မနေ့ ကမိုးတွေအရမ်းရွာတယ် ။ ရွာလိုက်တာမှ မနက်တည်းကရွာတာ ညနေစောင်းမှပဲတိတ်တော့တယ် ။ တလမ်းလုံးလဲ ရေတွေကိုပြည့်လျှံနေတာပဲ ။ မိုးကလဲမရွာတုန်းကလဲမရွာလို့  ရွာတော့လဲ တမြို့ လုံးရေတွေကို လွှမ်းသွားတာပဲ ။ သိတယ်မလား မန်းလေးမိုးလေ ။
မိုးတွေရွာနေတုန်းအပြေးအလွှားလေးရိုက်ထားတာ
အဲဒီ မိုးအေးအေးနေ့ မှာပဲ ဟော့ပေါ့လုပ်စားဖြစ်တယ် ။ စားချင်တော့လဲ မိုးထဲလေထဲပြေးဈေးဝယ်ရတာပေါ့……….ဟိဟိ ဟော့ပေါ့ဆိုတာမျိုးက ဆောင်းတွင်းပိုင်းမှာလုပ်စားတာပိုကောင်းတယ်..ဘာလို့ လဲဆိုတော့ ဆောင်းတွင်းမှာက ဟင်းရွက်ပိုစုံတယ်လေ….နောက်ပြီးဈေးလဲသက်သာတယ် …. ပေါပေါများများလဲရတယ် ။ ခုတော့ဟင်းရွက်ကဈေးလဲနဲနဲကြီးတယ် ပေါပေါများများလဲမရခဲ့ပါဘူး ။ ခုလုပ်စားတဲ့ဟောပေါ့လုပ်နည်းကလွယ်လွယ်လေးရယ် ။ အလုပ်တော့ နည်းနည်းရှုပ်တာပေါ့ အရမ်းကြီးလဲရှုပ်ပါဖူး ။ ဟော့ပေါ့ထဲပါတဲ့ ပစ္စည်းတွေကတော့ ၀က်ရိုး ၊ ကြက်ရိုး ၊ ငါးရိုး( နှစ်သက်ရာ ) ထည့်လို့ ရပါတယ် ။ ၀က်ရိုးဆိုရင်တော့ အကောင်းဆုံးပေါ့ ။ နောက်ပြီး ကြက်ဥ ၊ ပိန်းဥ ၊ ငါးဖယ်လုံး ၊ ငုံးဥ ၊ မျှစ်ခြောက် ၊ ၀က်ခေါက် ၊ ဂဏန်းအသား ၊ ပြည်ကြီးငါး ၊ ပုဇွန် ၊ မုန်ညှင်းစိမ်း ၊ တောင်အော်ရွက် ၊ ပေါချိုင်ရွက် ၊ ပဲရွက် ….. ကြိုက်နှစ်သက်ရာထည့်နိုင်တယ် ။ ပထမဆုံး ၀က်ရိုးကို အရင်ပြုတ်ထားရမယ် ။ ပြီးရင် ၀က်သားကိုတောက်တောက်စင်းပြီး ဆား ၊ ဟင်းချိုမှုန့်  ၊ သာကူမှုန့်  ၊ ကြက်ဥ တို့ နဲ့ ရောနယ် …. အဲဒီနယ်ထားပြီးသား ၀က်သားတစ်ဝက်ကျော်ကျော်လောက်ကို အလုံးလေးတွေလုံးပြီး ကျော် ။
ဒါက၀က်သားလုံးကြော်ထားတာ
နောက်ပြီး ကြက်ဥကိုကျတော့ ခလောက်ပြီးပါးပါးလေးတွေကြော်မှာ ကြက်ဥထဲကို ဆားဟင်းချိုမှုန့် မထည့်ရဖူး ။ အဲဒီကြော်ပြီးသား ကြက်ဥထဲကို စောစောကချန်ထားတဲ့ ၀က်သားကို ပြားပြားလေးတွေထည့်ပြီး လိပ်ရမယ် ။ အဲဒီကြက်ဥနဲ့ ဝက်သားလိပ်ထားတာကို ခနုံထုပ်လို့ လည်းခေါ်တယ် ။
ဒါကခနုံထုပ် မျှစ်ခြောက်ကိုလည်း ရေနွေးနဲ့ ပြုတ်ပြီး ပါးပါးလေးတွေလှီးထားရမယ် ။
ဒါကမျှစ်ခြောက် မလှီးရသေးဖူး
ပြီးရင် ပိန်းဥကို အတုံးလေးတွေတုံးပြီး ကြော်ရမယ် ။ မကြော်ပဲထည့်မယ်ဆိုရင် ဟင်းရည်က အရမ်းကိုပြစ်သွားမှာ စိုးလို့ လေ ။ ပြည်ကြီးငါးကိုလဲ အတုံးသေးသေးလေးတွေတုံးရမယ် ။
အားလုံးပြီးသွားပြီဆိုရင် ဟော့ပေါ့အိုးထဲကို မုန့် ညင်းစိမ်းရွက်ကို အရင်ထည့်ခင်းရမယ် ။
ပြီးရင် ပိန်းဥ ၊ ၀က်သားလုံးကြော် ၊ မျှစ်ခြောက် ၊ ဂဏန်းသား ၊ ပြည်ကြီးငါး ၊ ပုဇွန် ၊ ၀က်ခေါက် ၊ ငါးဖယ်လုံး ၊ ငုံးဥ ၊ ကြက်ဥခနုံထုပ် အားလုံးပေါ်ကို ပြုတ်ထားတဲ့ ဟင်းရည် ကိုထည့် ။
အမွှေးနံ့ ကြိုက်ရင်တော့ တရုတ်မဆလာကို အပေါ်ဆုံးက ဖြူး ။
မီးထည့်ပြီး မိနစ် ၃၀ လောက်ဆိုရင်တော့ စားလို့ ရပြီ ။
ဟော့ဒါကတော့ဟော့ပေါ့အိုးကြီး
ဒီဟော့ပေါ့ကတော့ ကိုယ်တိုင်လုပ်တာမဟုတ်ပါဖူး မမရဲ့ လက်ရာ၊မမလုပ်တာကို ဘေးနားကနေ တောက်တိုမယ်ရ ယောင်ခြောက်ဆယ် အတောင်ပေါက်တယ် ပြောင်မြောက်တယ်ပေါ့….ဟိဟိ
အဲ့ဒီ့နေ့ က ပေါက်ပေါက်ဆုပ် အမျာကြီးပင်ပန်းသွားတယ်
လက်တွေဆို ညောင်းလို ၊့သွားတွေဆိုနာလို ၊့ဗိုက်တွေဆို တင်းလို ၊့
မိုးကလဲအေးအေးနဲ့ ဆိုတော့ အရမ်းအရမ်းစားလို့ ကောင်းတာပဲ ။
လူနဲ့ လည်းတည့်တယ်လေ.. မယုံရင်ခုပဲလုပ်စားကြည့်ပါလား...
6 comments:
woww... ချားချင်ချရာလေးးး
သူများကိုရော ချာထားပေးလားး...
နောက် ဟော့ပေါ့လုပ်ရင် ဒီပိုစ့်လေးကို ပြန်လာဖတ်မယ်.. :D
တိရယ်တိရယ် သုညားဖို့ ရောပိုချားပေးတာ ဗိုက်ကြီးကိုကားလို့ 
နင်တော့လုပ်ချလိုက်ပြန်ပြီ...ငါသေအောင်ကြိုက်တာဟ..အဲဒီဟော့ပေါ့က..
စားချင်လိုက်တာ ။
နှိပ်စက်ပါ့ ပေါက်ပေါက်ဆုပ်ရယ်
နှိပ်စက်ပါဖူး
နောက်ခါလုပ်စားရင် ahmei ရယ် စိုင်းလင်းသူ ရယ်
နိုင် ရယ် cms ရယ် ကိုခေါ်မယ် :P
Post a Comment