လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Saturday, May 19, 2007

အိပ်မက်ရဲ့အဓိပ္ပာယ်

လူတိုင်းအိပ်စက်တဲ့အခါ အိပ်မက်ဆိုတာမက်ကြစမြဲပါ။ ဒါပေမယ့်အဲဒီ
အိပ်မက်ရဲ့အဓိပ္ပာယ်ကိုတော့ ရေရေရာရာမသိကြပါဖူး။ ဒီနေ့ မြန်မာတိုင်းမ်
ဂျာနယ်ထဲမှာ သင့်အိပ်မက်တွေရဲ့အဓိပ္ပာယ် ဆိုတဲ့ခေါင်းစဉ်တွေ့ လို့ 
စိတ်ဝင်စားလို့ ဖတ်ရင်းနဲ့  ဒီပိုစ့်လေးကို တင်ဖြစ်သွားတာပါ။ အဲဒီထဲက
ပါတဲ့အတိုင်းပြန်ရေးပြီးတင်ပေးလိုက်ပါတယ်။

လူကြားထဲမှာ ၀တ်လစ်စားလစ်
လူအများကြားထဲ ရောက်သွားပြီးမှ အ၀တ်ဗလာနဲ့  ဖြစ်နေတယ် မြင်မက်ရင်
သင့်မှာ လျှို့ ဝှက်ထားတာရှိတယ်တဲ့။ တကယ်လို့  ကိုယ်ဝတ်လစ်စားလစ်
ဖြစ်တာကို ဘယ်သူမှ သတိမထားမိဖူးဆိုရင် သင့်လျှို့ ဝှက်ချက်က သူများ
နားပေါက်ကြားမှာမဟုတ်ပါဖူး ။

လိမ့်ကျခြင်း
အိပ်မက်ထဲမှာ တလိမ့်ကောက်ကွေးလိမ့်ကျတယ်ဆိုရင် သင့်စိတ်ထဲ မလုံခြုံတဲ့
သဘောနဲ့  အရမ်းစိတ်လှုပ်ရှားရတဲ့ အခြေအနေမျိုးနဲ့  ကြုံတွေ့ နေရတဲ့သဘောပါ။
စိတ်ထဲတနုံ့ နုံ့ ဖြစ်နေရင်ပဲဖြစ်ဖြစ် ၊ ကိုယ့်ကိစ္စအောင်မြင်ပါ့မလားလို့ စိုးရိမ်စိတ်
လွန်ကဲတဲ့အခါမှာဖြစ်ဖြစ် မက်တက်ပါတယ် ။

လူအလိုက်ခံရခြင်း
လူအလိုက်ခံရလို့  ကြောက်ကြောက်လန့် လန့် ပြေးရတယ်လို့  မက်ရင် ကိုယ်ကြုံ
တွေ့ နေရတဲ့ အခက် အခဲ ၊ ပြဿနာတွေကို ကျောခိုင်းချင်တဲ့ စိတ်ပြင်းပြလွန်းလို့ 
မက်မိတာဖြစ်ပါတယ်။

စာမေးပွဲဖြေခြင်း
အိပ်မက်ထဲမှာစာမေးပွဲဖြေရမယ်ဆိုတာ ရုတ်တရက် သတိရသွားတယ်။ ဒါပေမယ့်
အဆင်ပြေပြေဖြစ်မနေဖူး။ ဥပမာ - အခန်းရှာမရတာ ၊ ဘောလ်ပင်မှင်ကုန်သွားတာ။
ဒါမျိုးက သင်ဟာတစ်ခုခုအတွက် အစစ်ဆေးခံနေရချိန် ၊ ဒါမှမဟုတ် အစစ်ဆေးခံ
ရတော့မယ်လို့  ခံစားမိချိန်တွေမှာ မက်တတ်ပါတယ်။

ပျံသန်းခြင်း
ပျံသန်းခြင်းရဲ့ အဓိပ္ပာယ်ကတော့ စိတ်ရှင်းလင်းနေတယ် ဆိုတဲ့ သဘောပါ။အမြင့်မှာ
ပျံသန်းနေတယ်လို့ မက်ရင် သင်ဟာအရာရာကိုအောင်နေတဲ့ အနေအထားကို ရောက်နေတယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမယ့် အမြင့်ပျံနေတုန်း ကြောက်စိတ်ဝင်နေ
ရင်တော့ သင်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတစ်စုံတစ်ခုအတွက် တွန့် ဆုတ်နေတယ်ဆိုတဲ့
သဘောပေါ့။

ပြေးခြင်း
အိပ်မက်ထဲမှာ ပြေးတယ်…..ပြေးတယ် ။ ဒါပေမယ့် ဘယ်ခရီးမှ မရောက်နိုင်ဖူးဆိုရင်တော့ သင်ဆောင်ရွက်ချင်တဲ့ ကိစ္စ၀ိစ္စတွေကများနေပြီး
လုပ်ချင်တိုင်း မလုပ်နိုင်တဲ့ အနေအထားမှာရောက်နေတတ်ပါတယ်။

သွားကျွတ်ထွက်ခြင်း
ဒါက စွမ်းဆောင်နိုင်စွမ်းရည်နဲ့  ဆက်စပ်ပါတယ် ။ အိပ်မက်ထဲမှာ သွားတွေအကုန်
ကျွတ်ထွက်တယ်လို့  မက်တယ်ဆိုရင် သင့်ရဲ့ရုပ်သွင် လက္ခဏာကို အရှက်ရစေတဲ့
အပြင် သင့်ရဲ့စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေမယ့် နိမိတ်ဆောင်ပါတယ် ။


သူများတွေတော့ဘယ်လို အိပ်မက်တွေကို မက်ကြတယ်တော့မသိပါဖူး ။
ပေါက်ပေါက်ဆုပ်ကတော့ လိမ့်ကျတဲ့ အိပ်မက်ရယ် ၊ ပြေး ရတဲ့ အိပ်မက်ရယ် ၊
သွားကျွတ်ထွက်တယ်ဆိုတဲ့ အိပ်မက်တွေကို အမြဲတမ်းနီးနီး မက်တယ်။
ပြေးရတဲ့အိပ်မက်ဆို ခဏခဏနီးပါးမက်တယ် ။ အိပ်မက်ထဲမှာ သရဲကြီးက
လိုက်လို့  ပြေးရတယ် … ပြေးတာမှလုံးနေတာပဲ ။ ကိုယ်ကသာအားစိုက်ပြီး
ပြေးရတာ ခရီးကဘယ်လိုမှမတွင်ဖူး ။ နောက်ဆုံး သရဲကြီးလဲ မှီလာရော
အိပ်ရာလဲနိုးရော (တော်သေးတာပေါ့အိပ်ရာနိုးလာလို့ ) ။ အဲလိုအိပ်မက်မက်တယ်
ဆိုတာ ပက်လက်လှန်ပြီးအိပ်လို့ ဘီလူးစီးခံရတယ်လို့  ( ရှေးလူကြီးတွေက )
ပြောကြတာပဲ ။ဒါပေမယ့် တချို့ ကကြတော့ အဲဒါက ထမင်းလုံးတွေတက်နင်းလို့ 
ထမင်းလုံး သစ္ဆေခြောက်တယ်လို့ ပြောကြပြန်တယ် ။
တချို့ ကြတော့လဲအိပ်မက်ကိုပြောင်းပြန်ယူကြတယ်။
အိပ်မက်ထဲမှာ စာမေးပွဲကြတယ်ဆိုရင် အပြင်မှာစာမေးပွဲအောင်တယ်လို့  အဓိပ္ပာယ်ယူ
ကြတယ် ။ ပေါက်ပေါက်ဆုပ်လဲ ဒီလိုပဲ အိပ်မက်မကောင်းဖူးဆိုရင် ပြောင်းပြန် အဓိပ္ပာယ်
ကောက်လိုက်တာပဲ ။ အဲအိပ်မက်ကကောင်းတယ်ဆိုရင်တော့ ဒဲ့ပဲကောက်
လိုက်တယ် တညိုး ပဲနော် ဟီဟီ…..




0 comments: