နေသလားပဲ ….. City Mark ထဲမှာလဲလူတွေကြိတ်ကြိတ်တိုး ………. Season မုန့်ဆိုင်မှာလဲ ထိုင်စရာမရှိ … အထပ်တိုင်းလူတွေပြည့်နေတာပဲ … အပေါ်ထပ်က သရဲရထားဆိုရင် ပိုတောင်ဆိုးလောက်အုံးမယ် .. တတ်တောင်မကြည့်ခဲ့ရဖူး …… ရောက်သွားတဲ့အချိန်ကလဲကွက်တိ ပွဲစချိန်နီးတော့လူတွေကလဲရုံးစုရုံးစုဖြစ်လာတယ် ……အလကားကြည့်ရလို့လားမသိဖူး လူတွေကိုများလိုက်တာ လူကြားထဲမတိုးနိုင်လို့ မုန့်ဆိုင်ထဲ အမြန်ပြေးဝင်လိုက်ရတယ် မုန့်ဆိုင်ထဲတောင်
အလကားပေးနေတဲ့အတိုင်းပဲနေရာလွတ်တောင် မတွေ့ဖူးထသွားတဲ့ လူတွေ့တွေ့ချင်းအမြန်ထိုင်လိုက်နိုင်လို့ တော်သေးတယ်အဲဒီနေ့မှဆိုင်ထဲမှာတော်တော်လူစည်နေတယ် … ခါတိုင်းလည်းစည်ပါတယ် ဒါပေမယ့် ထိုင်စရာမရှိအောင်အထိတော့ မဖြစ်ဖူး ..
ရှိုးလျှောက်မယ့်စဉ်လေးက နိမ့်နိမ့် …. လူတွေကများများ …. မော်ဒန်တွေကလှလှ …. ကင်မရာမီးတွေက တဖျက်ဖျက် အပြင်ကနေကြည့်တော့ တော်တော့ကို ပျော်ဖို့ကောင်းပါတယ် …. တချို့မမြင်ရတဲ့လူတွေကြတော့ တယောက်တလှည့်ဆီထင်တယ် ၀ိုင်းမြောက်ထားပေးပြီးကြည့်ကြတယ် ….. သိပ်မကြာလိုက်ပါဖူး သဇင်ဖျော်ဖြေတော့မယ်ဆိုတော့ အားပေးလိုက်ကြတာ ပထမဆုံး ငါ့ရည်းစားကသူ့ရည်းစားဖြစ်နေတယ် ဆိုတဲ့သီချင်းလေးဆိုတယ် ….. အားလုံးသဇင်နဲ့ အတူတူလိုက်ဆိုကြတော့ သဇင်အသံလေးတောင်ပျောက်သွားတယ် … နောက်သေချာနားထောင်လိုက်တော့ အသံကတမျိုးဖြစ်နေတယ်ထင်တာ …… သီချင်း ၁ ပုဒ်လဲဆိုပြီးသွားရော သဇင်နေမကောင်းဖြစ်နေလို့ ပါတဲ့ပြောတယ် ….. အော် ..... ဒါကြောင့်အသံတမျိုးဖြစ်နေတာကိုးလို့ …. နေမကောင်းတဲ့ကြားကနေ သီချင်းတွေ ၆ ပုဒ်လောက်ဆက်တိုက်ဆိုသွားတယ် …… သဇင်လဲဆိုပြီးရော ပွဲကခဏနားမယ်တဲ့ အဲဒီတော့မှ လူနဲနဲနည်း သွားတယ် …… အဲဒီအချိန်မှာပဲ ပိုက်ပိုက် မြန်မြန်ရှင်းပြီး မြန်မြန်ပြန်ဆင်းခဲ့ရတယ် နို့မို့ဆိုပြန်ဆင်းဖို့ မလွယ်လောက်ဖူး
ကဲပေါက်ပေါက်ဆုပ်ရဲ့ဝါဆိုလပြည့် လျှောက်သွားတာလေးတော့ပြီးသွားပြီ
သဇင်ဆိုထားတာလေး ဗွီဒီယိုရိုက်လာခဲ့ပြီးမှ ကွန်နက်ရှင်ကြောင့် မတင်ရတော့ဖူး

4 comments:

Layma said...

ပေါက်ပေါက်ဆုပ်….လပြည့်နေ့ မှာ ဥပုသ်မစောင့်ဘဲ လျှောက်လည်နေတယ်ပေါ့….

ပေါက်ပေါက်ဆုပ် said...

ဟိဟိ ... တခါတည်းပါ :D

Unknown said...

aye.. pyaw char gyii ..
next time kyart.. lat toe. yite nor.. :D

ပေါက်ပေါက်ဆုပ် said...

အိုတေ အပ်မိန် လက်တို့လိုက်မယ် :P