ဖေမြင့်ရဲ့ နှလုံးသားအာဟာရ ရသစာပေများထဲကနေဖတ်ပြီး သဘောကျလို့ တင်လိုက်တာပါ
ကျွန်တော်
၎နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ် ။
၅နှစ် ……………. ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဖူး ။
၆နှစ် ……………. ငါ့အဖေက မင်းအဖေထက်တတ်တယ်ကွ ။
၈နှစ် ……………. တို့အဖေက အကုန်လုံးတော့လည်း အတိအကျမသိဖူး ။
၁၀နှစ် ………… အဖေတို့ငယ်ငယ်တုန်းကနဲ့ခုနဲ့က တခြားစီပဲ ။
၁၂နှစ် …………. အင်းအဲဒါတော့ အဖေလဲ ဘယ်သိပါ့မလဲ ၊
သူက
ကလေးတုန်းက အကြောင်းတွေ
၁၄နှစ် ………… အဖေကတော့ထည့်ပြောမနေနဲ့ ၊ သူကရှေးရိုးသမားကြီး ။
၂၁နှစ် ………… အဘိုးကြီးလား ….. ထားပါ ၊ အောက်နေပြီ …. လုံးဝအောက်နေပြီ ။
၂၅နှစ် ………… အဖေလည်း နဲနဲပါးပါးတော့သိတယ် ၊ မသိလို့ လည်းမဖြစ်ဖူးလေ
လူကြီးပဲဟာ ။
၃၀နှစ် ………… အဖေကိုနဲနဲပါးပါးမေးမြန်းကြည့်ရင်ကောင်းမယ် ထင်တယ်
ဘာပဲပြောပြောသူက အတွေ့ အကြုံအများကြီးရှိတယ် ။
၃၅နှစ် ………... အဖေနဲ့ တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါတခုခုလုပ်နိုင်မယ် ။
၄၀နှစ် ………… အဖေသာဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲမသိဖူး …..
အဖေက အတွေ့အကြုံစုံတယ် ၊ အမြော်အမြင်လဲရှိတယ် ။
၅၀နှစ် ………… ဒီကိစ္စ အခုနေသာ အဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပဲ
ပေးရပေးရ ငါပေးပါတယ် ။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက
ကောင်းကောင်းသတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်….
တကယ်ဆို ငါအဖေ့ဆီက အများကြီးရလိုက်ဖို့ကောင်းတယ် ။
6 comments:
ပေါက်ပေါက်ဆုပ်လေး သိုင်းကျူး..
အပ်မိန်အတွက်ကတော့ ၁၄နှစ်သမီးထိပဲ အဖေခေါ်ခွင့်ရလိုက်ဒယ်.. :P
သိုင်းကျူး။
ပြန်ဖတ်ချင်လို့ လိုက်ရှာနေတာ။ ခုမှတွေ့ တယ်။
ahmei ပေါက်ပေါက်ဆုပ် က ၁၀နှစ်သမီးထိပဲခေါ်ခွင့်ရလိုက်တာ :(
ပုဂံသား ခုလိုစာတွေလာဖတ်ပေးတာကျေးဇူးပါ :)
ပေါက်ပေါက်ဆုပ်လေး ငိုနဲ့ မမအပ်မိန် မုန့်မုန့်ကျွေးမယ်နော်.. :D:D:D
ဟေးးးးးးးးးး ဒါမှမမအပ်မိန်တွ :P
ပေါက်ပေါက်ဆုပ် လေးရေ .. မနက်ကပဲ သူငယ်ချင်း အဖေရဲ့ ဆွမ်းကျွေးမှာ အဲဒိစာလေးကို ယပ်တောင်တစ်ခုမှာတွေ့လို့ သဘောကျနေတာ .. အခုဒီမှာဖတ်လိုက်ရတော့ ကောင်းလိုက်တာ .. အရမ်းသဘောကျသွားတယ် ...
Post a Comment