+ အချိန်ရယ်၊ပတ်ဝန်းကျင်ရယ်၊လောကကြီးရယ် + စက်ကူပေါ်မှာ လှပတဲ့အိမ်လေးတလုံးဖြစ်အောင်ရေးခြစ်ဖို့လွယ်ပေမယ့် + ဖြစ်ပြီးခဲ့တဲ့ပြသနာတွေအတွက်… + လှေလှော်ရင်းမုန်တိုင်းမိခဲ့ရင်.. + မနေ့ကဘာဖြစ်ခဲ့တယ်ဆိုတာတွေးပြီး စိတ်ဓါတ်မကျနဲ့….
အဲဒီသုံးခုက မင်းကိုအမြဲတမ်းသွန်သင်ဆုံးမနေတယ်…
ခံယူတတ်အောင်ကြိုးစားပါ။
လူတယောက်ကိုအကြံပေးဖို့ တအားခက်မယ်…
ဝေဖန်ဖို့ကျတော့ တအားလွယ်နေလိမ့်မယ်…။
မြေပြင်မှာ ခိုင်ခန့်တဲ့အိမ်လေးတလုံးဆောက်ဖို့ အတော်ခက်ခဲပါတယ်..
လောကမှာ ခိုင်မာတဲ့ဘ၀တခုတည်ဆောက်ဖို့ကတော့ ပိုပြီးတော့ခက်ခဲပါတယ်။
WHY? လို့မေးနေမယ့်အစား
HOW? လို့မေးပြီးဖြေရှင်းလိုက်ပါ။
ပတ်ဝန်းကျင် ရဲ့ချီးကျူးမှုကိုအလွန်အမင်းသာယာစရာမလိုဘူး…
+ ရာနှုန်းပြည့်ရိုးသားမှုနဲ့ ကိုယ့်ဘ၀ကို အဆင်ပြေအောင်နေလို့ရတယ်ဆိုတာကို
ဒီမုန်တိုင်းပျောက်ကွယ်သွားပါစေလို့ဆုတောင်းနေမယ့်အစား..
အဲဒီ မုန်တိုင်းကိုမင်းရဲ့လှေနဲ့ဘယ်လိုဖြတ်ကျော်မလဲဆိုတာ……………..။
ဒီနေ့ဘာဖြစ်ပြန်ပြီဆိုပြီးတော့လည်း Attention မထားနဲ့….
မနက်ဖြန်ဘာဖြစ်လာဦးမယ်ဆိုပြီးတော့လည်း တွေးပူမနေနဲ့..
မနေ့က ဖြစ်ခဲ့တာတွေထဲကသင်ခန်းစာယူ
ဒီနေ့ဖြစ်တဲ့ဟာကို အကောင်းဆုံးပြုပြင်..
မနက်ဖြန်……မနေ့ကနဲ့ဒီနေ့လိုမဖြစ်အောင် ဘယ်လိုလုပ်မယ်ဆိုတာစဉ်းစား…။
Sunday, June 17, 2007
စုဆောင်းထားသော ဒဿနလေးများ
+ ကိုယ့်ယုံကြည်ချက်ကိုယ်တည်ဆောက်…
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်…ကိုယ့်လမ်းကိုယ်လျောက်။
အဲဒီလိုပဲ ..ကဲ့ရဲ့မှုကိုလည်းတုန်လှုပ်စရာမလိုပါဘူး….။
ယုံကြည်သူနဲတယ်….
မုသားမပါလင်္ကာမချောဆိုတာကို လက်ခံကျင့်သုံးတဲ့သူ
များနေတယ်…….ဘာကြောင့်လဲ….
ကြောက်လို့..။ ဘာကိုကြောက်တာလဲ..။မရမှာကို။
ဘာကိုမရမှာလဲ..။ခင်မင်မင်မှုမရမှာ။ငွေမရမှာ။
လူတွေရဲ့ထိုက်ထိုက်တန်တန်ယုံကြည့်မှုမရမှာကိုတော့မကြောက်ကြဘူးလား..။
မရိုးသားတဲ့လူ၊မယုံကြည်ထိုက်တဲ့လူလို့အထင်ခံရမှာ မကြောက်ကြဘူးလား…။
(ဆရာတော်ဦးဇောတိက)
Posted by ပေါက်ပေါက်ဆုပ် at 10:14 AM
Labels: ဒဿနလေးများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment