မိုးကလဲ ရွာမလိုမရွာမလိုနဲ့ မည်းနေတာ ကြာပီ ဒီနေ့မှ သေချာပေါက် အပြတ်ရွာတော့တယ် ...
ပုလင်ဆေးမိုးကြီးရွာသွန်းဖြိုးလိုက်တာ မန်းလေးမြို့ကြီးကို ရေလွှမ်းတွားတာပဲ ... မနက်အစောလောက်မှာ စပြီးရွာတာပဲ အိပ်ရာလဲနိုးရော အိမ်ရှေ့မှာရေပြင်ကြီး ပလက်ဖောင်းလဲပျောက်တွားပီ ... ကားလမ်းမလဲ ဘယ်ဆီနေမှန်းမတိဖူး ... တော်တော်ဝမ်းနည်းတွားတယ် ... ဒီလိုရေလျှံနေပုံနဲ့ ဘယ်လိုကျူရှင်တွားရမလဲပေါ့
ခွင့်လှမ်းတိုင်လိုက်တယ် ဟိဟိ .... ဒီနေ့တော့ မိုးအေးအေးလေးနဲ့ ဇိမ်ပဲ မိုးတိတ်ရင် သန့်ဇော်မင်းကြီးရယ်
နှစ်ကူးရယ် ပီရိုရယ် အပ်မိန်ရယ် ခေါ်ပြီး စက္ကူလှေလွှတ်ရမယ်
Sunday, September 16, 2007
မိုးသည်းသည်းလေး
Posted by ပေါက်ပေါက်ဆုပ် at 9:55 AM 9 comments
Labels: ရေးမိရေးရာ
Wednesday, September 12, 2007
ဆောင်းတွင်းအေးအေး
သန့်ဇော်မင်းကြီး တတ်ထားတာလဲကြာပြီ ရေးမယ်ရေးမယ်နဲ့ ဟန်ပြင်နေတာ ရေးမပြီးတေးလို့ ရေးတာကရေးမပြီးတေးဖူး တတ်ဖို့ကြိုတင်ဘိုကင်လုပ်ထားတယ်
အပ်မိန်ဆီမာ ဟိဟိ … ဒီနေ့တော့ မရေးမပြီး မပြီးမတတ်ရဆိုသလို အပြီးရေးပြီး
တတ်လိုက်ပါအုံးမယ် … ပထမဆုံး သန့်ဇော်မင်းကြီးကို ကျေးဇူး ….
ပေါက်ပေါက်ဆုပ်ကို သတိတရလေး တတ်ပေးလို့ ပေါက်ပေါက်ဆုပ်ဘလော့ခ်လေးလဲ
သင်ခဲ့ရတဲ့ အချုပ်တန်းဆရာဖေ ရေးခဲ့တဲ့ “ ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင်
လမ်းဆုံးကအော်လိုက်ချင် ” ဆိုတဲ့ ကဗျာလေးကိုသတိရမိတယ် ….. တခါတလေ ပေါက်ပေါက်ဆုပ်လဲ အဲလို လမ်းဆုံထွက်အော်လိုက်ချင်တယ် ဒါပေမယ့် ကားတိုက်ခံရမှာ
သန့်ဇော်မင်းကြီး ဆောင်းတွင်းအကြောင်းကို ချမ်းချမ်းအေးအေးလေးရေးရအောင်ဆိုပြီး
တတ်လိုက်ပေမယ့် ဒီမှာ ယပ်ခက်ပြီးတော့ရေးနေရတယ် ပူလွန်းလို့ ဟိဟိ …. ရေးလို့တော့ပြီးတွားပြီ တတ်စရာရှိတာတတ်လိုက်အုံးမယ်
အပ်မိန်
ပီရို
ဂျူဂျူး
မလေး
အာလူးပုတ်
ဇော်သက်ကြီး
စတီဗင်ကြီး
နေရာသစ်ကြီး
တေးမွန်ကြီး
ဘလင့်ကြီး
ယားယားလေး
Posted by ပေါက်ပေါက်ဆုပ် at 7:14 PM 4 comments
Labels: ဒီလို...ဒီလို tag ခံရတယ်
Thursday, August 23, 2007
မရှိမဲ့ ရှိမဲ့ ပိုစ့်လေး ၅ ခု
ဒီနေ့တော့ cbox လေးထဲမှာ သူငယ်ဂျင်း အဟောင်းလေးတွေ အသစ်လေးတွေရဲ့ အော်သံတွေကို ဖတ်နေတာ သန့်ဇော်မင်းကြီးနဲ့ မလေးတို့က တတ်ထားတယ်ဆိုပြီး အော်ထားတာတွေ့လို့ အပြေးလေးသွားကြည့်ရတယ်
၁ ။ ဦးပေါ်ဦး နဲ့ ဆရာတော်ဦးဗုဓ် အဲပို့စ်လေးကိုကြိုက်တယ် ဘာလို့လဲဆိုတော့ ဆရာတော်ပြောလိုက်တဲ့စကားတွေက အဓိပ္ပာယ်လဲရှိတယ် ရီလဲရီရတယ် ဦးပေါ်ဦးကတောင် စကားနိုင်လုမပြောနိုင်လို့လေ
၂ ။ အဖေ ဆိုတဲ့ပိုစ့်လေး ကိုလဲကြိုက်တာပဲ
၃ ။ ဟော့ပေါ့အကြောင်း လေးလဲကြိုက်တာပဲ ... ဘာလို့လဲဆိုတော့ ဟော့ပေါ့ကိုကြိုက်လွန်းလို့
၎ ။ မြေခွန်လေခွန်ကောက်သောဦးပေါ်ဦး ပိုစ့်လေးကိုလဲကြိုက်တယ် ဦးပေါ်ဦးက ရှေ့ဖြစ်မှာကိုကြိုသိတယ်နဲ့
တူတယ်
၅ ။ ပေါက်ပေါက်ဆုပ်ရဲ့အကျင့်(၁၀)မျိုး အဲဒါကျတော့ ပေါက်ပေါက်ဆုပ်ရဲ့ ကောင်းတဲ့အကျင့်ရော အကောင်းတဲ့အကျင့်ရော ရေးထားရလို့ သဘောကျလိုက်တာပဲ
ပိုစ့်၅ခုတော့ ပြည့်သွားပြီ ..... မလေး နဲ့ သန့်ဇော်မင်းကြီး ရေ ပေါက်ပေါက်ဆုပ်ရေးပြီးသွားပြီနော် ... ရေးထားတာကတော့ကြာပြီ ကွန်နက်ရှင်မကောင်းလို့ ခုမှပဲတင်လိုက်ရတယ် ....
ဘယ်ဒူကိုထပ်တက်ရမလဲ လိုက်ချောင်းတာ သူငယ်ဂျင်းတွေအကုန်ပြီလုံးရေးပြီးသွားကျပြီ ... ကျန်တဲ့သူငယ်ဂျင်း လေးတွေကျတော့လဲ ပိုစ့် ၅ ခုတောင်မကျော်သေးဖူး ရေးထားတာ .... အဲတော့ တတ်လို့ရတော့ဖူး ..... နောက်မှ စောစောရေးပြီး လူများတွေထပ် ဦးအောင်တတ်ရမယ် ဟဲဟဲ .....
ခုတော့ တတ်ရမယ်လူတွေ့သွားပြီ စတီဗင်ကြီးပဲဖြစ်ပါတယ် ..... Steven Alexand ကြီးကိုတော့ ဂျောက်ချလိုက်ပြီ ...... ရေးပေးပါ ... ရေးပေးပါ ... ရေးပြီးရင်လဲ လက်တို့လိုက်အုံးနော်
Posted by ပေါက်ပေါက်ဆုပ် at 11:08 AM 2 comments
Labels: ဒီလို...ဒီလို tag ခံရတယ်
Tuesday, July 31, 2007
ဝါဆိုလပြည့်နေ့တုန်းက ....
ဝါဆိုလပြည့်နေ့က ဘယ်မှသွားစရာ မရှိတာနဲ့ မရိုးနိုင်တဲ့ Skywalk နဲ့ 78 Shopping Mall ကိုသွားကြတာ။ 78 ကိုရောက်တော့ သဇင် ရဲ့ Free Show ရှိတယ်ဆိုတာ သတိရလိုက်တာ။ ကားရပ်စရာနေရာဆိုလဲ မရှိ … ဆိုင်ကယ်ရပ်စရာနေရာဆိုတာလဲမတွေ့ တမြို့လုံးက လူတွေ 78 ကိုရောက်နေသလားပဲ ….. City Mark ထဲမှာလဲလူတွေကြိတ်ကြိတ်တိုး ………. Season မုန့်ဆိုင်မှာလဲ ထိုင်စရာမရှိ … အထပ်တိုင်းလူတွေပြည့်နေတာပဲ … အပေါ်ထပ်က သရဲရထားဆိုရင် ပိုတောင်ဆိုးလောက်အုံးမယ် .. တတ်တောင်မကြည့်ခဲ့ရဖူး …… ရောက်သွားတဲ့အချိန်ကလဲကွက်တိ ပွဲစချိန်နီးတော့လူတွေကလဲရုံးစုရုံးစုဖြစ်လာတယ် ……အလကားကြည့်ရလို့လားမသိဖူး လူတွေကိုများလိုက်တာ လူကြားထဲမတိုးနိုင်လို့ မုန့်ဆိုင်ထဲ အမြန်ပြေးဝင်လိုက်ရတယ် မုန့်ဆိုင်ထဲတောင်
အလကားပေးနေတဲ့အတိုင်းပဲနေရာလွတ်တောင် မတွေ့ဖူးထသွားတဲ့ လူတွေ့တွေ့ချင်းအမြန်ထိုင်လိုက်နိုင်လို့ တော်သေးတယ်အဲဒီနေ့မှဆိုင်ထဲမှာတော်တော်လူစည်နေတယ် … ခါတိုင်းလည်းစည်ပါတယ် ဒါပေမယ့် ထိုင်စရာမရှိအောင်အထိတော့ မဖြစ်ဖူး .. ရှိုးလျှောက်မယ့်စဉ်လေးက နိမ့်နိမ့် …. လူတွေကများများ …. မော်ဒန်တွေကလှလှ …. ကင်မရာမီးတွေက တဖျက်ဖျက် အပြင်ကနေကြည့်တော့ တော်တော့ကို ပျော်ဖို့ကောင်းပါတယ် …. တချို့မမြင်ရတဲ့လူတွေကြတော့ တယောက်တလှည့်ဆီထင်တယ် ၀ိုင်းမြောက်ထားပေးပြီးကြည့်ကြတယ် ….. သိပ်မကြာလိုက်ပါဖူး သဇင်ဖျော်ဖြေတော့မယ်ဆိုတော့ အားပေးလိုက်ကြတာ ပထမဆုံး ငါ့ရည်းစားကသူ့ရည်းစားဖြစ်နေတယ် ဆိုတဲ့သီချင်းလေးဆိုတယ် ….. အားလုံးသဇင်နဲ့ အတူတူလိုက်ဆိုကြတော့ သဇင်အသံလေးတောင်ပျောက်သွားတယ် … နောက်သေချာနားထောင်လိုက်တော့ အသံကတမျိုးဖြစ်နေတယ်ထင်တာ …… သီချင်း ၁ ပုဒ်လဲဆိုပြီးသွားရော သဇင်နေမကောင်းဖြစ်နေလို့ ပါတဲ့ပြောတယ် ….. အော် ..... ဒါကြောင့်အသံတမျိုးဖြစ်နေတာကိုးလို့ …. နေမကောင်းတဲ့ကြားကနေ သီချင်းတွေ ၆ ပုဒ်လောက်ဆက်တိုက်ဆိုသွားတယ် …… သဇင်လဲဆိုပြီးရော ပွဲကခဏနားမယ်တဲ့ အဲဒီတော့မှ လူနဲနဲနည်း သွားတယ် …… အဲဒီအချိန်မှာပဲ ပိုက်ပိုက် မြန်မြန်ရှင်းပြီး မြန်မြန်ပြန်ဆင်းခဲ့ရတယ် နို့မို့ဆိုပြန်ဆင်းဖို့ မလွယ်လောက်ဖူး
ကဲပေါက်ပေါက်ဆုပ်ရဲ့ဝါဆိုလပြည့် လျှောက်သွားတာလေးတော့ပြီးသွားပြီ
သဇင်ဆိုထားတာလေး ဗွီဒီယိုရိုက်လာခဲ့ပြီးမှ ကွန်နက်ရှင်ကြောင့် မတင်ရတော့ဖူး
Posted by ပေါက်ပေါက်ဆုပ် at 2:04 AM 4 comments
Labels: အလည်သွားခြင်း
Sunday, July 29, 2007
အားလုံးကို...ကျေးဇူးပါ
ပေါက်ပေါက်ဆုပ် ဘလော့ခ်လေး နေပြန်ကောင်းသွားပြီ
ဘလော့ခ်လေးနေမြန်ကောင်းဖို့ ဆုတောင်းသွားပေးကျတဲ့ မမယ်လိုဒီမောင်(or)မမမောင်နဲ့ ကိုစိုင်းစိုင်းကို ကျေးဇူးများကြီးပါတင်တယ်
ပထမဆုံး အသေးစိတ်လေးပေါ့ ဆိုတာ ဖျက်ချင်တာကို ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြပေးတဲ့ ကိုဘုရင့်နောင်
နောက်ပြီး လိုတာရှိရင် Blog လေးကို ကူညီပြီး ကလိပေးမယ်ဆိုတဲ့ ကိုရန်အောင်
ကျန်သေးတယ် မအားတဲ့ကြားထဲကနေ ပြောပြပေးတဲ့ကိုနေရာသစ်ကြီး
နောက်ဆုံး ပေါက်ပေါက်ဆုပ်ရဲ့ Peekaboo လေးကို ပြင်လို့မရသေးမချင်း စိတ်ရှည်လက်ရှည် ရှင်းပြ ပြောပြ သင်ပြပေးသွားတဲ့ ကိုဇော်သက်ကြီးတို့ကိုလဲ ထပ်ဆင့်ကျေးဇူး
ပေါက်ပေါက်ဆုပ် ဘလော့ခ်လေးဆီကို ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြတဲ့
သူငယ်ဂျင်းအားလုံးကိုလဲ ကျေးဇူးကျေးဇူး............များကြီးတင်ပါတယ် ။
Posted by ပေါက်ပေါက်ဆုပ် at 12:44 AM 1 comments
Labels: ကျေးဇူးပါ
Friday, July 27, 2007
ငါ့ကိုမချစ်ပါနဲ့
Blog လေးနေမကောင်းတာ အကြောင်းပြပြီး ပိုစ့်အသစ်မတင်ဖြစ်တာကြာပြီ
ငါ့ကိုမချစ်ပါနဲ့ တဲ့စာအုပ်လေးနာမည်လေးက ဆန်းတယ်နော်…. ဆရာတော်
အရှင်ဆန္ဒာဓိက ရေးထားတာလေ….. စာအုပ်နာမည်လေးဖတ်ပြီးတော့
ဘလိုအဓိပ္ပာယ်ပါလိမ့်လို့ စဉ်းစားမိတယ် … စဉ်းတော့စဉ်းစားကြည့်တယ်
ဒါပေမယ့်မဟုတ်ဖူး …. ပေါက်ပေါက်ဆုပ်စဉ်းစားမိတာကကျတမျိုး ….
ကောင်မလေးတယောက်မှာရည်းစားရှိတာကို သိရက်နဲ့ တခြားတယောက်က
တဖတ်သတ်လိုက်ချစ်နေလို့များ ကောင်မလေးက ငါ့ကိုမချစ်ပါနဲ့ အဲလိုပြောတာများလား
လို့ထင်တာ တကယ်တန်းတော့မဟုတ်ဖူး …. သူငယ်ဂျင်းတို့လဲ စဉ်းစားကြည့်လေ ဘလို
ထင်တယ်ဆိုတာကို …. အဖြေကိုအောက်မှာဆက်ရေးပေးထားမယ် …. ဟိဟိ ဆရာတော်အရှင်ဆန္ဒာဓိက ရေးထားတဲ့ ငါ့ကိုမချစ်ပါနဲ့ဆိုတာလေးက ဒီလို………
ငြင်းလိုက်တဲ့ အဓိပ္ပာယ်လဲသက်ရောက်နိုင်တယ်တဲ့…
နောက်ပြီးတော့ ကိုယ့်ကို ချစ်ခွင့်ပန်လာတဲ့လူတယောက်ကို ကိုယ်ကချစ်ပေမယ့်
မိဘက သဘောမတူလို့ ၊ ဆွေမျိုးအသိုင်းအ၀ိုင်းက သဘောမတူလို့ အစရှိတဲ့
အကြောင်းကြောင်းကြောင့် ချစ်ပေမယ့်လဲ ငြင်းလိုက်တဲ့အနေနဲ့ ပြောတယ်လို့လဲ
အဓိပ္ပာယ်သက်ရောက်တယ်တဲ့ …
ငါ့ကိုမချစ်ပါနဲ့ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ရလဲလို့ ဒကာလေးတယောက်ကိုမေးကြည့်တော့
“ ငါ့ကိုမချစ်ပါနဲ့ ၊ ငါကဘုန်းကြီးဖြစ်နေလို့ပါ ” လို့သဘောပေါက်တယ်တဲ့…..
သူလည်းသူအဓိပ္ပာယ်ပေါက်ချင်သလိုပေါက်တာပေါ့… ဘုန်းကြီးတပါးက မိန်းကလေးတယောက်ကို ပြောလိုက်တဲ့ပုံစံမျိုး သူကယူဆတာပေါ့… မိန်းကလေးတယောက်က ပဲဘုန်းကြီးတပါးကို ချစ်ခွင့်ပန်နေသလိုလို ….
စသည်ဖြင့်….စသည်ဖြင့်…. များကြီးရှိတယ် …. ကျန်သေးတယ်ရေးထားတာတွေ
ဆက်မရေးပြတော့ဖူး … ဖတ်ရတဲ့သူငယ်ဂျင်းတွေပျင်းကုန်မှာစိုးလို့
ဆရာတော် အဓိကပြောတဲ့ ဓမ္မပုံပြင်လေးကို ရေးပြတော့မယ် ……
အဲဒီပုံပြင်လေးက ရတနာပုံခေတ်က ဆရာတော်ကြီး တစ်ပါးမိန့်ကြားတော်မူခဲ့တာတဲ့
အဲဒီပုံပြင်လေးကို ဆရာတော် က နည်းနည်းပြန်ပြုပြင်ပြီးတော့ ပြောသွားတာတဲ့…
ပုံပြင်လေးကတော့…….
တခါတုန်းက ရွာတရွာမှာ “ မိထက် ” ဆိုတဲ့ မိန်းကလေးတယောက်ရှိတယ် …
နာမည်နဲ့လိုက်အောင်စိတ်ဓာတ်က ထက်တယ် ၊ အသိညာဏ်လဲထက်တယ် ..
မိထက် ရဲ့မိဘတွေက ရွာဦးကျောင်းမှာ ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပြီးတော့
လှူဒါန်းထားတယ် … ကျောင်းအလှူရှင်တွေဖြစ်တဲ့ မိထက်ရဲ့မိဘတွေက “ ကျောင်းတစ်ခါ ”
တွေမဟုတ်ကြဖူး … “ ကျောင်းဒကာ ” တွေဖြစ်ကြတယ် ….
တချို့က ကျောင်းကိုဆောက်လှူထားပြီး… ရေစက်ချလို့ပြီးရင် လုံးဝလှည့်မကြည့်တော့ဖူး ….. ပစ်ထားလိုက်ကြတယ် …… အဲလိုလူမျိုးတွေကို “ ကျောင်းတစ်ခါ ” လို့ခေါ်တယ် ။ ကျောင်းကို ရေစက်ချတုန်း တစ်ခါပဲသွားတဲ့သူတွေပေါ့…..
ကျောင်းကို တစ်ခါလှူပြီးးပြီးရော ၊ ကျောင်းဆောက်ထားပြီး ပစ်မထားပဲ နဲ့ ကိုယ့်ကျောင်းမှာ
သီတင်းသုံးတဲ့ ဆရာတော် သံဃာတော်တွေအတွက် လိုအပ်တဲ့ ပစ္စည်းလေးပါးကို အရိပ်တကြည့်ကြည့်နဲ့ ထောက်ပံ့ပြုစုတဲ့ ပုဂ္ဂိုလ်မျိုးကိုမှ “ ကျောင်းဒကာ ” လို့ခေါ်တယ် ။
ကျောင်းကို အမှန်တကယ် အမြဲတမ်းလှူတဲ့ ဒကာပေါ့…..
မိထက်ရဲ့ မိဘများက “ ကျောင်းတစ်ခါ ” တွေမဟုတ်ကြပါဖူး … “ ကျောင်းဒကာ ” တွေ ဖြစ်ကြတယ် ။ သူတို့ဆောက်လုပ်လှူဒါန်းထားတဲ့ ကျောင်းမှာ သီတင်းသုံးတဲ့ ရဟန်းတော်
တွေအတွက် နေ့စဉ်ဆွမ်းပို့ပေးတယ် …..
ဥပုသ်နေ့တိုင်းမှာ မိထက်ရဲ့မိဘတွေရော တစ်မိသားစုလုံး သွားပြီးတော့ ဆွမ်းပို့ကြတယ် ..။
ဥပုသ်နေ့မဟုတ်တဲ့ကြားရက်တွေမှာတော့ မိထက်ကိုပဲ ဆွမ်းပို့ဖို့ တာဝန်ပေးထားတယ် ။
အဲဒီတော့ မိထက်က ဆွမ်းအုပ်ကြီးပိုက်ပြီးတော့ နေ့စဉ်ဆွမ်းသွားပို့ပေးရတယ် …။
ဆွမ်းပို့တဲ့ရက်တွေလဲကြာလာတော့ ကျောင်းမှာ သီတင်းသုံးတဲ့ ဆရာတောနဲ့လည်း ရင်းနှီးလာတယ် …… ။ တစ်နေ့တော့ မိထက်က ဘုန်းကြီးကိုမေးတယ် ……။
“ အရှင်ဘုရား ဒီကျောင်းက ဘယ်သူ့ကျောင်းပါလဲဘုရား ”
“ သြော်….မိထက်ရယ်… မင်းမိဘတွေက င့ါကို ရေစက်ချပြီးလှူထားတော့ င့ါကျောင်းပေါ့ ”
နောက်တစ်ပတ်လောက်ကြာတော့လဲမေးပြန်တယ် … ။
“ အရှင်ဘုရား ဒီသင်္ကန်းတွေက ဘယ်သူ့သင်္ကန်းတွေလဲ ဘုရား ”
“ သြော် … မိထက်ရယ် …. ဒကာ ၊ ဒကာမတွေက ငါ့ကို သဒ္ဓါတရားနဲ့ လှူထားတဲ့ သင်္ကန်းတွေဆိုတော့ ငါ့သင်္ကန်းတွေပေါ့ ”
နောက်တစ်ပတ်လောက်ကြာတော့ မေးပြန်တယ် … ။
“ အရှင်ဘုရား ဒီသပိတ်က ဘယ်သူ့သပိတ်တုန်း ဘုရား ”
“ သြော်…. မိထက်နှယ် … ငါနေ့တိုင်းဆွမ်းစားနေတဲ့သပိတ် င့ါသပိတ်ပေါ့ ”
နောက်တစ်ပတ်လောက်ကြာတော့လည်း မေးပြန်တာပဲ ….
“ အရှင်ဘုရား ဒီဗီရိုတွေက ဘယ်သူ့ ဗီရိုတွေလဲ ”
“ င့ါဗီရိုတွေပေါ့ မိထက်ရယ် ”
“ ဒီစာအုပ်တွေကရော ဘယ်သူ့စာအုပ်တွေလဲ ဘုရား ”
“ ငါနေ့စဉ်ကြည့်နေတဲ့ စာအုပ်တွေ ငါ့စာအုပ်တွေပေါ့ ”
နောက်တစ်ပတ်လောက်ကြာတော့ မေးပြန်ရော …..
ကျောင်းထဲမှာရှိတဲ့ ရေကန်ကြီးကို လက်ညိုးထိုးပြီးတော့ …..
“ အရှင်ဘုရား ဒီရေကန်ကြီးက ဘယ်သူ့ရေကန်ကြီးတုန်း ဘုရား ”
“ မိထက်ရယ် … ငါကိုယ်တိုင် ဦးစီးဦးဆောင်ပြုထားတဲ့ရေကန် ငါ့ရေကန်ပေါ့ ”
ကျောင်းတွင်းမှာရှိတဲ့ သစ်ပင်တွေလက်ညိုးထိုးပြီးတော့လည်း……….
“ ဒီသစ်ပင်တွေက ဘယ်သူ့သစ်ပင်လဲ ဘုရား”
“ သြော် …. ငါကိုယ်တိုင် ဦးဆောင်ပြီးစိုက်ပျိုးထားတဲ့သစ်ပင် ငါ့သစ်ပင်ပေါ့ ”
အဲဒီလိုနဲ့ မိထက်က ဘယ်ပစ္စည်းကို ဘယ်သူ့ပစ္စည်းလဲလို့ မေးမေး ၊ ကျောင်းထိုင်
ဆရာတော်က ငါ့ပစ္စည်းလို့ အမြဲတမ်းဖြေတယ် ။ ဒီလိုနဲ့ တစ်ပတ်ဆယ်ရက်လောက်ကြာ
သွားတော့ မိထက်က မေးပြန်တယ် …
“ အရှင်ဘုရား ၊ အိမ်ရာတည်ထောင်လူ့ဘောင်ကို စွန့်ခွာပြီး တော့ ရဟန်းဘ၀ကို ခံယူ
ထားတာ ဘာရည်ရွယ်ချက်နဲ့လဲ ဘုရား ၊ အရှင် ဘုရားသင်္ကန်းဝတ်နေတာ ဘာရည်ရွယ်ချက်
အဲလိုမေးတော့ ဘုန်းကြီးက …
“ အရှင်ဘုရား နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမချစ်ပါနဲ့ ”
အဲဒီစကားကို ခပ်သုတ်သုတ်ပြောပြီး ကျောင်းပေါ်က ပြေးဆင်းသွားတယ် … ။
ကျောင်းပေါ်မှာ ဘုန်းကြီးတစ်ပါးတည်း ခေါင်းကုတ်ကျန်နေတယ် …
“ ဒီကောင်မလေး ဒီစကားငါ့ကို ဘာလို့များပြောပါလိမ့် ၊ ငါလည်းသူ့ကိုချစ်တယ်လို့
တစ်ခါမှ မပြောမိပါဖူး … ချစ်တဲ့သဘောသက်ရောက်တဲ့ အပြောအဆိုလဲ တစ်ခါမှ
မပြောမိပါဖူး … ချစ်တဲ့သဘောသက်ရောက်တဲ့အပြုအမူ အရိပ်အရောင်လဲ တစ်ခါမှ မပြဖူး
ပါဖူး … ဘာလို့များ “ ငါ့ကိုမချစ်ပါနဲ့ ” လို့ပြောပါလိမ့် ”
အပျိုစင်မိန်းကလေးတစ်ယောက်ရဲ့ ‘ ငါ့ကိုမချစ်ပါနဲ့’ ဆိုတဲ့စကားလေးတစ်ခွန်းကြောင့်
ဆိုတဲ့စကားလေးကသူ့စိတ်ကိုလွှမ်းမိုးသွားတယ် ။
ကျောင်းမှာရှိတဲ့ ကပ္ပိယကြီးကမေးတယ် ….
“ အရှင်ဘုရား စားမ၀င် ၊ အိပ်မပျော်နဲ့ ဘယ်လိုဖြစ်တာလဲ ဘုရား ”
“ မပြောချင်ပါဖူး ကပ္ပိယကြီးရယ် … မိထက်ပေါ့ ”
“ အရှင်ဘုရားကို မိထက်က ဘာတွေလုပ်လို့တုံး ”
“ ဘာမှတော့မလုပ်ဖူး .. ဒါပေမယ့် မိထက်က င့ါကို စကားတစ်ခွန်းပြောသွားတယ် ။
‘ နိဗ္ဗာန်ရောက်ချင်ရင် ငါ့ကိုမချစ်ပါနဲ့ ’ တဲ့ ငါကလည်းသူ့ကိုချစ်တဲ့အရိပ်အယောင်တစ်ခါမှ
မပြခဲ့ပါဖူး အဲဒီအတွက် ငါဦးနှောက်စားပြီးတော့ စားမ၀င် ၊ အိပ်မပျော်ဖြစ်နေတာပါ ”
“ ဒါဆို ဒီကိစ္စ တပည့်တော် စုံစမ်းမယ် ဘုရား ” ဆိုပြီးတော့ ကပ္ပိယကြီးက ကျောင်းဒကာကြီးကို မေးတယ် ။ ကျောင်းဒကာကြီးကလဲ သူကိုယ်တိုင်မမေးပဲ ကျောင်းအမကြီးကို တဆင့်မေးခိုင်းတယ်
“ နင်တို့မိန်းမချင်း တိုးတိုးတိတ်တိတ် ကြိတ်ပြီးတော့ မေးစမ်းပါအုံး ”
အဲဒါနဲ့ ကျောင်းအမကြီးက တိုးတိုးတိတ်တိတ် ကြိတ်ပြီးတော့မေးတယ်
“ လာပါဦး မိထက် ၊ ညည်းက ဘုန်းကြီးကို သွားပြီးတော့ ‘ နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမချစ်ပါနဲ့ ’ လို့ ပြောခဲ့တယ်ဆို ”
“ ဟုတ်တယ်လေ အမေရဲ့”
“ ညည်းကဘာလို့ အဲဒီလိုသွားပြောရတာလဲ ။ ဘုန်းကြီးက ညည်းကိုဘယ်တုန်းက ချစ်တယ်လို့ ပြောဖူးလို့တုံး ”
“ မပြောပါဖူး သမီးက ဘုန်းကြီးကို တရားဟောခဲ့တာပါ ”
“ ပေါက်ပေါက်ရှာရှာ ဘုန်းကြီးကသာ ညည်းကို တရားဟောရမှာ ၊ ညည်းကဘုန်းကြီးကို
တရားပြန်ဟောခဲ့ရတယ်လို့ မိုးကြိုးတွေတော့ပစ်နေပါအုံးမယ် ”
“ မဟုတ်ဖူးလေ အမေရဲ့ ဒီကျောင်းက ဘယ်သူ့ကျောင်းလဲမေးတော့ ငါ့ကျောင်း ၊ ဒီသင်္ကန်းဘယ်သူ့သင်္ကန်းလဲမေးရင် ငါ့သင်္ကန်း ၊ ဒီဗီရို ဘယ်သူ့ဗီရိုလဲမေးရင် ငါ့ဗီရို ၊
ဒီစာအုပ် ဘယ်သူ့စာအုပ်လဲမေးရင် ငါ့စာအုပ် ၊ ဒီရေကန် ဒီသစ်ပင် ဘယ်သူ့ဟာတွေလဲမေး
တော့ ငါ့ရေကန် ငါ့သစ်ပင် လို့ပဲဖြေနေတယ် ”
“ ဘယ်ပစ္စည်းကိုပဲမေးမေး ငါ့ပစ္စည်း ၊ ဘယ်ဥစ္စာကိုပဲမေးမေး ငါ့ဥစ္စာ ဆိုတဲ့ အစွဲတွေကျွတ်အောင် ကြိုးစားအားထုတ်ပါဆိုတဲ့ အဓိပ္ပာယ်နဲ့ သမီး တရားဟောခဲ့တာပါ ”
အဲဒီတော့မှ ကျောင်းအစ်မကြီးလဲ သဘောပေါက် တစ်ဆင့်ပြန်ပြောလို့ ကျောင်းဒကာကြီးလဲ
သဘောပေါက် နောက် ကပ္ပိယကြီး လဲ သဘောပေါက် နောက်ဆုံးတော့ ကျောင်းထိုင်ဘုန်းကြီးလဲ သဘောပေါက်သွားတယ် ။
“ သြော်… မိထက်ပြောတာလည်း ဟုတ်သားပဲ ” ဆိုပြီးတော့ ကျောင်းဘုန်းကြီးလဲ အသိတရား
တွေတိုးသွားတော့တယ်
ပုံပြင်လေးကတော့ဒါပါပဲကွယ် ခေါင်းစဉ်လေးဖတ်ပြီး စိတ်ဝင်စားပြီးလာဖတ်တဲ့ သူငယ်ဂျင်းတွေ ပင်ပန်းသွားပီ.....ဟုတ်
င့ါကိုမချစ်ပါနဲ့တဲ့ ဒါပေမယ့် ပေါက်ပေါက်ဆုပ်ကတော့ ငါ့ကိုပဲချစ်နေသေးတယ် ကြိုးစားလိုက်အုံးမယ်

Posted by ပေါက်ပေါက်ဆုပ် at 1:48 AM 0 comments
Labels: ရသစာပေ
Thursday, July 19, 2007
ကူညီပါအုံး
သည်းခံကြပါ သည်းခံကြပါ .... ပေါက်ပေါက်ဆုပ် blog လေး နေမကောင်းဖြစ်နေလို့ပါ
အသေးစိတ်ပေါ့ ဆိုတာလေးက မရတော့ဖူး ရအောင်တော့ ကြိုးစားနေတာပဲ ဒါပေမယ့် ကြိုးတွေတာ
ကုန်သွားတယ် မရသေးပါဖူး .... သိတဲ့လူလေးများရှိရင် ပေါက်ပေါက်ဆုပ်ကိုပြောပြပေးပါအုန်း
ပေါက်ပေါက်ဆုပ်လဲ မလုပ်တတ်လုပ်တတ်နဲ့ လျှောက်လုပ်နေတာ ပိုဆိုးနေပြီ ကဂျိုးကဂျောင် ဖြစ်ကုန်ပြီ ကျေးဇူးတင်လျက်ပါ သူငယ်ဂျင်းများ
တွေ့လားတွေ့လား အောက်ဆုံးမှာ အသေးစိတလေးပေါ့တဲ့ အဒါပေါက်ပေါက်ဆုပ်လုပ်တာဟုတ်ဖူး
သူ့သူပေါ်လာတာ အဒါကို ဖျက်ချင်တာ ဘယ်လိုလုပ်ရပါမလဲ
ကူညီကြပါအုံး
Posted by ပေါက်ပေါက်ဆုပ် at 12:40 AM 2 comments
Labels: ပြောပြချင်တာ
Wednesday, July 18, 2007
တခါတုန်းက...ကံဆိုးခဲ့တဲ့နေ့လေး
မနေ့ကညကြီး ဘူတာကြီး အ၀ိုင်းပတ်နားမှာ ဆိုင်ကယ်ဦးထုပ်မစောင်းတဲ့လူတေကို
ရှာကြံခြစ်ချုပ်ပြီး ပေးရတာပေါ့ ….
ခုဆိုရင် ညဖက် လိုင်စင်စစ်တွေရှိတာကို တွေ့ခဲ့တဲ့ဆိုင်ကယ်တွေက ဦးထုပ်မဆောင်းတဲ့လူတွေကိုလိုက်ပြောပေးတယ် တချို့ယုံတဲ့လူကတော့ပြန်ကွေ့သွားတယ်
အင်းး… တာဝန်သိပြည်သူတွေကတော့ သတိပေးပါတယ် မယုံတော့လဲမတတ်နိုင်ဖူးပေါ့ ဟုတ်ဖူးလား
တော်ပြီဆက်ပြောတော့ဖူး ဆိုင်ကယ်တွေပြန်ဖမ်းနေပြီဆိုလို့ အရင်တုန်းက ကံဆိုးခဲ့တာလေး
ဘလော့ပေါ်က မန်းလေးမှာနေတဲ့သူငယ်ဂျင်းတွေလဲ သတိထားကြအုန်းနော် … ညဆို ဆိုင်ကယ်ဦးထုပ်မဆောင်းရင်ပြန်ဖမ်းနေပြီသိလား သတိထားကြအုန်းနော်
Posted by ပေါက်ပေါက်ဆုပ် at 1:20 AM 2 comments
Labels: ပြောပြချင်တာ
Saturday, July 14, 2007
စားကြပါအုံး
ခုတလောဘာပိုစ့်တင်ရမယ် မသိဖူး လေဆင်နှာမောင်းပိုစ့်နဲ့တင်တစ်နေတယ်
မရှိတဲ့အလုပ်ကလဲ ရှုပ်နေတယ် လာလာလည်တဲ့သူငယ်ဂျင်းတွေကိုလဲ ဘာမှကျွေးရသေးဖူး
လူများတွေမုန့်ကျွေးတာကိုအားကျမခံ ပေါက်ပေါက်ဆုပ်ကလဲ မုန့်ပြန်ကျွေးပါတယ်
အားမနာပဲ အားရပါးရ တ၀တပြဲကြည့်ရတာကိုပဲ တကယ်စားရတယ်လို့ စိတ်မှာမှတ်သွားပေးကြပါ

Posted by ပေါက်ပေါက်ဆုပ် at 1:43 AM 2 comments
Labels: စားကြမယ်
Wednesday, July 4, 2007
လေဆင်နှာမောင်း
28-6-2007 တုန်းက ရန်ကုန်မြို့  တောင်ဒဂုံ နဲ့  ဗိုလ်တထောင် တ၀ိုက်မှာတိုက်သွားတဲ့ လေဆင်နှာမောင်းကြီးပါ သူငယ်ချင်း တယောက်ကပြောပြလို့ သိရတာပါ လူ၁၀၀ လောက်ဒဏ်ရာရပြီး
သေတဲ့လူလဲသေတယ်တဲ့ သစ်ပင်တွေလဲကျွတ်ထွက်ကုန်တယ်တဲ့ ကြားရတာစိတ်မကောင်းစရာပါ ဒီပုံတွေကတော့ဒီက နေရတာပါ
ဖြည့်စွက် ..... အိမ်၁၀၀ကျော်ပျက်စီးပီး လူအသေအပျောက်လဲရှိတယ်တဲ့
Posted by ပေါက်ပေါက်ဆုပ် at 11:15 PM 0 comments
Labels: ပြောပြချင်တာ
ဦးပေါ်ဦးနှင့် ဆရာတော်ဦးဗုဓ်
ဦးပေါ်ဦးတောင်မှ စကားအရာမှာ အရှုံးပေးခဲ့ရတယ်ဆိုတဲ့သူက တခြားသူတော့မဟုတ်ဖူး
အဲဒီသူကတော့ အောင်မြေဘုံစံ အုတ်ကျောင်းဒါယိကာမမိဖုရားခေါင်ကြီး ကိုးကွယ်တော်မူသည့် ဆရာတော်ဦးဗုဓ်ဖြစ်တယ် ………….
ရှိလို့  မည်သူမဆို ကြည်ညိုခန့် ညားပြီး ရဟန္တာတဆူအသွင် အလွန်ပဲကြောက်ရွံ့ ရိုသေကြတယ် …… ဆရာတော်ဦးဗုဓ် နှုတ်တော်က အသံထွက်အောင် ရယ်ရွင်တော်မူဟန်
ကို တခါတရံမှလည်းမမြင်ဖူးကြဖူး …. ဘယ်သူတဦးတယောက်ကိုမှလဲ မျက်နှာမလိုက် ၊ အထိုက်အလိုက်တောင်မှ မိန့် တော်မမူ ….. မင်းဧက္ကရာဇ် နဲ့ မိဖုရားခေါင်ကြီးကိုတောင်မှ
ကြည်ကြည်ရွှင်ရွှင်လိုက်ရောပြောဆိုဖူးခြင်းမရှိဖူးတဲ့ …… ပကတိတည်ကြည်တော်မူတယ် …
ဝန်ကြီး ၊ အတွင်းဝန် တွေကိုလဲ ကျောင်းတွင်းမှာ မြက်ထိုး တံမြက်စည်းလှည်းခိုင်းတယ်တဲ့ ….
“ ဆရာတော်ဦးဗုဓ်ထံရောက်၍ အငေါက်ခံရသူမှာ သွားသောသူသာ ပဓာနဖြစ်တယ် ” လို့ 
ပြောတော့ ကျန်တဲ့သံတော်ဆင့်တွေက …
“ ဤသို့ ဆိုလျှင် သင်သွား၍ အငေါက်မခံရပါက ငွေသုံးရာ စု၍ပေးမည် ” လို့ ပြောတော့ အဖိုးတန်သားမွေးအင်္ကျီကိုဝတ်ပြီး ဆရာတော်ရှေ့မှောက်မှာ သွားရောက် ဦးချကာ ၀တ်ဖြည့်ပြီးနေနေတယ် …. ကျန်တဲ့ သံတော်ဆင့်တွေက ချောင်းပြီးတော့နားထောင်ကြတယ်
လှည့်လို့ တောင်မကြည့် ပကတိ စာကြည့်လျက်သာနေနေတယ် ….. သံတော်ဆင့်ကလည်း
အချိန်ကြာညောင်းလို့  ဗယ်ပြောင်း ညာပြန် လှုပ်ရှားနေတော့ ဆရာတော်ဦးဗုဓ်က …
“ တကုပ်ကုပ်နဲ့  ခွေးနက်ကြုတ်ကြီး ဘာကိစ္စလာသနည်း ” လို့ မေးလိုက်တော့ သံတော်ဆင့်က ကြောက်ရင်းစွဲကလဲရှိ လျောက်စရာကလဲ အထူးမရှိတာနဲ့  ပြောမိပြောရာ
လျှောက်ချလိုက်တာက
“ တပည့်တော် နေ့ စဉ် နွားနို့ ဝတ်အမြဲပြုလိုကြောင်းပါ ဘုရား ” လို့ လျှောက်ထားတော့ ဆရာတော်က ….
“ ဒါကိုများလာပြီးတော့ လျှောက်နေရသေးလား ၊ ပို့ ချင်ပို့ မပို့ ချင်နေ ..
ငါမအားဖူး သွားတော့ ” လို့ ငေါက်ငန်းလိုက်တော့ ချက်ချင်းပဲကျောင်းပေါ်က ဆင်းခဲ့ရတယ် ။
“ ရေကန်ကြီးအလွန်ကောင်းပါသလားဘုရား ”
“ အေး…. ကောင်းတယ် ” ဟုသာမိန့် ကြားတယ် ။
အတန်ကြာမှ ဦးပေါ်ဦးက ….
“ ရေကန်ကြီးအလွန်ကြည်ပါသလား ဘုရား ”
“ အင်း… ကြည်သားပဲ ” ဆိုပြီး ဆိတ်ဆိတ်ပင်နေပြန်တယ် ။
အတန်ကြာတော့ ဦးပေါ်ဦးက …
“ ရေကန်ကြီး ဘယ်လောက်နက်လဲ ဘုရား ”
“ ငါမသိဖူး ”
“ တပည့်တော်က အရှင်ဘုရားနဲ့ နီးလို့  သိပြီးဖြစ်မလားလို့ လျှောက်ထားမိပါတယ် ဘုရား ”
“ နီးတိုင်းသာ သိရမယ်ဆိုရင် ဒကာကြီးမေးက မုတ်ဆိတ် ဘယ်နှပင်ရှိသလဲ ”
ဦးပေါ်ဦးက မဖြေတတ်တော့လို့  ….
“ တပည့်တော် သတိမထားမိပါ ဘုရား ”
“ အေး …. ဒကာကြီးမေးက မုတ်ဆိတ်မွေး ဘယ်နှပင်ပေါက်တယ်မသိရင် ဒီရေကန် ဘယ်လောက်နက်တယ်ဆိုတာ ငါဘယ်သိမလဲ ” လို့ မိန့် ကြားပြီး ဆိတ်ဆိတ်နေမြဲနေတော်မူတယ် …. ဦးပေါ်ဦးက တစ်ခြားနေရာမှာ စကားတတ်ပေမယ့်
ဆရာတော်ဦးဗုဓ် နဲ့ တွေ့ မှ အရှုံးပေးပြီးပြန်သွားရတယ်တဲ့ …..
သူငယ်ဂျင်းတို့ လဲ ကျေနပ်ကြမယ်ထင်ပါတယ်

Posted by ပေါက်ပေါက်ဆုပ် at 6:30 PM 4 comments
Labels: ဦးပေါ်ဦး
Saturday, June 30, 2007
အောင်စာရင်းထွက်တဲ့နေ့ အမှတ်တရ
ဒီနေ့  ၁၀ တန်းတွေအောင်စာရင်းထွက်တယ်…….
ဒီနှစ်တော့မဆိုးပါဖူး ဆိုင်ကယ် အိတ်ဇောဖောက်ပီး ကဲတဲ့လူမရှိဖူး .. ခါတိုင်းများဆို
အောင်စာရင်းထွက်တဲ့နေ့ ဆို တမြို့ လုံး ဆူညံနေတာပဲ ….. ဒီနှစ်တော့ ဂုဏ်ထူးတွေကို
တော်တော်စီစစ်တယ်လို့ ကြားတယ် အများဆုံး ၃ဘာသာထိပဲလို့ ကြားတာပဲ … ကျတဲ့လူ
လဲများတယ်လို့ ပြောတယ် ဟုတ်မဟုတ်တော့မသိသေးပါဖူး ….
ဖြည့်စွက်သတင်း ဒီနေ့ တော့ သတင်းစာတွေထဲမှာဂုဏ်ပြုတာတွေပါလာပီ အ.ထ.က(၁၆) က
၆ဘာသာဂုဏ်ထူး ၁၁ ဦးတဲ့ ကျန်တဲ့ဂုဏ်ထူးရတဲ့လူတွေလဲ များကြီးပဲတဲ့
သူများတွေတော့မသိဖူး… ပေါက်ပေါက်ဆုပ်တုန်းကဆိုရင် နက်ဖြန်အောင်စာရင်းထွက်
မယ်ဆိုရင် ဒီနေ့ လိုညဆိုရင် အိပ်လို့ ကို မပျော်ဖူး … ကြောက်နေတာ.. ငါအောင်မှအောင်ပါ့
မလားးး… တကယ်လို့ ငါစာမေးပွဲကျခဲ့ရင်…ဘာညာပေါ့တယောက်ထဲ လျှောက်တွေးပီးလန့် 
နေတာ …. အိပ်မရမယ့် အတူတူဆိုပီး သူငယ်ချင်းတွေဆီ ဖုန်းဆက်ကြည့်တော့ သူတို့  လဲတူတူပဲ …. အဲဒါနဲ့ တညလုံးသူတို့ နဲ့ ဖုန်းပြောပီး မနက် ၄နာရီလောက်ကြတော့ ဘုရားကြီး
သွားမယ်ဆိုပီး ထွက်ခဲ့ကြတယ် … ဘုရားရောက်တော့လဲ ဘုရားကန်တော့နေလိုက်ကြတာ
အကြာကြီးပဲ … ဟိဟိ .. ကြောက်တာ ကြောက်တာ …. ပေါက်ပေါက်ဆုပ်လဲ ဘုရားမှာဆုတွေ
တောင်းရတာ အမောပဲ ဂုဏ်ထူးမပါရင်နေပါစေ … စာမေးပွဲကြီးပဲအောင်ပါစေဆိုပီး ဆုတွေတောင်းရတာအမော …. ဘုရားကြီးကအပြန်စောသေးတယ်ဆိုပီး မုန့် ဝင်စားကြတယ်
သူငယ်ချင်းတစ်ယောက်က အ.ထ.က (၁၄) မှာ ဖြေရတာဆိုတော့ သူ့ ကျောင်းကို အရင်လမ်းကြုံတော့ သူ့ အောင်စာရင်းအရင်သွားကြည့်တယ် …. သူအောင်တယ်တဲ့
ဂုဏ်ထူးတစ်ခုတောင်ပါသေးတယ်တဲ့… သူကတော့ဝမ်းသာအားရပေါ့ … နောက် အ.ထ.က(၄) ကိုသွားတယ် ဒီတစ်ခါပေါက်ပေါက်ဆုပ်အလှည့်ပေါ့ ကြောက်လိုက်တာ
အောင်မှအောင်ပါ့မလားဆိုပီး … သွားလဲသွားကြည့်ရော အောင်ယုံတင်မကဖူး ဂုဏ်ထူး ၁ ခုကြီးများတောင်ပါတယ်တဲ့ (ကြုံတုန်းကြွားလိုက်တာ :P)ပျော်လိုက်တာကိုပြောမနေနဲ့ …. ပြီးတော့
အ.ထ.က (၁၂)
အကုန်အောင်ကြတယ် တချို့ က ၃ ခု တချို့ က ၄ ခု အားကျစရာကြီးတွေ ……
အိမ်ကလူတွေလဲဒီအချိန်ဆိုမျှော်နေကြလောက်ပီ ဆိုပြီး အိမ်မြန်မြန်ပြန် ၀မ်းသာအားရပြေးပြောတယ်
အဲဒီနေ့ ကတော့လုံးဝအေးဆေးပဲ ဆူမယ့်လူမရှိဖူး လုပ်ချင်ရာလုပ်ပဲ ....နောက်သူငယ်ချင်းတွေနဲ့  မန္တလေးတောင်တတ်မယ်ဆိုပြီး ချိန်းထားတာ လူစုကွဲပြီး မန္တလေးတောင်ခြေမှာမုန့် စားပြီး ပြန်လာခဲ့တယ် ….
Posted by ပေါက်ပေါက်ဆုပ် at 12:12 PM 5 comments
Labels: ပြောပြချင်တာ
Friday, June 29, 2007
ဘလော့ခ်လက်မှတ်
Posted by ပေါက်ပေါက်ဆုပ် at 10:18 AM 2 comments
Labels: ပြောပြချင်တာ
Thursday, June 28, 2007
ကန်ဝန်၏ အသက်ကိုကယ်လိုက်ပုံ
ဘိုးတော်မင်းတရားကြီးသည်ရတနာသိင်္ခရွှေဘိုမြို့တော်သို့ကြွမြန်း၍နန္ဒာကန်တော်ကြီး
ကျိုးပေါက်ပျက်စီးသည်တို့ကို ဆည်ဖို့ ပြင်ဆင်တော်မူပြီး အမိန့်ချမှတ်
သည်မှာ ………….
“ ဤနန္ဒာကန်တော်ကြီးကို တည်ဆောက်စဉ်အခါက ၊ လူအား , နွားအား အများအပြားသုံးပြီး
တပင်တပန်းတည်ဆောက်ခဲ့တဲ့အတွက် အလွန်ကြီးကျယ် ခိုင်ခံ့ပါလျက် ကြည့်ရှုစောင့်ရှောက်
တဲ့ကန်ဝန်အဆင့်အဆင့် ၀တ္တရားလစ်ဟင်း ပျက်ကွက်လို့ ကျိုးပေါက်ပျက်စီးရတယ်လို့  ငါကိုယ်တော်မြတ်ယူဆတယ် ။ အခုတဖန်ပြန်လည် ဆည်ဖို့ မွမ်းမံရတဲ့အရေးမှာလဲ အလွန်ဝန်လေးပင်ပန်းကြရတယ် ။ နောက်ထပ်တဖန် ပြုပြင်ရပြန်လျှင်လဲ ပင်ပန်းကြီးစွာ လုပ်ဆောင်ရမှာမို့ ယခုလက်ရှိကန်ဝန်က အထူးဂရုပြုပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ် ။ ၀တ္တရားလစ်ဟင်းလို့ ယွင်းပျက်ကျိုးပေါက်တယ်လို့ ကြားရလျှင် ကန်ဝန်အားအသက်ဆုံး
အောင်စီရင်ရမည် ” ဟု အမိန့် တော်ချမှတ်ပြီး
သွန်းပြီး မြစ်ချောင်းအင်းအိုင်တို့ ပါ ရေလျှံပြီး နန္ဒာကန်ကြီးလည်းကျိုးပေါက်ပျက်စီး
သွားတယ်….
အနီး၌နေစေသည် ။ ထို့ နောက်ဘိုးတော်မင်းတရားကြီးအား လျှောက်ထားသည်မှာ …….
“ ဘုရားကျွန် ၀န်ငပေါ်ဦး ရိုသေစွာလျှောက်ထားဝံ့ပါသည် ။ ဤလောကဓာတ်ကြီးတွင် ရေ ၊
လေ ၊ မြေ ၊ မီး ၊ ဓာတ်ကြီးလေးပါးတို့  လွှမ်းမိုးအုပ်ချုပ်သည်ကို ကျမ်းဂန်အဖြာဖြာ၌ လည်းရှိပါ
သည်ဘုရား ….. လေဖျက်၍ ရေတတ်ရသည် ….. ရေတတ်၍ မြေပျက်ရသည်မှာ လောကတံထွာ ဓမ္မတာပင်ဖြစ်ပါသည်ဘုရား ……..ယခုရက်ပိုင်းအတွင်းမှာ ရတနာသိင်္ခရွှေမြို့ 
တော်၌ မိုးကောင်းလေထန် အဆမတန် ရွာသွန်းမှုကြောင့် မြစ်ချောင်း ၊ အင်းအိုင်တို့  ရေလျှံပြီး နန္ဒာကန်ဘောင်ကို ရေတိုက်စား၍ နန္ဒာကန်ကြီး ကျိုးပေါက်ပျက်စီးသွားပါသည် ဘုရား …… ဤအရေးမှာ ကန်ဝန်၏ တာဝန်ဝတ္တရား ချွတ်ယွင်းမှုတစုံတရာ မရှိပါ ။ တစုံတယောက်သောသူက လာရောက်ဖျက်စီးလျှင် အသက်ကိုပင်စွန့် ၍ အရှင့် အမှုတော်ကို
မင်းတရားကြီးကပြုံးတော်မူပြီး …..
“ ကန်ဝန်က ဦးပေါ်ဦးကို ရှေ့နေခေါ်လာသကိုးကွဲ့ ” ဟု မိန့် တော်မူပြီးအသက်ဘေးကနေ
ချမ်းသာခွင့်ပေးလိုက်တယ်တဲ့ ……….
စကားအရာမှာတော်တော်တတ်တဲ့ ဦးပေါ်ဦးပဲနော်…. ဘုရင်ကြီးလဲ ငြင်းမရအောင်
ကန်ဝန်မှာလည်းအပြစ်မရှိတာပေါ်လွင်အောင် ပြောသွားနိုင်တယ် …… အဲလိုတော်ပေမယ့်
ဦးပေါ်ဦးတောင်မှ စကားအရာမှာ အရှုံးပေးလိုက်ရတဲ့ လူတစ်ယောက်ရှိတယ် သိကြလား???
သိတယ်ဆိုရင်လဲပြောပြကြအုံးနော် ပေါက်ပေါက်ဆုပ်ပြောမယ့်လူနဲ့ မတူဖူးဆိုရင် …
နောက်တစ်ယောက်များလားလို့ အဲခါကြရင်လဲ အဲဒီလူအကြောင်းလေးကို သိသမျှလေး
ရေးပေးကြပါနော်
အဲဒီအကြောင်းနောက်မှထက်ရေးပေးတော့မယ် ….
ခုတော့ဂလောက်ပဲပေါ့….. သင့်အတွက်မနက်ဖြန် … မကြာမီလာမည် မျှော်……… ဟိဟိ
Posted by ပေါက်ပေါက်ဆုပ် at 11:23 PM 4 comments
Labels: ဦးပေါ်ဦး
Friday, June 22, 2007
အဖေ
ဖေမြင့်ရဲ့ နှလုံးသားအာဟာရ ရသစာပေများထဲကနေဖတ်ပြီး သဘောကျလို့ တင်လိုက်တာပါ
ကျွန်တော်
၎နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ် ။
၅နှစ် ……………. ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဖူး ။
၆နှစ် ……………. ငါ့အဖေက မင်းအဖေထက်တတ်တယ်ကွ ။
၈နှစ် ……………. တို့အဖေက အကုန်လုံးတော့လည်း အတိအကျမသိဖူး ။
၁၀နှစ် ………… အဖေတို့ငယ်ငယ်တုန်းကနဲ့ခုနဲ့က တခြားစီပဲ ။
၁၂နှစ် …………. အင်းအဲဒါတော့ အဖေလဲ ဘယ်သိပါ့မလဲ ၊
သူက
ကလေးတုန်းက အကြောင်းတွေ
၁၄နှစ် ………… အဖေကတော့ထည့်ပြောမနေနဲ့ ၊ သူကရှေးရိုးသမားကြီး ။
၂၁နှစ် ………… အဘိုးကြီးလား ….. ထားပါ ၊ အောက်နေပြီ …. လုံးဝအောက်နေပြီ ။
၂၅နှစ် ………… အဖေလည်း နဲနဲပါးပါးတော့သိတယ် ၊ မသိလို့ လည်းမဖြစ်ဖူးလေ
လူကြီးပဲဟာ ။
၃၀နှစ် ………… အဖေကိုနဲနဲပါးပါးမေးမြန်းကြည့်ရင်ကောင်းမယ် ထင်တယ်
ဘာပဲပြောပြောသူက အတွေ့ အကြုံအများကြီးရှိတယ် ။
၃၅နှစ် ………... အဖေနဲ့ တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါတခုခုလုပ်နိုင်မယ် ။
၄၀နှစ် ………… အဖေသာဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲမသိဖူး …..
အဖေက အတွေ့အကြုံစုံတယ် ၊ အမြော်အမြင်လဲရှိတယ် ။
၅၀နှစ် ………… ဒီကိစ္စ အခုနေသာ အဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပဲ
ပေးရပေးရ ငါပေးပါတယ် ။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက
ကောင်းကောင်းသတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်….
တကယ်ဆို ငါအဖေ့ဆီက အများကြီးရလိုက်ဖို့ကောင်းတယ် ။
Posted by ပေါက်ပေါက်ဆုပ် at 9:31 AM 6 comments
Labels: ရသစာပေ
Wednesday, June 20, 2007
မိုးတွေရွာရင်
မိုးအကြောင်းရေးလို့  သန့် ဇော်မင်းက တတ်လိုက်တော့လဲ
ရေးရတော့မပေါ့လေ……….ဘာတွေရေးရမလဲဆိုတာကို မသိတော့
ဟိုလူရေးထားတာကြည့်လိုက် ဒီလူရေးတာကြည့်လိုက်နဲ့ ကြည့်လိုက်တော့
ဘာမြင်တယ် မှတ်သလဲ မန်းလေးမြို့ ကြီးချိုင့်ပေါတာကိုမြင်လိုက်ရတယ် ဟိဟိ ……
ဟုတ်တော့လဲဟုတ်တယ် မန်းလေးမြို့ ရဲ့ချိုင့် ပေါချက်ကတော့ လကမ္ဘာပေါ်က
ို ရောက်သွားသလားထင်ရတယ် ….. ဒါပေမယ့် အဲဒါတွေကတော့
တခါတုန်းကပေါ့  ( ရသ နဲ့  ဂျင်နီ ဆိုတဲ့သီချင်းမဟုတ် )
ခုတော့အဲလိုဟုတ်တော့ဖူးလားမေးလာရင်တော့ ဟုတ်တော့ဟုတ်သေးတယ်
ဒါပေမယ့် အရင်ကလောက်တော့မဆိုးတော့ဖူးပေါ့ ။ အဲလိုဆိုတော့လဲ
အထင်ကြီးမသွားနဲ့ အုံး …. ကိုယ့်အားကိုယ်ကိုးလမ်းတွေပါ …….. ဟိဟိ
မိုးအတွေရွာရင်ဆိုတဲ့အကြောင်းကနေ ဘယ်တွေရောက်ကုန်ပါလိမ့် …….
မိုးတွေရွာရင် ငယ်ငယ်တုန်းကတော့ အရမ်းပျော်တာပေါ့ မိုးရွာရင်
ကျောင်းထဲမာထီးတချောင်းနဲ့ လျောက်သွားလို့ ရတယ် …. နောက်ပီးမိုးရွာတော့
အတန်းထဲမာလူမစုံလို့ ဆိုပီး စာမသင်ဖူးသင်တဲ့ဆရာမကတော့သင်တယ် မသင်တာကများတယ် ။။။။။။။။။
မှတ်မိသေးတယ် ၂၀၀၃ လောက်ကထင်တယ် အင်္ဂလိပ်စာဖြေတဲ့နေ့ ကြီး
မိုးတွေရွာတာ အဲဒီ မိုးကညကတည်းကရွာတာ ညတုန်းကမိုးရွာတာသိတယ်လေ
အိပ်ကောင်းကောင်းနဲ့ အိပ်တာအေးဆေးပေါ့ … မိုးလင်းတဲ့ထိမတိတ်သေးဖူး မိုးလင်းလို့ ပြတင်းပေါက်ဖွင့်လိုက်တော့မှအားပါးပါး အိမ်ရှေ့ မှာ ရေပြင်ကြီးဖြစ်နေတာ
ပလက်ဖောင်းတောင်မမြင်ရတော့ဖူး ……….ဒါနဲ့ ကျောင်းစောစောသွားမှဖြစ်မယ်ဆိုပီး
အစောဆုံးထွက်တာပဲ ဒါပေမယ့်ကျောင်းကို တစ်နာရီခွဲကျော်နောက်ကျပီးမှရောက်တယ် အတန်းထဲရောက်တော့ လူလဲမစုံသေးပါဖူး ။ကိုယ့်ထက်နောက်ကျတဲ့လူတွေတောင်ရှိသေး …
အဲဒါကားနဲ့ လာတဲ့လူတွေလေ လမ်းမှာကားတွေပိတ်နေလို့ လမ်းလျှောက်လာကြတဲ့လူတွေ ... ကိုယ်တို့ ကတော့ ဆိုင်ကယ်နဲ့ ဆိုတော့အေးဆေးပဲ ဟိုကြားက၀င်ဒီကြားက၀င်နဲ့ ရောက်သွားတာလေ... အဲဒီနေ့ ကတော့နော် အတန်းစောင့်တဲ့ ဆရာ ၊ ဆရာမတွေက ဘာမပြောဖူး လုံးဝလုံးဝ အေးဆေးပဲ ….. ဟိဟိ
မိုးသီချင်းလေးကိုတော့သတိရတယ် ငယ်ငယ်တုန်းကမိုးတွေရွာရင်ဆိုနေကြသီချင်းလေးပါ
~~~မိုးရွာရင်မိုးရေချိုးမယ် မေမေလာရင်နို့ စို့ မယ် ~~ ဖေဖေလာရင်အုန်းသီးခွဲစားမယ်
ခုတခေါက်မိုးကလဲ တော်တော်သည်းတယ် အိမ်ထဲထိတောင်ရေ၀င်တယ်
ဒါတွေကတော့မိုးနဲ့ ပတ်သတ်တဲ့ အမှတ်တရလေးတွေပါ ………
မိုးတွေရွာရင်တော့ အိမ်ရှေ့မှာထိုင်ပြီး ဖြတ်သွားနေတဲ့ ဆိုင်ကယ်တွေ ကားတွေကို
ထိုင်ကြည့်နေတတ်တယ် ။ တခါတလေ သီချင်းလေးနဲ့ ငြိမ့်နေတတ်တယ် ။ တခါတလေကြ
မိုးအေးအေးနဲ့ ကွေးနေတတ်တယ်..............
ကဲရေးလို့ တော့ပီးဝါးပီ ပြန်တတ်စရာ ၂ယောက်တော့ကျန်သေးတယ်
အဲဒီလူတွေကတော့………
အာလူးလေး
ယားယားလေး
တို့ ကိုတတ် ( tag )လိုက်ပီနော် ပြန်ရေးပေးကြအုံး တတ်တယ်ထင်ပီး ခြေမချိုးမနေနဲ့ အုံး
Posted by ပေါက်ပေါက်ဆုပ် at 3:13 AM 4 comments
Labels: ဒီလို...ဒီလို tag ခံရတယ်
Sunday, June 17, 2007
စုဆောင်းထားသော ဒဿနလေးများ
+ အချိန်ရယ်၊ပတ်ဝန်းကျင်ရယ်၊လောကကြီးရယ်
အဲဒီသုံးခုက မင်းကိုအမြဲတမ်းသွန်သင်ဆုံးမနေတယ်…
ခံယူတတ်အောင်ကြိုးစားပါ။
လူတယောက်ကိုအကြံပေးဖို့ တအားခက်မယ်…
ဝေဖန်ဖို့ကျတော့ တအားလွယ်နေလိမ့်မယ်…။
+ စက်ကူပေါ်မှာ လှပတဲ့အိမ်လေးတလုံးဖြစ်အောင်ရေးခြစ်ဖို့လွယ်ပေမယ့်
မြေပြင်မှာ ခိုင်ခန့်တဲ့အိမ်လေးတလုံးဆောက်ဖို့ အတော်ခက်ခဲပါတယ်..
လောကမှာ ခိုင်မာတဲ့ဘ၀တခုတည်ဆောက်ဖို့ကတော့ ပိုပြီးတော့ခက်ခဲပါတယ်။
+ ဖြစ်ပြီးခဲ့တဲ့ပြသနာတွေအတွက်…
WHY? လို့မေးနေမယ့်အစား
HOW? လို့မေးပြီးဖြေရှင်းလိုက်ပါ။
ပတ်ဝန်းကျင် ရဲ့ချီးကျူးမှုကိုအလွန်အမင်းသာယာစရာမလိုဘူး…
+ ရာနှုန်းပြည့်ရိုးသားမှုနဲ့ ကိုယ့်ဘ၀ကို အဆင်ပြေအောင်နေလို့ရတယ်ဆိုတာကို
+ လှေလှော်ရင်းမုန်တိုင်းမိခဲ့ရင်..
ဒီမုန်တိုင်းပျောက်ကွယ်သွားပါစေလို့ဆုတောင်းနေမယ့်အစား..
အဲဒီ မုန်တိုင်းကိုမင်းရဲ့လှေနဲ့ဘယ်လိုဖြတ်ကျော်မလဲဆိုတာ……………..။
+ မနေ့ကဘာဖြစ်ခဲ့တယ်ဆိုတာတွေးပြီး စိတ်ဓါတ်မကျနဲ့….
ဒီနေ့ဘာဖြစ်ပြန်ပြီဆိုပြီးတော့လည်း Attention မထားနဲ့….
မနက်ဖြန်ဘာဖြစ်လာဦးမယ်ဆိုပြီးတော့လည်း တွေးပူမနေနဲ့..
မနေ့က ဖြစ်ခဲ့တာတွေထဲကသင်ခန်းစာယူ
ဒီနေ့ဖြစ်တဲ့ဟာကို အကောင်းဆုံးပြုပြင်..
မနက်ဖြန်……မနေ့ကနဲ့ဒီနေ့လိုမဖြစ်အောင် ဘယ်လိုလုပ်မယ်ဆိုတာစဉ်းစား…။
Posted by ပေါက်ပေါက်ဆုပ် at 10:14 AM 0 comments
Labels: ဒဿနလေးများ
Saturday, June 16, 2007
နဂါးမင်း ဘုရားပင့်ပုံပြင်
တရံရောအခါ ဘ၀ရှင်မင်းတရားကြီးက စစ်ကိုင်းဖက်မှာကိန်းဝတ်တော်မူသော ရုပ်ပွားဆင်းတုတော်တစ်ဆူကို အမရပူရရွှေမြို့ တော်ကို ပင့်ဆောင်ကိုးကွယ်တော်မူလိုသောဆန္ဒကြောင့် ၀န်ကြီး ၊ မှူးကြီး ၊ အတွင်းဝန် တို့  ကြီးကြပ်၍ လှေတော် လှေကား တံခွန် ကုက္ကား အမွန်မွန် အမြတ်မြတ် အိုးစည် ဗုံမောင်း ငြိမ့်ညောင်းသာယာစွာဖြင့် ပင့်ဆောင်တော်မူခဲ့ရန် အမိန့် တော်ချမှတ်သည့်အလျောက် ၀န်ကြီး ၊ အတွင်းဝန်တို့  ကြီးကြပ်ကာ ရုပ်ပွားတော်မြတ်ကို စစ်ကိုင်းဖက်ကမ်းမှ ပင့်ဆောင်တော်မူလာရာ ဧရာဝတီမြစ် အလယ်တွင် လေပြင်းမုန်တိုင်းကျပြီး လှေဖောင်တော်ပျက်စီး လူပေါင်းတစ်ရာကျော်ပါ ရေနစ်သေဆုံးကျပြီး ရုပ်ပွားတော်လဲ မြစ်အတွင်းသို့  သက်ဆင်းနစ်မြုပ်သွားလေသည် ။
ပင့်ဆောင်တော်မူစေသော ရုပ်ပွားတော် ရေတွင်နစ်မြုပ်သည့်အကြောင်း ဘိုးတော်ဘုရားသိတော်မူပါက တာဝန်ရှိကြသော ၀န်ကြီး ၊ အတွင်းဝန်နှင့်တကွ များစွာသော အမှုထမ်း ၊ အရာထမ်းတို့ မှာ ရာဇ၀တ်ပြစ်ဒဏ်ခံရတော့မည့် သေဘေးကိုကြောက်ရွံ့ ကြ၍ အမတ်ကြီးဦးပေါ်ဦးအား အပြစ်ဘေးမှချမ်းသာရအောင် ဘုရင်မင်းမြတ်ထံ လျှောက်ထားပေးရန် လာရောက်တောင်းပန်ကြလေသည် ။
ဦးပေါ်ဦးသည် ဘိုးတော်ဦးဝိုင်းရှိရာ စံနန်းတော်သို့ ဝင်ရောက်ခစားပြီး လျှောက်ထားသည်မှာ ......
" မှန်လှပါ ၊ ရွှေဘုန်းတော်ကျွန် ၀န်ငပေါ်ဦး အထူးသံတော်ဦး တင်လိုပါ၍ ရွှေနားဆင်တော်မူပါဘုရား ၊ အစိန္တေရ သုံးလောကထွတ်ထား သဗ္ဗညု မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူသည့်ကာလ၌ ဝေသာလီပြည်၌ ကပ်သုံးပါးဆိုက်ရောက်၍ မြတ်စွာဘုရားထံ ကယ်မတော်မူပါရန် ပင့်လျှောက်ကြသဖြင့် ဝေသာလီပြည်သို့ ကြွရောက်သောအခါ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြောင့် တစ္ဆေ မြေဘုတ်ဘီလူးတို့ ကို နှင်ထုတ်ငြိမ်းအေး ဝေသာလီပြည်ကြီးကို ဘေးရန်ကင်းစေပြီးနောက် ၊ ရာဇဂြိုလ်ပြည်သို့  ပြန်လည်ကြွချီလာရာ ၊ မြစ်ဆိပ်သို့  အရောက်တွင် ဂင်္ဂါမြစ်ကို စောင့်ရှောက်ရသော နဂါးမင်းသည် လူနတ်တို့ မှ မြတ်စွာဘုရား၏တရားတော်ကိုနာကြားရကုန်သည် ၊ ငါတို့ 
ရေနတ်နဂါးများကား မြတ်စွာဘုရား၏တရားတော်ကို နားကြားခွင့်မရ ၊ မြတ်စွာဘုရားကို နဂါးပြည်သို့ ပင့်ဆောင်ပြီး ခမ်းနားစွာပင့်ဆောင်ပြီး တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူရန်မြတ်စွာဘုရားထံ လျှောက်ထားတော်မှသင့်မည်ဟု ကြံစည်ပြီးလျှင် မြတ်စွာဘုရားကြွချီတော်မူရာ ဂင်္ဂါမြစ်အရောက်တွင် လျောက်ပတ်ပင့်ဆောင်လေသဖြင့် မြတ်စွာဘုရားသည်သတ္တ၀ါအများကို ကယ်မတော်မူလိုသော မေတ္တာတော်အဟုန်ကြောင့် နဂါးမင်း လျှောက်ထားချက်ကိုသည်းခံတော်မူပြီး ၊ နောက်ပါ သံဃာတော်ငါးရာနှင့်တကွ နဂါးပြည်၌ ညသုံးပတ်လုံးတရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၍ နံနက်ဆွမ်းစားပြီးမှ လူ့ ပြည်လူ့ ရွာသို့ ပြန်လည်ကြွလာတော်မူသည်ကို ကျမ်းဂန်၌ အထင်အရှားရှိတော်မူပါသည် "
" ယခုလဲမင်းကြီးက ၀န်ကြီး ၊ အတွင်းဝန်များအား ဘုရားပင့်စေလွှတ်တော်မူသည့်အတိုင်း စစ်ကိုင်းမြို့က ပင့်ဆောင်၍အလာတွင် ရေလယ်အရောက်မှာ ဘောဂ၀တီ နဂါးပြည်က မြတ်စွာဘုရားကိုယ်ပွား ဆင်းတုတော်ကို ပူဇော်လိုသည့်ဆန္ဒအားကြောင့် နောက်ပါတပည့်သားလူတစ်ရာနှင့်တကွ အတင်းအဓ္ဓမ ပင့်ဆောင်၍သွားပါကြောင်း ရှိခိုးသံတော်ဦးတင်အပ်ပါကြောင်း " ဟုလျှောက်ထားလေလျှင် ဘိုးတော်ဘုရားသည်
" ယခုငါ့အား တင်လျှောက်သည်မှာ လူတရာနှင့်တကွ ရေထဲသို့  ဆင်းတုတော်ကျသွားဟန်ရှိပြီ " ဟုသိမြင်တော်မူပြီး သက်ပြင်းချကာ " ရေထဲတွင်နစ်ရသည့် လူတစ်ရာနှင့်ကျန်ရစ်သူများသို့  ဆုတော်များချီးမြင့်၍ ကောင်းမှုကုသိုလ်များပြုပါဘိ " ဟု အမိန့် တော်ရှိလိုက်သဖြင့် တာဝန်ရှိသော ၀န်ကြီး ၊
အတွင်းဝန်တို့ မှာ ရာဇ၀တ်ဘေးမှ ကင်းဝေးကြရသဖြင့် အမတ်ကြီးဦးပေါ်ဦးကို ကြည်ညိုမဆုံး ၊ ၀မ်းမြောက်မဆုံး ရှိကြရလေသတည်း ။
Posted by ပေါက်ပေါက်ဆုပ် at 12:21 AM 0 comments
Labels: ဦးပေါ်ဦး
Friday, June 15, 2007
ဟော့ပေါ့အကြောင်း
မနေ့ ကမိုးတွေအရမ်းရွာတယ် ။ ရွာလိုက်တာမှ မနက်တည်းကရွာတာ ညနေစောင်းမှပဲတိတ်တော့တယ် ။ တလမ်းလုံးလဲ ရေတွေကိုပြည့်လျှံနေတာပဲ ။
အဲဒီ မိုးအေးအေးနေ့ မှာပဲ ဟော့ပေါ့လုပ်စားဖြစ်တယ် ။
နောက်ပြီး ကြက်ဥကိုကျတော့ ခလောက်ပြီးပါးပါးလေးတွေကြော်မှာ ကြက်ဥထဲကို ဆား
မျှစ်ခြောက်ကိုလည်း ရေနွေးနဲ့ ပြုတ်ပြီး ပါးပါးလေးတွေလှီးထားရမယ် ။
ပြီးရင် ပိန်းဥကို အတုံးလေးတွေတုံးပြီး ကြော်ရမယ် ။ မကြော်ပဲထည့်မယ်ဆိုရင် ဟင်းရည်က အရမ်းကိုပြစ်သွားမှာ စိုးလို့ လေ ။ ပြည်ကြီးငါးကိုလဲ အတုံးသေးသေးလေးတွေတုံးရမယ် ။
အားလုံးပြီးသွားပြီဆိုရင် ဟော့ပေါ့အိုးထဲကို မုန့် ညင်းစိမ်းရွက်ကို အရင်ထည့်ခင်းရမယ် ။
ပြီးရင် ပိန်းဥ ၊ ၀က်သားလုံးကြော် ၊ မျှစ်ခြောက် ၊ ဂဏန်းသား ၊ ပြည်ကြီးငါး ၊ ပုဇွန် ၊ ၀က်ခေါက် ၊ ငါးဖယ်လုံး ၊ ငုံးဥ ၊ ကြက်ဥခနုံထုပ် အားလုံးပေါ်ကို ပြုတ်ထားတဲ့ ဟင်းရည် ကိုထည့် ။
အမွှေးနံ့ ကြိုက်ရင်တော့ တရုတ်မဆလာကို အပေါ်ဆုံးက ဖြူး ။
မီးထည့်ပြီး မိနစ် ၃၀ လောက်ဆိုရင်တော့ စားလို့ ရပြီ ။
ဟော့ဒါကတော့ဟော့ပေါ့အိုးကြီး
ဒီဟော့ပေါ့ကတော့ ကိုယ်တိုင်လုပ်တာ
အဲ့ဒီ့နေ့ က ပေါက်ပေါက်ဆုပ် အမျာကြီးပင်ပန်းသွားတယ်
လက်တွေဆို ညောင်းလို ၊့သွားတွေဆိုနာလို ၊့ဗိုက်တွေဆို တင်းလို ၊့
မိုးကလဲအေးအေးနဲ့ ဆိုတော့ အရမ်းအရမ်းစားလို့ ကောင်းတာပဲ ။
လူနဲ့ လည်းတည့်တယ်လေ.. မယုံရင်ခုပဲလုပ်စားကြည့်ပါလား...
Posted by ပေါက်ပေါက်ဆုပ် at 10:40 PM 6 comments
Labels: မီးမီးကြိုက်ကြိုက်
Tuesday, June 12, 2007
တိုးတိုးတိတ်တိတ်
ဆရာမလေးသည် ပန်းချီဆရာမတစ်ဦးဖြစ်သကဲ့သို့  သူမ၏ သုံးတန်းကျောင်းသားလေးများကို ပန်းချီအနုပညာ
နှင့်မိတ်ဆက်ပေးရန် လက်မနှေးတတ်ခဲ့ချေ ။
သူမသည် မိုနာလီဇာ ပန်းချီကားချပ်ပုံတူကိုပြပြီး
"ကလေးတို့  ဒီပန်းချီကားကိုကြည့်စမ်း ။ သေချာကြည့်ကြ ဒါကမ္ဘာအကျော်ဆုံး ပန်းချီကားတစ်ချပ်ပဲ ။ တကယ်တမ်းပြောရရင် ဒီပန်းချီကားဟာ ဒေါ်လာသန်းချီပြီးတန်တယ် ။ လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကြာက
ကိုရီးပြတိုက်ကနေ အခိုးခံခဲ့ရတယ် "
ကျောင်းသားတစ်ဦးက ပန်းချီကားကိုကြည့်ပြီး အတော်စိတ်လှုပ်ရှားနေတဲ့ပုံပေါက်လို့ ဆရာမက ကျေနပ်အားရ
စွာ လှမ်းကြည့်ပြီးမေးလိုက်တယ် ။
" ၀ီလီယမ် ........ မင်းဘာပြောချင်လို့ လဲ "
" ဆရာမ " ၀ီလီယမ်က အနားကပ်ပြီး နှစ်ကိုယ်ကြားလေသံနဲ့ ပြောလိုက်တယ် ။ " ဆရာမ ပြန်ပေးဖို့ မရည်
ရွယ်ဖူးလား "
Posted by ပေါက်ပေါက်ဆုပ် at 1:52 AM 0 comments
Labels: ဟာသ
ဒါလဲဟုတ်သလိုလိုပဲ
ဆိုင်ရှင် ။ ။ ဟေ့.... ဆိုင်ထဲမှာ စီးကရက်မသောက်ရဖူးလေ။
ဈေးဝယ် ။ ။ ဘာလဲဗျ ။ ဒီ စီးကရက်ကို ကျုပ်ဒီက၀ယ်တာပဲ ။
ဆိုင်ရှင် ။ ။ အဲဒါဘာဖြစ်လဲ ။ ခင်ဗျားကို ကျုပ်ဝမ်းနုတ်ဆေးရောင်းတာနဲ့  ဒီဆိုင်မှာပဲဝမ်းနုတ်ဆေး
အစွမ်းကို ပြလို့ ရမလား ။
Posted by ပေါက်ပေါက်ဆုပ် at 1:24 AM 0 comments
Labels: ဟာသ
Thursday, June 7, 2007
မြေခွန်လေခွန်ကောက်သော ဦးပေါ်ဦး
အခါတစ်ပါးတွင် ဘိုးတော်ဦးဝိုင်းက ဦးပေါ်ဦးကို ကျီစယ်လိုသော သဘောဖြင့်…
“ ပေါ်ဦးဟာ ငါ့ရဲ့အိမ်တော်ထိန်းလဲဖြစ် ၊ ငါ၏အကျိုးကို အလွန်ပဲသယ်ပိုးတဲ့အတွက်
မြေ၀န်ခန့် ထားတော်မူမယ် ။ နန်းတော်ကြီးအတက်အဆင်း လှေကားကစပြီး အလျား
ခုနှစ်တောင် ၊ အနံခုနှစ်တောင်မြေကို ကုန်အောင်စားရမည် ။ ” ဟု အမိန့် တော်ရှိလေသည်။
“ မောင်မင်းကို လှေကားခြေရင်းက မြေကိုစားစေသည် ဟုလည်း အမိန့် တော်ချမှတ်ခဲ့သည် ။ ယခုတမူ မောင်မင်းသည်မြေကြီးကိုမစားပဲ မြေခွန်ကို
ကောက်ခံစားနေသည်မှာ ငါ၏အမိန့် ကိုဖီဆန်ရာကြနေပြီ ၊ ဘာများလျှောက်ထားလိုသလဲ
ပေါ်ဦး ”
“ မှန်လှပါ ၊ အရှင်မင်း၏အမိန့် တော်မြတ်မှာ ( မြေ၀န် ) ခန့် တော်မူမည်ဟု နန်းတော်လှေကားခြေရင်မှ အနံ ၇ တောင်မျှရှိသော မြေကို အပိုင်စားစေခဲ့ပါသည် ။ မြေ၀န်
တို့ မည်သည်မှာ မိမိကို အပိုင်စားပေးထားသည့် မြေပေါ်သို့ ကျုးကျော်ဖြတ်သန်းသမျှ မြေခွန်ကောက်ရသည်မှာ အစဉ်အလာရှိပါသဖြင့် ဘုရင့်အမိန့် တော် အရသာ ကောက်ခံရခြင်းမှာ ပေါ်ဦးတွင် အပြစ်မရှိပါ ဘုရား ”
ဘိုးတော်ဦးဝိုင်းက …….
“ ပေါ်ဦးကစကားကို အလွန်တတ်သည် ။ မြေ၀န်နှင့်မတော် ၊ ယနေ့ မှစပြီး လေ၀န်အဖြစ်ခန့် 
တော်မူလိုက်သည် ”
ဟုပြောင်းလဲ သတ်မှတ်လိုက်သည် ။
ဦးပေါ်ဦးသည်လည်း ဘုရင်မင်းမြတ်က ငါ့အစွမ်းကို စမ်းလေသည် ။ ဘာမျှအရာမထင်သော
လေကိုစားစေသည်မှာ ငါ့အား ကျီစယ်ပျက်ရယ်ပြုဟန်တူသည် ဟု စဉ်းစားပြီး ကမ်းနားဆိပ်တွင်လာသမျှ ရွက်လှေများအား ကမ်းသို့ ကပ်စေပြီး ( လေခွန်တော် ) ကောက်ခံ
လေသည်ကို လှေသကြီးများက ဆိပ်ကမ်းခွန် အကောက်ခွန်ပေးဆောင်ပြီးပါလျက် ၊ ယခုတဖန် ( လေခွန်တော် ) တိုးသည်ကို မကျေမနပ်နှင့် စောဒက တက်ကြရာ ၊ ဘုရင့်ရွှေနားတော်သို့  ပေါက်ကြားလေသဖြင့် ပေါ်ဦးကို ခေါ်တော်မူပြီး …….
“ ပေါ်ဦးမောင်မင်းဟာ ဘယ်သူအမိန့် နဲ့  အခွန်တော် တမျိုးထပ်တိုးလို့ ကောက်ရပြန်တာလဲ ”
“ မှန်လှပါ …. လေ၀န်အရာခန့် တော်မူခြင်း ခံရပါသဖြင့် ရွက်လှေတို့ သည် ဘုရာ့ကျွန် ငပေါ်ဦး ပိုင်ဆိုင်သည့်လေကို ရွက်တိုက်အသုံးပြုကြပါသဖြင့် ( လေ၀န် ) ၏တာဝန်အရ
လေကို အသုံးပြုသူတို့ ထံမှ အခွန်တော်ကောက်ခံရခြင်းဖြစ်ကြောင်း ၊ ယခုပင်လျှင် အရှင်မင်းမြတ်၏ စားဖိုဆောင်တွင် စားဖိုမှူးကို ချောင်းမြောင်းကြည့်ရှူနေဆဲ…. အရှင်မင်းမြတ်
အမိန့် တော်ကြောင့် တဖူနာသွားရကြောင်းပါဘုရား ”
“ ငါ့စားဖိုမှူးကိုဘာကြောင့်မောင်မင်းက ချောင်းမြောင်းကြည့်နေရတာလဲ ”
“ မုန်လှပါ …. စားဖိုမှူးသည် ထင်းရေစိုကို သုံးမိသောအခါ မီးတောက်စေရန် ( မီးပြောင်း ) ကို မှုတ်ရပါလိမ့်မည် ၊ မီးပြောင်းသာမှုတ်ခဲ့ပါလျှင် ကျွန်တော်မျိုးအပိုင်စားပေးထားသည့် ( လေ ) ကို အသုံးပြုသည့်အတွက် လေခွန်တော်ကောက်ရန် ချောင်းမြောင်းနေခြင်းဖြစ်ပါကြောင်း ဘုရား ”
“ ကဲကဲ ငါကျီစားတော်မူတာပါ ၊ ( လေ၀န် ) အရာကလဲနုတ်သိမ်းလိုက်ပရစေတော့ ၊ လေခွန်တွေလဲမကောက်ပါနဲ့ တော့ ၊ တော်တော်ကြာ အန္တရာယ် မလွယ်နိုင်လို့  လေလည်တာတောင် အခွန်ကောက်ဦးမယ့် ပေါ်ဦးပဲ ” ဟု ရယ်မောရင်း လေ၀န်အရာနုတ်သိမ်းလိုက်ပြန်လေသတည်း ။
Posted by ပေါက်ပေါက်ဆုပ် at 1:26 AM 2 comments
Labels: ဦးပေါ်ဦး
Saturday, June 2, 2007
စုဆောင်းထားသော ဒဿနလေးများ
+ လူတွေဟာ အများအားဖြင့်…..
အဖြူပေါ်ကအမဲစက်ကိုပဲမြင်တတ်ကြသလို
အမဲပေါ်ကအဖြူစက်ကိုပဲမြင်တတ်ကြပါတယ်။
+ လူတယောက်ရဲ့ပျက်ဆီးမှုဟာ
တချို့ကဗီဇကြောင့်လို့စွတ်စွဲတယ်
တချို့ပတ်ဝန်းကျင်ကြောင့်လို့သုံးသပ်တယ်…
ဥပမာ----
လူငယ်လေးတယောက် ငယ်ငယ်တုန်းကတအားလိမ်မာတယ်
အရွယ်ရောက်လာလို့ပတ်ဝန်းကျင်ထဲဝင်ဆန့်တဲ့အခါမှာ
မကောင်းမှုတွေလုပ်တတ်လာတယ်....
ဒါကြောင့် ပျက်ဆီးမှုဟာ ပတ်ဝန်းကျင်ကြောင့်ဖြစ်တယ်လို့စွတ်စွဲကြတယ်..
ဒါပေမယ့်………
ပတ်ဝန်းကျင်ကိုခင်မင်တတ်တဲ့
မကောင်းမှုကိုမွေ့လျော်တတ်တဲ့ ဗီဇဟာ
အဲဒီလူငယ်လေးရဲ့ ကိုယ်တွင်းမှာ ရှိနေတယ်လေ….။
+ လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးတာပါ….
ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုပါဘူး….
ဒါပေမယ်………………..
ကိုယ်ရေးတဲ့သမိုင်းလူအဖတ်ခံရဲဖို့လိုတယ်…။
+ မိဘတွေဟာ သူတို့ရဲ့အိပ်မက်တွေကို
သားသမီးတွေထဲဆက်သွင်းပြီး အကောင်အထည်ဖေါ်စေချင်ကြတယ်..
မိဘရဲ့ အိပ်မက်တွေကိုဆက်မက်တဲ့သားသမီးက သားသမီးအလိမ္မာပေါ့..
ကိုယ့်အိပ်မက်ကိုယ်မက်ချင်တဲ့ သားသမီးကတော့…………….
==အဲဒါဆိုရင်….
လူတယောက်ရဲ့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်၊
ကိုယ်ပိုင်စွမ်းရည်ကို ထိန်းချုပ်ထားသလိုဖြစ်မနေဘူးလား..။
တခုတော့ရှိတယ်…
ဘယ်မိဘမှ ကိုယ့်သားသမီးကိုအိပ်မက်ဆိုးမမက်စေပါဘူး……။
+ ဘ၀ဆိုတာ ဒုက္ခတွေရှိနေမှ လှမှာပါ..
ဘ၀လမ်းကဖြောင့်ဖြူးလွန်းရင် အကွေ့တခုခုမှာ အထိနာမှာပေါ့
အမှန်တော့ ဒုက္ခဆိုတာ စွမ်းရည်သွေးတဲ့ ကျောက်စက်လေး တခုပေါ့…..။
+ ကောင်းကင်ကိုမော့ကြည့်လိုက်ပါ..
ဒါပေမယ့် ခြေထောက်နဲ့မြေကြီးမလွတ်စေနဲ့ပေါ့……….။
+ ကိုယ့်အမှားကို မှားပါတယ်လို့လက်ခံပြီး
ပြင်ရဲတဲ့ သတ္တိ ဟာတော်တော်ကိုကြီးမားပါတယ်………။
+ အခက်အခဲနဲ့တွေ့တဲ့အခါ
ကံဆိုးလေခြင်းလို့မတွေးပါနဲ့
ဘာသင်ခန်းစာယူရမလဲလို့တွေးကြည့်ပါ………။
+ လက်ရှိ အတွးအခေါ်နဲ့ လုပ်ကိုင်ပုံကိုမပြင်ပဲ
ဒီအလုပ်ကိုပဲဆက်လုပ်နေမယ်ဆိုရင်တော့………
နောက်တခါလည်း ဒီအမှားပဲထပ်တွေ့မှာပေါ့…..။
+ လမ်းမှားနေတဲ့သူဟာ
မြန်မြန်သွားလေပန်းတိုင်နဲ့ဝေးလေပါပဲ..။
+ လောကကြီးက
အောင်မြင်မှုကို အခက်အခဲတွေကြားမှာ ၀ှက်ထားပြီး
ဒုက္ခတွေကို အစောင့်ထားတယ်…..။
+ အခုတိုက်နေတဲ့လေကြောင်းကို
မင်း ဘယ်လိုမှမပြောင်းနိုင်ဘူး…..ဒါပေမယ့်
မင်းရဲ့ ရွက်အနေအထားကိုတော့ ပြောင်းလို့ရပါတယ်..။
+ မဖြစ်နိုင်ဘူးဆိုပြီး မလုပ်ပဲနေရင်
မဖြစ်ဖို့သေချာပါတယ်………။
+ အမှားတခုလုပ်မိလို့
အဲဒီအမှားထဲက သင်ခန်းစာမယူမိရင်
နောက်ထပ်အမှားတခုကို ထပ်ကျူးလွန်တာနဲ့တူတူပါပဲ….။
+ အမှားနှစ်ခုပေါင်း ရင်အမှန်တခုဖြစ်မလာနိုင်ဘူး..
သူမှားလို့ပါဆိုပြီး ကိုယ်လဲလိုက်မှားပိုင်ခွင့်ရှိတယ်လို့သဘောထားလို့မရဘူး……..။
+ အခက်အခဲတခု…………
စတွေ့တဲ့အခါမှာ စိတ်ညစ်မယ်.
ဖြတ်သန်းတဲ့အချိန်မှာ ရင်ခုန်မယ်၊မောပန်းမယ်…
အောင်မြင်တဲ့အချိန်မှာ ကျေနပ်မယ်၊ဂုဏ်ယူမယ်..
နောင်တချိန် အဲဒီအခက်အခဲကို အားပါးတရပြန်ပြောလိမ့်မယ်……….။
+ မမှားသောရှေ့နေ၊မသေသောဆေးသမားမရှိတဲ့
ဒါပေမယ့် အဲဒါဟာဖြေသိမ့်စရာဖြစ်တယ်…
လက်ကိုင်ထားစရာမဟုတ်ဘူး……………..။
Posted by ပေါက်ပေါက်ဆုပ် at 10:40 PM 2 comments
Labels: ဒဿနလေးများ
Wednesday, May 30, 2007
အမိန့် ဆိုတာ
တစ်နှစ် ၀ါခေါင်လဦးက မကြုံဖူးအောင် ချောင်းဖျားဖက်မှာမိုးကောင်းတာလှကြောင့် တောင်ရေတွေ
လှိမ့်ဆင်းပြီး သံလွင်မြစ်ရေဟာ ကြည့်နေရင်း တိုးတိုးလာပြီး ဘားအံမြို့ နယ်တစ်ဝိုက်က စိုက်ပြီးစ လယ်ဧက
အမြောက်အမြားဟာ ရေအောက်ကိုရောက်ကုန်တယ် ။
မိုးက နေ့ ရောညပါ မစဲအောင် ဆက်ပြီးရွာနေတုန်းမို့  ရေဟာဒါလောက်နဲ့ မပြီးပဲ ထပ်တိုးဦးမယ့် အလား
အလာတွေ အများကြီးရှိသေးတယ်လို့ လယ်သမားတွေက မျှော်လင့်ထားကြတယ် ။
ဒီအချိန်မှာ လယ်စိုက်ရှင် အရာရှိကြီးတွေက ဘယ်နယ်က စပါးဘယ်လောက်ပျက်မယ် ၊ ရေကျသွားရင်
မိုးစပါး ဘယ်လောက်ထုပ်ပေးရမယ် ဆိုတာတွေကို တွက်ချက်နိုင်ဖို့  မအားမလပ်နိုင်အောင် ခရီးထွက်
"ကွင်းဆင်း" နေကြရတယ် ။
ခုလို အချိန်နဲ့ လုပြီး မအားမလပ်အောင် အလုပ်လုပ်နေကြတုန်း ရုံးအမှုထမ်းတွေနဲ့ ဝန်ထမ်းတွေကို
အလုပ်တွင်တွင်လုပ်ကြဖို့  အတွက် ဌာနဆိုင်ရာ အရာရှိက အမိန့် တစ်ခုထုတ်တယ် ။
ရုံးအမှုထမ်းတွေနဲ့  အလုပ်သမားတွေ ခွင့်မတိုင်ပဲ အလုပ်မပျက်ရ ။ ခွင့်တိုင်တဲ့အခါမှာလည်း အိမ်ကနေ
စာရေးပြီး မတိုင်ကြဘဲ လူကိုယ်တိုင်ရုံးကိုလာပြီး ခွင့်စာတင်ကြဖို့ ။ ခွင့်မတိုင်ပဲ ခွင့်မရပဲ အလုပ်ကပျက်ကွက်
ရင် အရေးယူခံရမယ်ဆိုတဲ့ အရေးပေါ်အမိန့် ကို ထုတ်တယ် ။
အမိန့် ထုတ်ပြီး နောက်နေ့ မှာ အမိန့် ထုတ်တဲ့ အရာရှိကြီး ရဲ့ ကားမောင်းသမား မောင်မြိုင်ဟာ ပေါ်မလာတော့
ဖူး ။ဘာအခွင့်မှလည်းမတင်ဖူး ။
မိုးလေတွေကလဲ သည်းသည်းမည်းမည်းထန်နေတယ် ။ အရာရှိဟာ မိုးထဲ လေထဲ အရေးကြီးတဲ့ သွားစရာ
လာစရာတွေများနေတဲ့ အချိန်မှာ ကားမောင်းသမားက သူ့ ကိုအခွင့်မတိုင် အလုပ်မဆင်းတာကို အင်မတန်
ဒေါသဖြစ်နေတယ် ။ အဲဒီလိုတွေဖြစ်လာမှာစိုးလို့  ကြိုတင်ပြီး အမိန့် ထုတ်ထားတာကို ဂရုမစိုက်လို့ 
မောင်မြိုင်ကို ဒေါသထွက်လို့ မဆုံးဖူး ။ သူ့ ကားလေးသူမောင်းပြီး မကြည်မသာနဲ့  ရေမြုပ်နေတဲ့ ရွာလေးတွေ
ဆီ အရောက်သွားလာခဲ့ရပြီး စာရင်းတွေ ၊ ဇယားတွေ စုံတော့ တခြားဌာနဆိုင်ရာ လူကြီးတွေ ကို ဖိတ်ပြီး
ရေမြုပ်လယ်ယာတွေ အကြောင်းဆွေးနွေးတယ် ။ စာရင်းဇယားတွေတင်ပြတယ် ။ မျိုးဇယားတွေ ထုတ်ပေး
ဖို့  ညှိနှိုင်းကြတယ် ။
အဲဒီအချိန်မှာ မောင်မြိုင်က ရုံးခန်းထဲဝင်လာပြီးတော့ သူ့ အရာရှိရှေ့ဝင်ရပ်လိုက်တယ် ။ ပြီးတော့
" ဆရာ ကျွန်တော် အလုပ်ပြန်ဝင်ပါပြီ ဘာခိုင်းစရာရှိပါသလဲ " လို့  ရိုရိုသေသေနဲ့ မေးလိုက်တယ် ။
မောင်မြိုင်အသံလဲကြားရော သူ့ ဆရာက သူ့ ကို မျက်မှန်ပေါ်ကကျော်ကြည့်ပြီး " မင်းဟာ ခလောက်နို့ သား
ပီပီ ရှိသမျှ စည်းကမ်းတွေကို ဖျက်ဆီးနေတဲ့ကောင် ၊ ငါက အရေးကြီးတဲ့ အချိန်မို့ လို့  ခွင့်မတိုင်ပဲ အလုပ်မပျက် ရဖူး လို့  အမိန့် ထုတ်ထားတာကို မင်းကသွားချင်ရာသွားပြီး လုပ်ချင်ရာလျှောက်လုပ်နေတယ်
အမိန့် နဲ့ စည်းကမ်း ဥပဒေဆိုတာကို လိုက်နာရကောင်းမှန်း သိရဲ့လား မင်းဘာဆင်ခြေပေးဦးမလဲ " လို့ တခြား
လူကြီးတွေရှိပေမယ့် မအောင့်နိုင်တော့ဘဲ စိတ်ဆိုးမာန်ဆိုးနဲ့ မေးလိုက်တယ် ။
ဒီတင် မောင်မြိုင်က ကျောင်းသားလေးတစ်ယောက်လို လက်ပိုက်ပြီးတော့ သူ့ အရာရှိကို " ဆရာ အမိန့် ဆို တာ နားထောင်တဲ့လူရှိမှ အတည်ဖြစ်တာပါ ဆရာ " လို့ အေးအေးဆေးဆေးပြန်ပြောလိုက်တယ် ။
မောင်မြိုင်ရဲ့စကားသံဆုံးတော့ ရုံးခန်းထဲမှာ အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားတယ် ။ နောက်
မှ အမိန့် ထုတ်ထားတဲ့ အရာရှိကြီးရဲ့ ဆဲသံ ၊ ပြီးတော့ အားရပါးရ ရယ်သံတွေ ၊ နောက် ဗလုံးဗထွေး ပြောဆို
ကြတဲ့ အသံဗလံတွေနဲ့  ဆူဆူညံညံ အသံတွေ အခန်းထဲကထွက်လာတယ် ။
ဒီအချိန်မှာ မောင်မြိုင် ကတော့ သူ့ ဆရာ ကားထဲရောက်နှင့်နေပြီ ။
Posted by ပေါက်ပေါက်ဆုပ် at 12:41 AM 1 comments
Labels: ခလောက်နို့ ပုံပြင်