ဦးပေါ်ဦးတောင်မှ စကားအရာမှာ အရှုံးပေးခဲ့ရတယ်ဆိုတဲ့သူက တခြားသူတော့မဟုတ်ဖူး
အဲဒီသူကတော့ အောင်မြေဘုံစံ အုတ်ကျောင်းဒါယိကာမမိဖုရားခေါင်ကြီး ကိုးကွယ်တော်မူသည့် ဆရာတော်ဦးဗုဓ်ဖြစ်တယ် ………….
ရှိလို့  မည်သူမဆို ကြည်ညိုခန့် ညားပြီး ရဟန္တာတဆူအသွင် အလွန်ပဲကြောက်ရွံ့ ရိုသေကြတယ် …… ဆရာတော်ဦးဗုဓ် နှုတ်တော်က အသံထွက်အောင် ရယ်ရွင်တော်မူဟန်
ကို တခါတရံမှလည်းမမြင်ဖူးကြဖူး …. ဘယ်သူတဦးတယောက်ကိုမှလဲ မျက်နှာမလိုက် ၊ အထိုက်အလိုက်တောင်မှ မိန့် တော်မမူ ….. မင်းဧက္ကရာဇ် နဲ့ မိဖုရားခေါင်ကြီးကိုတောင်မှ
ကြည်ကြည်ရွှင်ရွှင်လိုက်ရောပြောဆိုဖူးခြင်းမရှိဖူးတဲ့ …… ပကတိတည်ကြည်တော်မူတယ် …
ဝန်ကြီး ၊ အတွင်းဝန် တွေကိုလဲ ကျောင်းတွင်းမှာ မြက်ထိုး တံမြက်စည်းလှည်းခိုင်းတယ်တဲ့ ….
“ ဆရာတော်ဦးဗုဓ်ထံရောက်၍ အငေါက်ခံရသူမှာ သွားသောသူသာ ပဓာနဖြစ်တယ် ” လို့ 
ပြောတော့ ကျန်တဲ့သံတော်ဆင့်တွေက …
“ ဤသို့ ဆိုလျှင် သင်သွား၍ အငေါက်မခံရပါက ငွေသုံးရာ စု၍ပေးမည် ” လို့ ပြောတော့ အဖိုးတန်သားမွေးအင်္ကျီကိုဝတ်ပြီး ဆရာတော်ရှေ့မှောက်မှာ သွားရောက် ဦးချကာ ၀တ်ဖြည့်ပြီးနေနေတယ် …. ကျန်တဲ့ သံတော်ဆင့်တွေက ချောင်းပြီးတော့နားထောင်ကြတယ်
လှည့်လို့ တောင်မကြည့် ပကတိ စာကြည့်လျက်သာနေနေတယ် ….. သံတော်ဆင့်ကလည်း
အချိန်ကြာညောင်းလို့  ဗယ်ပြောင်း ညာပြန် လှုပ်ရှားနေတော့ ဆရာတော်ဦးဗုဓ်က …
“ တကုပ်ကုပ်နဲ့  ခွေးနက်ကြုတ်ကြီး ဘာကိစ္စလာသနည်း ” လို့ မေးလိုက်တော့ သံတော်ဆင့်က ကြောက်ရင်းစွဲကလဲရှိ လျောက်စရာကလဲ အထူးမရှိတာနဲ့  ပြောမိပြောရာ
လျှောက်ချလိုက်တာက
“ တပည့်တော် နေ့ စဉ် နွားနို့ ဝတ်အမြဲပြုလိုကြောင်းပါ ဘုရား ” လို့ လျှောက်ထားတော့ ဆရာတော်က ….
“ ဒါကိုများလာပြီးတော့ လျှောက်နေရသေးလား ၊ ပို့ ချင်ပို့ မပို့ ချင်နေ ..
ငါမအားဖူး သွားတော့ ” လို့ ငေါက်ငန်းလိုက်တော့ ချက်ချင်းပဲကျောင်းပေါ်က ဆင်းခဲ့ရတယ် ။
“ ရေကန်ကြီးအလွန်ကောင်းပါသလားဘုရား ”
“ အေး…. ကောင်းတယ် ” ဟုသာမိန့် ကြားတယ် ။
အတန်ကြာမှ ဦးပေါ်ဦးက ….
“ ရေကန်ကြီးအလွန်ကြည်ပါသလား ဘုရား ”
“ အင်း… ကြည်သားပဲ ” ဆိုပြီး ဆိတ်ဆိတ်ပင်နေပြန်တယ် ။
အတန်ကြာတော့ ဦးပေါ်ဦးက …
“ ရေကန်ကြီး ဘယ်လောက်နက်လဲ ဘုရား ”
“ ငါမသိဖူး ”
“ တပည့်တော်က အရှင်ဘုရားနဲ့ နီးလို့  သိပြီးဖြစ်မလားလို့ လျှောက်ထားမိပါတယ် ဘုရား ”
“ နီးတိုင်းသာ သိရမယ်ဆိုရင် ဒကာကြီးမေးက မုတ်ဆိတ် ဘယ်နှပင်ရှိသလဲ ”
ဦးပေါ်ဦးက မဖြေတတ်တော့လို့  ….
“ တပည့်တော် သတိမထားမိပါ ဘုရား ”
“ အေး …. ဒကာကြီးမေးက မုတ်ဆိတ်မွေး ဘယ်နှပင်ပေါက်တယ်မသိရင် ဒီရေကန် ဘယ်လောက်နက်တယ်ဆိုတာ ငါဘယ်သိမလဲ ” လို့ မိန့် ကြားပြီး ဆိတ်ဆိတ်နေမြဲနေတော်မူတယ် …. ဦးပေါ်ဦးက တစ်ခြားနေရာမှာ စကားတတ်ပေမယ့်
ဆရာတော်ဦးဗုဓ် နဲ့ တွေ့ မှ အရှုံးပေးပြီးပြန်သွားရတယ်တဲ့ …..
သူငယ်ဂျင်းတို့ လဲ ကျေနပ်ကြမယ်ထင်ပါတယ်
4 comments:
ဝါးဟားဟား.
ကောင်းလိုက်တဲ့ပို့စ်လေးဗျာ. ဖတ်ရတာ ဗဟုသုတလည်းရ၊ ပျော်စရာလေးလည်း ဖြစ်သွားတယ်
ကျေးဇူးပဲ ပေါက်ပေါက်ဆုပ်ရေ...
များများသာရေး. အ၀လာဖတ်ဦးမယ်
ခင်မင်လေးစားလျက်
ရန်အောင်
ခုလိုအားပေးလို့ ကျေးဇူးတင်ပါတယ် yan ရေ
ကျေးဇူး... ပေါက်ပေါက်ဆုပ်ရေ...
ဒီအကြောင်းမသိသေးဝူးဟ..
ဗဟုသုတ တခုတိုးသွားပြီ..
tzm
ဟုတ်တယ် ပေါက်ပေါက်ဆုပ်လဲ အဲဒီအကြောင်းကိုတိဖူး
အဲဒီဦးပေါ်ဦးအကြောင်းရေးထားတဲ့စာအုပ်ကကြာလှပီ
ပေါက်ပေါက်ဆုပ်တို့ထက်တောင်အသက်ကြီးတေးတယ် ၁၉၈၂ တုန်းကထုတ်တာ ဘာပဲဖြစ်ဖြစ် ဗဟုသုတရတယ်ဆိုလို့ ရေးပေးရကြိုးနပ်တွားပီ
Post a Comment